← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

“မင်းတို့ငါ့ကို အရင်စားခွင့်ပေးပါဦး! ငါ ဗိုက်မပြည့်ရင် ငါ ဘယ်လိုတိုက်ရမှာလဲ” ရွမ်းယုက စကားများနေသော သငယ်ချင်းနှစ်ကောင်ကိုကြည့်ကာပြောလိုက်လေသည်။ ထိုအခါမှ

“ဟုတ်တယ်... ဟုတ်တယ်...မင်း ဗိုက်ပြည့်နေဖို့အရေးကြီးတယ်.... များများစား...များများစား....”

ထိုအချိန်တွင် ရဲလင်းတုံ သည် ကန်တင်းထဲသို့ ၀င်လာသည် ။ ထို့နောက် လန်ရွမ်းယုကိုမြင်သောအခါ အနားကိုလျှောက်လာပြီး....

“လန်ရွမ်းယု”

လန်ရွမ်းယု စားစရာများပြည့်နေသော ပါးစပ်ဖောင်းကြီးဖြင့် ရဲလင်းတုံကိုမော့ကြည့်လိုက်လေသည်။

လန်ရွမ်းယု၏ ပုံစံကို မြင်လိုက်ရသောအခါ

ရဲလင်းတုံ ရယ်မောလိုက်သည်။ ထို့နောက် မျက်နာအမူအရာပြန်တည်သွားကာ

“မင်းဘာလို့ဒီလောက်ရူးရတာလဲ”

လန်ရွမ်းယုသည် စားစရာများကို ဇွတ်မျိုချလိုက်ပြီး...

“ငါ့ကိုအရူးလို့ဘာလို့ပြောတာလဲ”

ရဲလင်းတုံ က

“ငါမင်းကိုသတိပေးဖို့လာတာ....ညနေကျရင် ပြိုင်ဘက်တွေကို မတိုက်နိုင်ရင် အရှုံးပေးလိုက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်မင်းတို့အဖွဲ့က အထုတ်ခံရမှာမဟုတ်ဘူး. ကျင်းရှန်း နဲ့ တခြားသူတွေက မင်းတို့ကို အရှက်ခွဲဖို့ နည်းလမ်းတွေ ဆွေးနွေးနေတာကို ငါကြားခဲ့တယ် “

ထိုစကားပြောပြီးနောက် သူမ လှည့်ထွက်သွားလေသည်။

“အဲဒါကို စေတနာနဲ့သတိပေးတာလား?

အဲဒါက ငတို့ကို အရှက်လာခွဲနေသလိုပဲ”

ချန်းလိန်က ေဘးမှဝင်ပြောလေသည်။

လျိုဖိန် က

“ ငါတို့ကအရှက်ကွဲမလား..ဘယ်သူကွဲမလဲဆိုတာ သေချာမသိရသေးပါဘူး”

………

ပုံရိပ်ယောင်ကမ္ဘာသို့ဝင်ရန် စမ်းသပ်ခန်း........

အထူးတန်းကျောင်းသား 30 သည် အခန်းထဲတွင်ရပ်နေကြသည်။ မုကျုံထျန်းလည်းရှိနေခဲ့သည်။ သူမရဲ့ မျက်လုံးများသည် လန်ရွမ်းယု ဆီသို့သာ ရောက်နေ ခဲ့သည်။

ပုံရိပ်ကမ္ဘာအတွင်း လန်ရွမ်းယုနှင့်အဖြစ်အပျက်သည် သူ့အတွက် နာကျင်စရာသင်ခန်းစာတစ်ခုဖြစ်သည်။ လန်ရွမ်းယု အပြည့်အဝ ပြန်လည်ကောင်းမွန်လာမှုကြောင့်သာ မဟုတ်ပါက၊ ၎င်းသည် သူမ၏ တစ်သက်တာလုံး တည်ရှိနေမည့် အရိပ်တစ်ခု ချန်ထားခဲ့မည်ဖြစ်သည်။

ထို့ကြောင့် စာမေးပွဲမစတင်မီ သူနှင့် ဆရာများသည် စာမေးပွဲကွင်းကို အကြိမ်ရေများစွာ စေ့စေ့စပ်စပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“အခုစမ်းသပ်မှုကို မင်းတို့အားလုံး ကျော်ဖြတ်ရမယ်။ ဒါက တိုက်ပွဲ စမ်းသပ်မှုတစ်ခုပဲ။ အဖွဲ့သုံးဖွဲ့စီကို တစ်နေရာတည်းကို ပို့ဆောင်မယ်....

