အခန်း (၉၉)
Vol. 7 Ch. 99
လန်ရွမ်းယုသည် ရေခဲတုံးကို အားကုန်ပစ်လွှတ်လိုက်လေသည်။ ရေခဲတုံးသည် ချော်ရည်ခွေး၏ဦးခေါင်းခွံအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ပြီးသွားပြီ!
ဆယ်နှစ်သားချော်ရည်ခွေးအနည်းငယ်သာကျန်တော့လေသည်။
ထိုအချိန်တွင် ထူးဆန်းသော အရာတစ်ခုဖြစ်ပျက်သွားလေသည်။ ရွှေရောင်နှင့် ငွေရောင် ငွေပြာမြက်များသည် လက်နှစ်ဖက်လုံးမှ ထွက်လာလေသည်။ ထို့နောက် ငွေပြာမြက်များ အပြန်အလှန်ရစ်ပတ်ကာ ဆက်သွယ်သွားလေသည်။ အလင်းတန်းတစ်ခုလည်းတောက်ပလာလေသည်။
သက်တံရောင်ဝိညာဥ်ကွင်း!
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် ဝိညာဉ်ကွင်းနှစ်ကွင်း ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ထိုဝိညာဥ်ကွင်းနှစ်ကွင်းမှာ အချင်းချင်းပေါင်းစပ်သွားကာ သက်တံရောင်ဝိညာဥ်ကွင်းတစ်ကွင်းပေါ်လာလေသည်။
ထို့နောက် ထိုဝိညာဥ်ကွင်းမှာ ခန္တာကိုယ်ကိုလှည့်ပတ်နေလေသည်။
ထို့နောက်....
“ဗွမ်း.....”
ကြီးမားလှသော စွမ်းအင်လှိုင်းလုံးကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ လန်ရွမ်းယု ၏စိတ်လည်း လုံးဝကွယ်ပျောက်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ထိုစွမ်းအားပေါက်ကွဲမှု၏ အလယ်ဗဟိုတွင်ရှိနေလေသည်။
ပေါက်ကွဲသံနှင့်အတူ ကျန်ရှိသော ချော်ရည်ခွေး အကောင် 30 လုံး ပေါက်ကွဲသွားလေသည်။
သက်တံအလင်းလုံးသည် အချင်း ၁၀ မီတာအထိ ကျယ်ပြန့်လာသည်။ ထို့နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
………..
လေ့ကျင့်ရေးကွင်းမှ ထွက်လာသောအခါ လန်ရွမ်းယု စိတ်ရှုပ်နေတုန်းပင်ဖြစ်သည်။
ငါဘာဖြစ်သွားတာလဲ?
သူသည် လေ့ကျင့်မှုအောင်မြင်ကြောင်း သက်သေခံသည့် ဝိညာဉ်ဒင်္ဂါးပြားကို ကြည့်လိုက်သည်။
ဘာတွေဖြစ်သွားတာလဲ?
အဲ့သက်တံ့အလင်းက ဘာလဲ.........
သူ့ခန္ဓာကိုယ်တွင် ပြောင်းလဲမှုတွေ ရှိမရှိ အမြန်စစ်ဆေးလိုက်သည်။
ငါ့ဝိညာဉ်စွမ်းအားက အနည်းငယ် အားနည်းသွားသလိုပဲ....
ငါ့ဝိညာဉ်စွမ်းအား...
လန်ရွမ်းယွီသည် သူ၏ ဝိညာဉ်စွမ်းအား ပမာဏ သိသိသာသာ ကျဆင်းသွားသည်ကို ရိပ်မိသောကြောင့် မျက်လုံးများပြူးသွားသည်။
ထို့နောက်ချက်ခြင်းပင် သူ့အဆောင်သို့ ပြန်လာခဲ့သည်။ ချန်းလိန် နှင့် လျိုဖိန်တို့ကတော့ အတန်းမဆင်းသေးပေ။
လန်ရွမ်းယုသည် ဝိညာဉ်စွမ်းအားစမ်းသပ်ကိရိယာကို ချက်ချင်းယူလိုက်သည်။
ဝိညာဉ်စွမ်းအားစမ်းသပ်ကိရိယာသည် အဆင့် 30 အထိစမ်းသပ်နိုင်ပြီး အဆောင်တိုင်းတွင် တစ်ခုစီရှိကြသည်။
ထို့နောက် စမ်းသပ်လိုက်ရာ.....
ဝိညာဉ်စွမ်းအား..... အဆင့် 13....
နံပါတ်ကိုမြင်တော့ ရွမ်းယု လန့်သွားလေသည်။
အဆင့် 13? အဆင့် 13 ကို ဘယ်လိုပြန်ရောက်သွားတာလဲ..... အဆင့် 14 ရအောင်မနည်းလုပ်ထားရတာ..... တိုးမယ့်အစား ဘာကြောင့် ပြန်ကျသွားတာလဲ......
ဒါက တကယ်ကို...
ဘယ်လိုဖြစ်တာလဲ.... ငါ့အဆင့် ကျသွားပြီ။
ငါငိုချင်တယ်!
10 မိနစ်ကျော်ကြာပြီးနောက်၊ သူသည် ဝိညာဉ်စွမ်းအားစမ်းသပ်မှုကိရိယာအား နှစ်ကြိမ်ထပ်မံသုံးကာစစ်ဆေးပြီး သူ့တွင် အဆင့် 13 ဝိညာဉ်စွမ်းအားသာရှိတော့ ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဘယ်လိုဖြစ်တာလဲ.....
သက်တံဝိညာဥ်ကွင်းသည် အဆင့်ကျဆင်းခြင်းနှင့်သိပ်ဆိုင်တာလာ.....
ရွှေရောင်ငွေမြက်နှင့် ငွေရောင်ငွေမြက်တို့ပေါင်းစပ်သွား သောအခါ၊ ၎င်းသည် သူ့ရဲ့ ဝိညာဉ်စွမ်းအား အဆင့်ကို ကျဆင်းသွားစေခဲ့သည်။
ဒီလိုမျိုး တစ်ခါမှ မကြားဖူးပေ.....
ဒါပေမယ့် ငါဘယ်သူကိုမေးရမလဲ.....
ဆရာတွေကော သိနိုင်ရဲ့လား....
ဆရာမ နာ့နာ့! မှန်တယ်၊ ဆရာမ နာ့နာ့ ကို
မေးရမယ်.....
ရွမ်းယုသည် သူ၏နောက်ဆုံးအသက်ကယ်မြက်ခြောက်ကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ အသက်ရှုချောင်သွားလေသည်။
အနည်းဆုံးတော့ ဆရာမနာ့နာ့နဲ့ အချိန်မရွေးဆက်သွယ်နိုင်လေသည်။
လန်ရွမ်းယုမသိလိုက်သည်မှာ သူ့ရဲ့ဝိညာဥ်စွမ်းအားအဆင့်ကျဆင်းသွားသော်လည်း ဝိညာဉ်စွမ်းအား၏ ပြင်းအားမှာပိုတိုးလာကြောင်းပင်ဖြစ်သည်။
Endend…..