အခန်း (၁၀၁)
Vol. 7 Ch. 101
ရဲလင်းတုံ နှင့် လုချန်းရွိမ်တို့ အဖွဲ့သည် အတန်းတစ်ခုလုံးတွင် ထိပ်ဆုံးဖြစ်သည်။
ယခုလအတွင်းတွင် လန်ရွမ်းယု နှင့် ချန်းလိန် တို့သည်ဖိအားများကို စတင်ခံစားလာရသည်။
အာကာသယာဉ် ပိုင်းလော့များအတွက် အခြေခံသင်တန်းများသည် အလွန်ခက်ခဲသောသင်တန်းများဖြစ်လေသည်။ ယာဥ်အမျိုးမျိုး မောင်းနှင်နိုင်ရန်သင်ကြားနေရပြီဖြစ်သည်။ လန်ရွမ်းယု သည် သူ့ရွေးချယ်မှုအတွက် အနည်းငယ်နောင်တရနေခဲ့မိသည်။ သူ့ရဲ့ အကြီးမားဆုံး ပြဿနာမှာ သူ့ရဲ့ ဝိညာဉ်စွမ်းအားဖြစ်သည်။ အာကာယဥ်သင်တန်းမှာ အချိန်များစွာပေးနေရသောကြောင့် အနည်းငယ်မတင်မကျဖြစ်မိလေသည်။
နှစ်ဝက်စာမေးပွဲသည် တစစဖြင့်ရောက်လာလေသည်။ ထို စာမေးပွဲသည် အထူးတန်း၏ အရည်အသွေးကို အကဲဖြတ်ရန်ဖြစ်သည်။ သုံးလကြာ သင်ကြားလေ့ကျင့်ပေးပြီးနောက် အထူးတန်းနှင့် မထိုက်တန်သူများကိုထုတ်တော့မည်ဖြစ်သည်။ စာမေးပွဲကို
စာတွေ့.....ကိုယ်ခန္ဓာ စမ်းသပ်မှုနှင့် အမှန်တကယ် တိုက်ပွဲလေ့ကျင့်မှုတစ်ခုဟူ၍ သုံးပိုင်း ပိုင်းခြားထားသည်။ စာမေးပွဲသည် တစ်ရက်သာ ကြာတတ်သည်။
စာတွေ့မှာ ပူစရာမလိုပေ.....ခန္ဓာကိုယ်အခြေအနေတွင် ဝိညာဥ်ရေးရာစွမ်းအာ၊ ဝိညာဥ်စွမ်းအားစသည်ဖြင့် မျိုးစုံစစ်ဆေးလေသည်။
ဝိညာဉ်ရေးရာစွမ်းအားစမ်းသပ်ရာတွင် လန်ရွမ်းယုသည် အမှတ် 137 တွင် ရှိနေပြီ သူ့အထက်တွင် အမှတ်150ဖြင့် ချန်းလိန်တစ်ယောက်သာရှိသည်။ အခြားလူများကတော့ အမှတ် 50 ကျော်ရုံသာဖြစ်သည်။
……..
“နောက်တစ်ယောက်....လန်ရွမ်းယု “
“ ခွန်အားစမ်းသပ်မှု စတင်မယ်။ စမ်းသပ်မှုအတွင်းမှာ ဝိညာဉ်စွမ်းအားသုံးခွင့်မရှိဘူး... ခန္ဓာကိုယ်ရဲ့ ခွန်အားသက်သက်ကိုပဲအသုံးချနိုင်တယ်။ နောက်ပိုင်း မြန်နှုန်းစမ်းသပ်မှုမှာလည်း အလားတူပဲ”
“နားလည်ပါပြီ”
“ပြင်ဆင်ပါ” ဆရာကပြောလေသည်။
“နံရံနှစ်ခုက တဖြည်းဖြည်းပိတ်လာလိမ့်မယ်၊ မင်းလုပ်ရမှာက အဲဒါတွေကို မပိတ်အောင် တားထားဖို့ပဲ။ တတ်နိုင်သမျှကြာအောင် ထိန်းထားပါ” ဆရာက လန်ရွမ်းယု အား ပြောလေသည်။
နံရံများသည် သတ္တုဖြင့်ပြုလုပ်ထားပြီး စမ်းသပ်မှုစတင်သောအခါ ဖြည်းဖြည်းချင်းပိတ်လာမည်ဖြစ်သည်။ တတ်နိုင်သမျှ ကြာကြာထိန်းထားရမည်ဖြစ်သည်။
ချန်းလိန် သည် လန်ရွမ်းယု မတိုင်မီထိုစာမေးပွဲကိုဖြေခဲ့ရပြီး စမ်းသပ်မှုရလဒ်မှာ ၁၇ စက္ကန့်သာဖြစ်သည်...
လုချန်းရွိမ်ရဲ့ စမ်းသပ်မှုရလဒ်ကတော့
၂ မိနစ်နဲ့ ၃၂ စက္ကန့် ဖြစ်သည်။
ထိတ်လန့်စရာကောင်းတာက ရဲလင်းတုံဖြစ်သည်။ သူမသည် ကလေးမလေးဖြစ်သော်လည်း ၁ မိနစ်နှင့် ၁၇ စက္ကန့်ကြာအောင် ထိန်းထားကာ မိန်းကလေးအားလုံးရဲ့ထိပ်တွင်ရပ်တည်ခဲ့သည်။
လန်ရွမ်းယုသည် လက်နှစ်ဖက်ကို ဖြန့်ကာ နံရံပေါ်သို့ ဖိလိုက်သည်။
“စ!”
သတ္တုနံရံများ ဖြည်းညှင်းစွာ ပိတ်လာပြီး စမ်းသပ်မှုကို စတင်ခဲ့သည်။
လန်ရွမ်းယုသည် သတ္တုနံရံများမှ ဖိအားကို ချက်ချင်းခံစားလိုက်ရသည်။
ဖိအားများမှာ တဖြည်းဖြည်း တိုးလာပြီး သူ့လက်နှစ်ဖက်စလုံးကလည်ယ သတ္တုနံရံများကို တစ်လက်မမျှ မရွေ့စေရန် သူ့ခွန်အားကို စတင်အသုံးပြုလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဖိအားများ ပြင်းထန်လာသည်။ လန်ရွမ်းယုခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်နေလေသည်။ ၎င်းသည် သူ၏ ဝိညာဉ်စွမ်းအားမှမဟုတ်ဘဲ သူ၏အရိုးများရှိ ခွန်အားဖြစ်သည်။ သူ့သွေးများ ပွက်ပွက်ဆူလာသောအခါ လန်ရွမ်းယု စိတ်လှုပ်ရှားစပြုလာသည်။
ဆရာမကလည်း ခေါင်းညိတ်လိုက်သည်။
တစ်မိနစ်ခွဲကျော်နေပြီဖြစ်သည်။ထို့အပြင်ကျောင်းသားမှတ်ပုံတင်မှတ်တမ်းတွင် လန်ရွမ်းယုသည် ထိန်းချုပ်ဝိညာဥ်မာစတာဖြစ်သည်။ သို့သော် ယခုပြနေသောခွန်အားကတော့....
နှစ်မိနစ်......
စာမေးပွဲဖြေပြီးသား ကျောင်းသားများထဲတွင် လုချန်းရွိမ်သာ ရွမ်းယုထိပ်တွင်ရှိလေသည်။
သ်ို့သော်....
Endend…