အခန်း (၁၀၀)
Vol. 7 Ch. 100
ငါဘာလုပ်သင့်လဲ?
ချန်းလိန်နဲ့ လျိုဖိန်းတို့ကိုပြောမလား....
မဖြစ်သေးပေ။ ဤအရာသည် သူ့ရဲ့လျှိုဝှက်ချက်ဖြစ်လာနိုင်လေသည်။
ရွမ်းယုသည် အကြံကောင်းတစ်ခုကို တွေးလိုက်မိသည်။ ထို့နောက် စာတစ်စောင်ကိုရေးလိုက်လေသည်။ တုံချင်းဂူကိုလည်း သူမယုံချင်ပေ။ ထို့ကြောင့် ဆရာမနာ့နာ့စီစာရေးပေးရန်စိတ်ကူးလိုက်လေသည်။
နေ့လည်စာစားချိန်.......
လန်ရွမ်းယု ဝိညာဉ်စွမ်းအားအဆင့်ကျသွားသော်လည်း အစားအစာစားသည့် ပမာဏက မပြောင်းလဲပေ။
နေ့လည်စာစားချိန်ထိ ချန်းလိန်နှင့် လျိုဖိန်တို့အတန်းမဆင်းရသေးပေ။
ဆရာကျီ ရဲ့ အတန်းက တကယ်ကို မလွယ်ခဲ့ပေ။
လန်ရွမ်းယု သည် သူ၏ ဝိညာဉ်စွမ်းအား အဆင့်ကျဆင်းသွားသည်ဟူသောအချက်ကို ဖုံးကွယ်ထားသည်။ အဆင့် 14 မှ 13 အထိ ကျဆင်းသွားသည်မှာ သိသာထင်ရှားလှသည်မဟုတ်ပေ။ အချိန်ရတိုင်း တရားထိုင်ပြီး သူ၏ ဝိညာဥ်စွမ်းအား ကို ပြန်လည်ရယူရန် ကြိုးစားသည်။
ထိုညတွင် သူသည် ချန်းလိန်အတူ တုံချင်းဂူအား ဆင့်ခေါ်ခဲ့သည်။ ထို့နောက် နာ့နာ့စီသို့စာတစ်စောင်ထည့်ပေးလိုက်လေသည်။ တုံချင်းဂူကလည်း စာကို ယူဆောင်သွားခဲ့သည်။
သုံးရက်ကြာပြီးနောက်.....
နာ့နာ့ ၏ အဖြေသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ အဖြေကိုမြင်သောအခါ လန်ရွမ်းယု၏ စိုးရိမ်မှုများအားလုံးသည် ချက်ချင်းရှင်းလင်းသွားပြီး အခိုးအငွေ့များကဲ့သို့ လွင့်စင်သွားခဲ့သည်။
နာ့နာ့က သူ့ရဲ့အခြေအနေဟာ ကိုယ်ပိုင်ဝိညာဥ်ပေါင်းစပ်စွမ်းရည်ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်ကြောင်းပြောပြခဲ့သည်။
အဆင့် 10 ကျော်ဖြင့် ဝိညာဉ်ပေါင်းစပ်စွမ်းရည်ကိုသုံးနိုင်ခြင်းမှာ မယုံနိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။ အနာဂတ်တွင်ပိုအားကောင်းလာမည်ဖြစ်ကြောင်းလည်းပြောပြခဲ့သည်။
ထို့ကြောင့် နာ့နာ့ ၏အကြံပြုချက်မှာ ပထမဦးစွာ အဆင့် 14 သို့ မြန်ဆန်စွာပြန်ရောက်မှုရှိမရှိ ကြည့်ရန်ဖြစ်သည်။
ထို့ကြောင့် လန်ရွမ်းယုသည် ဝိညာဉ်စွမ်းအားကိုပိုမိုလေ့ကျင့်ရလေသည်။
လန်ရွမ်းယုသည် အခန်းသုံးယောက်ကြားတွင် အဓိကလူဖြစ်လာပြီး ချန်းလိန် နှင့် လျိုဖိန် တို့၏ တိုက်ပွဲစွမ်းအားများလည်း သိသိသာသာ တိုးလာခဲ့သည်။
တစ်လကျော်ကြာပြီး လန်ရွမ်းယုသည် အဆင့် 14 သို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
အထူးတန်းရှိ သင်ရိုးညွှန်းတမ်းသည် များပြားလှသည်။ မနက်ကနေ ညအထိ အတန်းအမျိုးမျိုးရှိလေသည်။ ရဲလင်းတုံကလည်း လန်ရွမ်းယုကို
ထပ်မံမရှာဖွေတော့ဘဲ ယခင်က ကိစ္စကိုလည်း မမေးခဲ့ပေ။
endend…..