← Chapters

အခန်း (၁၀၄)

Vol. 7 Ch. 104

အခန်း (၁၀၄)

Vol. 7 Ch. 104

အနီးရောက်ခါမှ ထိုအရာမှာကျောက်ကြီးဖြစ်ရုံသာမက ကျောက်ရုပ်ကြီးတစ်ခုဖြစ်ကြောင်း လျိုဖိန်သိလိုက်ရသည်။ ပုဆိန်တစ်လက်ကိုလည်းကိူင်ဆောင်ထားလေသည်။ သို့သော် လျိုဖိန်သည် ထို ကျောက်ရုပ်ကြီး၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။

ကျောက်ရုပ်ကြီးသည် လျိုဖိန်ရောက်လာသည်ကိုမြင်သောအခါ ပုဆိန်ကြီးကိုမြှောက်ကာ လျိုဖိန်ကိုလွှဲခုတ်လိုက်လေသည်။ လျိုဖိန်လည်းရှောင်ရန်မတတ်နိုင်တော့ပေ။ ထို့ကြောင့် သူ့ရဲ့ နဂါးလှံဖြူဖြင့် ပုဆိန်ကိုရင်ဆိုင်လိုက်ရသည်။

“ဗွမ်း!”

ကံကောင်းစွာပင် ပုဆိန်မှာအားသိပ်မပါပေ။ ထို့ကြောင့် လျိုဖိန်သည်ပုဆိန်ကိုရင်ဆိုင်နိုင်လိုက်ရုံသာမက ကျောက်ရုပ်ကြီး၏ လက်ကိုပင်ပေါက်သွားအောင် လုပ်နိုင်ခဲ့လေသည်။ ထိုအရာမှာ လျိုဖိန်၏အမြန်နှုန်းပင်ဖြစ်သည်။

“အရူး၊ ပြန်လာတော့”

လန်ရွမ်းယုက လျိုဖိန်ကိုလှမ်းအော်လိုက်ရသည်။

လျိုဖိန်လည်း နဂါးဖြူလှံကို ကိုင်ကာ လှည့်၍ လန်ရွမ်းယု ထံသို့ ပြန်လာခဲ့သည်။

“ဒီကျောက်ရုပ်က နှေးကွေးပြီး ခံစစ်အားကောင်းပေမယ့် အချိန်သာလုံလောက်ရင် ငါ့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ အင်အားအပြည့်နဲ့ ဖြိုခွင်းနိုင်လို့ရမယ်”

လျိုဖိန်က ကျောက်ရုပ်ကြီး၏အင်အားကိုခွဲ ခြမ်းပြလေသည်။

“အင်း၊ ငါတို့ အလျင်စလို မဖြစ်ဘူး၊ နီးလာတာ စောင့်ရအောင်”

ကျောက်ရုပ်သည် ရှေ့သို့ ဆက်လက်ရွေ့လျားလာသည်။

၁၀ မီတာအကွာ

ရွမ်းယုက

“ခဏနေရင် ငါတို့ရှေ့ကို ကျောက်ရုပ်ရောက်လာရင် ငါတို့ အင်အားအပြည့်နဲ့ အဲ့ကောင်ကို ရိုက်မယ်”

ထိုသို့ပြောနေစဉ်တွင် သူသည် လျိုဖိန် ၏ပခုံးပေါ်ကို ရွှေရောင်ငွေမြက်ပင်ဖြင့် ရစ်ပတ်လိုက်သည်။

လျ်ိုဖိန်ရဲ့လက်ထဲရှိ နဂါးဖြူ လှံထဲမှ နဂါးမှာမျက်လုံးများ ပွင့်လာပြီး အလွန်အားပြင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။

လျိုဖိန်က “ငါ ဦးဆောင်မယ်”

ထို့နောက် သူသည် ယခင်ကထက်ပိုမိုအားကောင်းသော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်သွားကာ ကျောက်ရုပ်ကြီး၏ ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူ့လက်ထဲမှ နဂါးဖြူလှံဟာလည်း သမုဒ္ဒရာထဲက ခုန်ထွက်လာတဲ့ နဂါးတစ်ကောင်ကဲ့သို့ ကျောက်ရုပ်ရဲ့ပုဆိန်ကို တိုက်ခိုက်ကာ တစ်ဆက်တည်း ကျောက်ရုပ်ရဲ့ရင်ဘက်ကို ထိုးဖောက်သွားလေသည်။

