← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

ဆရာက နောက်ကျောင်းသားတစ်ဦးကို ခေါ်ရန်လုပ်နေတုန်းမှာပင် ထိတ်လန့်စရာတစ်ခု ဖြစ်သွားခဲ့သည်။ လန်ရွမ်းယုထံမှ ရွှေရောင်အလင်းများတောက်ပလာကာ........

“ဗွမ်း.....”

သတ္တုနံရံများသည် မူလအနေအထားအတိုင်း ပြန်ရောက်သွားလေသည်။ ရွမ်းယုသည် နံရံများကိုတွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ဒါ…...

သတ္တုနံရံတွေရဲ့ တွန်းအားက အမြဲမပြတ် တိုးလာနေပြီး နံရံများကို နောက် ပြန်တွန်းထုတ်ဖို့ဆိုတာ အလွန်ရှားပါးကာ မဖြစ်နိုင်သောအရာဖြစ်သည်။

“နှစ်မိနစ်နဲ့ နံရံတွေကိုပြန်တွန်းထုတ်လိုက်တယ်!”

လန်ရွမ်းယုထုတ်ပြခဲ့သောခွန်အားမှာ အနည်းငယ်ကြောက်စရာကောင်းလှသည်။

ရွမ်းယု၏နဖူးတွင် ချွေးများထွက်နေခဲ့သည်။တစ်ကိုယ်လုံး တုန်ခါနေသော်လည်း မျက်လုံးများက ပိုမိုတောက်ပလာသည်။

အလွန်ကျေနပ်အားရစွာနဲ့ တာဝန်ခံဆရာက

“မဆိုးဘူး မင်း တော်တယ် “

“ ကျေးဇူးပါ ဆရာ” လန်ရွမ်းယု ရိုသေစွာ ဦးညွှတ်လိုက်သည်။

ရမှတ်ဆယ်မှတ်နဲ့ ကြယ်တစ်ပွင့်.....

ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွင် စာမေးပွဲ တစ်ခုစီအတွက် အမြင့်ဆုံးရမှတ်မှာ ဆယ်မှတ်ဖြစ်သော်လည်း ကြယ်တစ်ပွင့်က ဘာကိုဆိုလိုတာလဲ.......

ဤကြယ်အမှတ်အသားသည် စာမေးပွဲတွင် ထူးချွန်မှုကို ဆရာတစ်ဦးမှ အသိအမှတ်ပြုခံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရမှတ်များတွင် ထည့်သွင်းမည်မဟုတ်သော်လည်း၊ ဤကြယ်ပွင့်သည် ပထမနှစ်ဝက်တွင် ထိုကျောင်းသားမှာ ကျောင်းထုတ်ခံရမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

အမြန်နှုန်းစမ်းသပ်မှုအပြီးတွင် လန်ရွမ်းယုသည် ခုနစ်မှတ်သာ ရခဲ့သည်။

ဝိညာဉ်စွမ်းအား စမ်းသပ်မှုမှာ အဆိုးဆုံးဖြစ်သည်။ လေးမှတ်သာ ရခဲ့သည်။

ကံကောင်းစွာဖြင့်...သူသည် နောက်ထပ်ဆယ်မှတ်နှင့် ကြယ်တစ်ပွင့်ကို ဝိညာဉ်ရေးရာစွမ်းအားစမ်းသပ်မှုမှရရှိခဲ့သည်။ ထိုအတူ ချန်းလိန်သည်လည်း ဝိညာဥ်ရေးရာစွမ်းအားတွင် ဆယ်မှတ်နှင့် ကြယ်တစ်ပွင့်ရရှိခဲ့သည်။

အထူးဆန်းဆုံးမှာသူတို့နှစ်ယောက်တင်မကဘဲ လျိုဖိန်ကလည်း အမှတ်ပြည့်နှင့်ကြယ်တစ်ပွင့်ရခဲ့လေသည်။ လျိုဖိန်သည် အမြန်နှုန်းစစ်ဆေးမှုတွင် ကြယ်တစ်ပွင့် ရရှိခဲ့လေသည်။

“ကာယကြံ့ခိုင်မှု စမ်းသပ်မှု.....