မင်းတို့အားလုံး တိုက်ခိုက်မှုမျိုးစုံကို ကြုံတွေ့ရလိမ့်မယ်.... မင်းတို့လုပ်ရမှာက ရှင်းပါတယ်.... အခြားအသင်းတွေကို ရှာဖွေပြီး ဖယ်ရှားပစ်ပါ။ အစောပိုင်းကတည်းက ဖယ်ထုတ်ခံရတဲ့ အသင်းတွေက အမှတ် နည်းမယ်။ ဟုတ်တယ်၊ ငါတို့တစ်ချိန်လုံးစောင့်ကြည့်နေလိမ့်မယ်။ နားလည်လား?”

“အားလုံး အဆင်သင့်ဖြစ်ရင် ဝင်မယ်”

မုကျုံးထျန်ပြောလိုက်သည်။

ဤသို့ဖြင့် လန်ရွမ်းယုတို့သည် ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သည်။

လန်ရွမ်းယုသည် လျိုဖိန် ချန်းလိန်တို့နှင့်အတူ တောတစ်ခုထဲတွင်ပေါ်လာလေသည်။

“ငါတို့ အခု ဘာလုပ်ကြမလဲ” ချန်းလိန်က စတင် မေးလိုက်သည်။

လျိုဖိန်ကလည်း ရွမ်းယုကိုကြည့်လိုက်လေသည်။ လန်ရွမ်းယုအပေါ် သူတို့၏မှီခိုအားထားမှုသည် တစ်နေ့တခြား တိုးပွားလာသည်ဟု ဆိုနိုင်သည်။

လန်ရွမ်းယုကလည်း သူတို့ကို ကြည့်ပြီး

“ငါလည်း မပြောတတ်ဘူး။ မင်းတို့ ဒီလိုမျိုး အရင်က ဝင်ဖူးလား။”

ချန်းလိန်တို့ နှစ်ယောက်သား ခေါင်းယမ်းလိုက်ကြသည်။ ထိုအခါ လန်ရွမ်းယု ခဏလောက်စဉ်းစားလိုက်ကာ

“ငါတို့အားလုံး ပုံရိပ်ယောင်ကမ္ဘာထဲမှာ ရှိနေတာဆိုတော့ ဘယ်သူနဲ့မဆို ကြုံတွေ့နိုင်တယ်။ ငါတို့အရင် နေရာတစ်ခုရှာပြီး အားအရင်ဖြည့်ရအောင်”

ထိုအချိန်

“ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊ ဒိုင်း!”

အဝေးကနေ အသံတွေ ရုတ်တရက်ထွက်လာလေသည်။

သုံးယောက်သား အသံထွက်ရာအရပ်ဆီသို့ စိုက်ကြည့်လိုက်ရာ ဧရာမအရာကြီးတစ်ခု သူတို့ဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။

“ ကြည့်ရတာ တော်တော်သန်မာပုံရတယ်! ရွမ်းယု မင်း ငါ့ကို တစ်ခုခုဆင့်ခေါ်ခိုင်းမှာလား”

ချန်းလိန် မေးလိုက်သည်။

ရွမ်းယုက “မဟုတ်ဘူး မင်းက ငါတို့ရဲ့ လျှို့ဝှက်လက်နက်ပဲ။ ဆင့်ခေါ်တာမျိုး အခု မလုပ်နဲ့ဦး... ငါအကြံတစ်ခုရှိတယ်။ အဲ့ဒီအရာကြီး ရောက်လာတာကို စောင့်မယ်.... လျိုဖိန်နဲ့ ငါ လှုပ်ရှားမယ် ။ ချန်းလိန် မင်းကနောက်မှာပဲနေ”

ထိုအရာကြီးသည် ကျောက်တုံးကြီးတစ်ခုဖြစ်ကာ တောင်စောင်းအတိုင်းလိမ့်ဆင်းလာခြင်းဖြစ်လေသည်။ ယခု လန်ရွမ်းယုတို့ရောက်နေသောနေရာကလည်း လမ်းကျဥ်းလေးဖြစ်ရာ ရှောင်ရန်နေရာမရှိပေ။ လွတ်လမ်းမရှိ......

ချန်းလိန် နောက်သို့ ဆုတ်သွားကာ လန်ရွမ်းယု နှင့် လျိုဖိန် တို့က ရှေ့မှ ရပ်နေကြသည်။

လန်ရွမ်းယုက လျိုဖိန်ကိုကြည့်ကာ

“ဖရန်ဇီ.... မင်းစမ်းကြည့်...ဇွတ်မဝင်နဲ့...”

လျိုဖိန် ခေါင်းညိတ်ပြပြီး နဂါးဖြူလှံကို ထုတ်ကာ ရှေ့သို့ ပြေး သွား လိုက်သည်။

အလွန်လျင်မြန်လွန်းသည်။ ခါးသီးတဲ့ လေ့ကျင့်မှုတွေကို နေ့စဉ် ဖြတ်သန်းရင်း သန်မာလာခဲ့ခြင်းဖြစ်သည်။

All Chapters