ကျောက်ရုပ်ကြီး၏ ရင်ဘတ်ပေါ်တွင် အပေါက်ကြီးတစ်ခုပေါ်လာပြီး ကျောက်တုံးအပိုင်းအစများ လွင့်ပျံလာလေသည်။

တစ်ချိန်တည်းမှာပင်၊ လန်ရွမ်းယုသည် ရှေ့သို့ ပြေးသွားပြီး သူ၏ ညာလက်ဖြင့် ကျောက်ရုပ်ကြီး၏ ခေါင်းကိုထိုးချလိုက်လေသည်။ သေချာကြည့်မည်ဆိုပါက လန်ရွမ်းယု၏လက်သီးတွင်နဂါးကြေးခွံများဖုံးနေသည်ကိုတွေ့ရမည်ဖြစ်သည်။

“ဗွမ်းးးး”

တစ်ချက်...

ထို့နောက် လန်ရွမ်းယုရပ်မနေပေ။ ဆက်လက်၍ ေကျာက်ရုပ်ကြီးကိုထိုးလေသည်။ ထို့အတူ လျိုဖိန်ကလည်းရပ်မနေခဲ့ပေ။

“ဗွမ်း! ဗွမ်း! ဗွမ်း!”

ချက်ချင်းပင် ကျောက်ရုပ်ကြီးမှာ အပိုင်းပိုင်းကွဲသွားကာ ပြိုကျသွားလေသည်။

ထို့နောက် ကျောက်ရုပ်ကြီး ဇာတ်သိမ်းသွားလေသည်။

“ဒါကြီးက တကယ်လည်း မစွမ်းပါဘူး!”

ချန်းလိန်က နောက်မှနောက်ပြောင်လေသည်။

လျိုဖိန်လည်း အပျက်အစီးများပေါ်မှ ပြန်ထွက်လာလေသည်။ လန်ရွမ်းယု မှ ပံ့ပိုးပေးသော စွမ်းအား များ ပျောက်ကွယ်သွားသောအခါတွင် သူ့လက်ထဲရှိ နဂါးလှံဖြူမှ အလင်းရောင်များလည်း တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။

ထို့နောက် သူံးယောက်သား လူပြန်စုကာ

“ငါတို့ အခု ဘာလုပ်မှာလဲ”

ချန်းလိန်က စကားစလာလေသည်။

လူတိုင်းက စမ်းသပ်မှုတွင် ကိုယ့်အစွမ်းအစကို ပြသချင်ကြလေသည်။ နောက်တွင်ပုန်းမနေချင်ပေ။

လန်ရွမ်းယု ပြုံးလိုက်သည်။

“ငါတို့ ဘာမှလုပ်မှာမဟုတ်ဘူး၊ ဒီမှာပဲစောင့်နေမယ်”

ထို့နောက် ကျောက်ရုပ်အပျက်အစီးများကိုအကာအကွယ်ယူကာ သုံးယောက်သား တရားထိုင်လေသည်။

“ ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ပြီး....ဒီမှာထိုင်ပြီးစောင့်နေမယ်။ တခြားသူတွေ အချင်းချင်းတိုက်ခိုက်ပြီး ပင်ပန်းသွားတာကိုစောင့်မယ်”

ထိုအချိန်....

ဆရာရှစ်ဦးသည် ကြီးမားသော ဝိညာဥ်ဖန်သားမျက်နှာပြင်တစ်ခုကို ကြည့်ရှုနေလေသည်။

ထိုဖန်သားပြင်တွင် အသင်း 10 သင်း၏ အခြေအနေများကိုပြသနေလေသည်။

ဆရာများသည် ရံဖန်ရံခါ ခေါင်းညိတ် သို့မဟုတ် မျက်မှောင်ကြုတ်နေတတ်သည်။ ထင်ရှားသည်မှာ သူတို့အားလုံးသည် ကျောင်းသားများအပေါ် ကွဲပြားသော အမြင်များ ရှိကြသည်မှာ ထင်ရှားသည်။

မုကျုံးထျန်၏မျက်လုံးများသည် လန်ရွမ်းယုတို့အဖွဲ့ကို တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်။ ယခင်အဖြစ်အပျက်ပြောင့် အခြားကျောင်းသားများထက်စာလျှင် လန်ရွမ်းယုက သူ့အတွက်ပိုအရေးပါလာသည်။

“လျိုဖိန် ရဲ့ ထိုးစစ်ဆင်နိုင်စွမ်းတွေ…”

မုကျုံးထျန်သည် လျိုဖိန်ရဲ့ပြောင်းလဲလာမှုကိုလည်းသတိထားမိလေသည်။

Endend…..

All Chapters