လုချန်းရွိမ် စုစုပေါင်းအမှတ် ၃၈.၅ မှတ်နဲ့ ကြယ်တစ်ပွင့်”

မုကျုံးထျန် သည် စာမေးပွဲပြီးဆုံးပြီးနောက် နေ့လည်ပိုင်းတွင် စုစုပေါင်းအမှတ်များကို စတင်ကြေညာခဲ့သည်။ အတန်းမော်နီတာအနေဖြင့် လုချန်းရွိမ် သည် သံသယရှိစရာမလိုဘဲ အကောင်းဆုံးရလဒ်များကို ရရှိခဲ့သည်။

“လန်ရွမ်းယု စုစုပေါင်းရမှတ် ၃၁.၅ မှတ်နဲ့ ကြယ်နှစ်ပွင့်”

ထို့အပြင်…

“လန်ရွမ်းယု ဟာ ကြယ် နှစ်ခုကို ရရှိတဲ့ တစ်ဦးတည်းသော ကျောင်းသားလည်း ဖြစ်တယ်”

မုကျုံးထျန်သည် ထိူအချက်ကိုထပ်ဆောင်းပြောခဲ့လေသည်။

“လျိုဖိန် အမှတ် 26.5 မှတ်နဲ့ ကြယ်တစ်ပွင့်”

“ချန်းလိန် အမှတ် 25 မှတ်နဲ့ ကြယ်တစ်ပွင့်”

အခန်း ၃၃၃ ရှိ ကျောင်းသား သုံးဦးစလုံး၏ စုစုပေါင်းရမှတ်သည် အတန်းထဲတွင် အနိမ့်ဆုံးဖြစ်သည်မှာ သေချာသည်။

သို့သော် မုကျုံးထျန် ၏နောက်ထပ်စကားကြောင့် လူအားလုံး အံ့သြသွားကြသည်။

“ဒီစာမေးပွဲမှာ ကြယ်အများဆုံးရထားတာက အခန်း 333 ဖြစ်ပါတယ်။ သူတို့ကို ဂုဏ်ပြုကြစို့။ အကယ်ဒမီက သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ ကြယ်ပွင့်အများဆုံးရှိတဲ့အဖွဲ့ဟာ နှစ်ဝက်မှာကျောင်းထုတ်ခံရမှာ မဟုတ်ဘူး”

ထိုအခိုက်တွင် ကျောင်းသားအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

တခြားကျောင်းသားများအတွက် ထိုအရာမှ သတင်းကောင်း မဟုတ်ဘူးပေ။

စာသင်ချိန်အစတွင် အကယ်ဒမီမှပြောခဲ့သောစကားအရ စာသင်နှစ်ဝက်တိုင်းတွင် အညံ့ဆုံးကျောင်းသားများကို ထုတ်ပစ်ကာ ရိုးရိုးတန်းသို့ပို့မည်ဖြစ်သည်။ ယခုနှစ်ဝက်တွင် ဖယ်ရှားခံရနိုင်ခြေ အမြင့်မားဆုံးအုပ်စုမှာ လျိုဖိန် နှင့် ချန်းလိန် တို့၏အဖွဲ့ဖြစ်ကြောင်း လူတိုင်းက ထင်မြင်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် အညံ့ဆုံးအုပ်စုတွင် ကြယ်လေးပွင့် ရှိပြီး ဖယ်ရှားခံရတော့မည်မဟုတ်တော့ပေ။ ဆိုလိုသည်မှာ အခြားကျောင်းသားများအထုတ်ခံရတော့မည်ဖြစ်သည်။

“ဆရာမ....ဒါက မတရားဘူး။သူတို့အုပ်စုရဲ့စုစုပေါင်းအမှတ်က အတန်းထဲမှာအနိမ့်ဆုံးပဲ ” ကျင်းရှန်းက မဆိုင်းမတွ ကန့်ကွက်လေသည်။

မုကျုံးထျန် က

“ဒါက အကယ်ဒမီရဲ့ ဆုံးဖြတ်ချက်ပဲ၊ မင်းအတွက်အဆင်မပြေရင် ကျောင်းအုပ်ကိုသွားပြောလေ။ အခု အတန်းပြီးပြီ အနားယူပါ...ညနေ တိုက်ခိုက်ရေးစာမေးပွဲ စမယ်”

ထို့နောက် ဆရာမမုသ လှည့်၍ထွက်သွားလေ သည်။

ချက်ချင်းပင် အတန်းထဲတွင် ဆူညံမှုများစတင်တော့သည်သည်။

“ငါတို့ ကျောင်းထုတ်မခံရတော့ဘူး! ဟားဟား!” ချန်းလိန် မနေနိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“တစ်ခုခု သွားစားရအောင်” လန်ရွမ်းယုကတော့ စားဖို့သာတွေးနေလေသည်။

ကန်တင်း......

“ငါတို့ ညနေကျရင် ငါတို့ ဘယ်လောက်ကြောက်စရာကောင်းလဲ သူတို့သိအောင်ပြကြမယ်....

ရွမ်းယု အဲဒါ မင်းအပေါ်မှာမူတည်တယ်နော်”

လျိုဖိန်က ပြောလေသည်။

“အင်း” ရွမ်းယုကတော့ ထိုမျှသာ စားစရာရှိတာဆက်စားနေလေသည်။

Endend……

All Chapters