အခန်း (၁၀၅)
Vol. 7 Ch. 105
ဒီကောင်သုံးကောင်က တကယ်ပါးလွန်းတယ်။ စိတ်လည်းရှည်ကြတယ်။
တစ်ချိန်တည်းမှာပင် အခြားအသင်း ကိုးသင်းသည် ပြိုင်ဘက်များနှင့် ထွက်လမ်းကို ရှာဖွေကာ သက်ဆိုင်ရာနေရာများတွင် လှုပ်ရှားနေကြသည်။ တခြားသူများကလည်း သူတို့၏ကျောက်ရုပ်ကြီး ကို အနိုင်ယူခဲ့ကြသည်။
“မဆိုးပါဘူး”
နတ်ဆိုးဘုရင် ကျီဟုန်ဘင်းနှင့်ရပ်နေသော ဒုကျောင်းအုပ်က ချီးကျူးလိုက်သည်။
ကျီဟုန်ဘင်းက
“ သိပ်တော့မကောင်းပါဘူး.... ကောင်းတဲ့အသင်းက ဒီအသင်းပဲရှိတယ်”
ထိုသို့ပြောနေစဉ်တွင် ဖန်သားပြင်တစ်ခုအား ညွှန်ပြသည်။
ဒုကျောင်းအုပ်သည် ကျီဟုန်ဘင်း ညွှန်ပြသောဖန်သားပြင်ကိုကြည့်လိုက်တော့ ကျောက်တုံးအပျက်အစီးများနောက်တွင် ထိုင်နေသော လူငယ်သုံးယောက်ကို တွေ့လိုက်ရသည်။
“အဲဒီသုံးယောက်လား? ဆရာကျီ... မင်းရဲ့ထင်မြင်ချက်ကို ငါ့ကိုပြောပါဦး... သူတို့က ဘာလို့ ကောင်းရတာလဲ”
ကျီဟုန်ဘင်း က
“သူတို့က သူတို့ရဲ့ လက်ရှိအခြေအနေနဲ့ လက်တွေ့ကျကျ အေးအေးဆေးဆေး နေနိုင်ကြတယ်။ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ဖို့ သူတို့ရဲ့ ဦးနှောက်ကို အသုံးပြုခဲ့တယ်။ သူတို့မှာ ကောင်းမွန်တဲ့ အလားအလာရှိတယ်”
“အော်? အဲ့တာဆိုရင် သူတို့ရဲ့ ရလဒ်တွေကို အဆုံးထိ စောင့်ကြည့်ကြရမှာပေါ့”
ဒုကျောင်းအုပ်က ပြုံးကာပြောလိုက်လေသည်။
ကျီဟုန်ဘင်းက ဒုကျောင်းအုပ်ကို တစ်ချက်ကြည့်လိုက်သည်။
“သူတို့က မင်းနဲ့ ခပ်ဆင်ဆင်တူတယ်လို့ မင်းမထင်ဘူးလား”
ဒုကျောင်းအုပ်က ကျီဟုန်ဘင်းကို မျက်စောင်းထိုးလိုက်ပြီး
“မင်းဘာတွေ စောင်းငေါ့နေတာလဲ”
ထိုအခါ ကျီဟုန်ဘင်းက ရီကာ
“ မင်းငယ်ငယ်တုန်းကလိုပဲ သူတို့ကလည်းတော်လို့ပြောတာပါ”
“တော်စမ်းပါ...ငါ့ကိုအပိုတွေပြောမနေနဲ့...မင်းပြောချင်တာအခြားတစ်ခုဆိုတာငါသိတယ်”
ဒုကျောင်းအုပ်နှင့်ကျီဟုန်ဘင်းတို့သည် အလွန်ရင်းနီးသောမိတ်ဆွေများဖြစ်သောကြောင့် ပြောမနာဆိုမနာများဖြစ်ကြသည်။
“ သူ့နာမည်က ဘာလဲ”
အလယ်တွင်ထိုင်နေသော လန်ရွမ်းယုကိုကြည့်ရင်း ဒုကျောင်းအုပ်က မေးလိုက်လေသည်။
ထိုအခါ မုကျုံးထျန် သည် ချက်ချင်း ရှေ့သို့ ပြေးလာပြီး “သူ့နာမည်က လန်ရွမ်းယုပါ”
“အင်း စာမေးပွဲပြီးတာနဲ့ သူ့ကို ငါ့ကိုလာရှာခိုင်းလိုက်” ဒုကျောင်းအုပ်သည် ခပ်ပြုံးပြုံးဖြင့်သာ ထိုစကားကိုပြောလိုက်လေသည်။ သူနှင့်ရင်းနီးသူများသာ ထိုအပြုံးအောက်ရှိကြောက်စရာကောင်းမှုများကိုရိပ်မိလေသည်။ ဒုကျောင်းအုပ်သည် တကယ့်နတ်ဆိုးဖြစ်သည်။
ထိုအခါ ကျီဟုန်ဘင်းက “ဟေ့ ဖက်တီးကောင်... မင်း ကလေးကို ဒုက္ခမပေးပါနဲ့”
“ ဘယ်လို အဲ့လိုလုပ်ရမှာလဲ? ငါက သူ့ကိုသဘောကျလို့ပါ.....သူလုပ်သွားတာတွေက စိတ်ဝင်စားဖို့ကောင်းတယ်”
ကျီဟုန်ဘင်း အံသြသွားကာ
“မင်း? တကယ်မလွယ်တဲ့ကောင် …”
ထိုအချိန်တွင် ပုံရိပ်ကမ္ဘာအတွင်း၌ တိုက်ပွဲများ တောမီးကဲ့သို့ ပြင်းထန်လာသည်။
ကျောင်းသားများသည် နေ့တစ်ဝက်အတွင်း ပြိုင်ဘက်များကို ရှာဖွေနိုင်စေရန် ပုံရိပ်ရောင်ကမ္ဘာကိုကျောင်းမှထိန်းချုပ်ထားသည်။
တစ်ဖက်တွင် လန်ရွမ်းယု နှင့် သူ၏အဖွဲ့သည် ထိုနေရာတွင်ပင် ဆက်လက်ထိုင်နေခဲ့သည်။
“နားထောင်ဦး.... ငါတို့နဲ့ မနီးမဝေးမှာ တိုက်ပွဲတစ်ခု ရှိနေပုံရတယ်။ ငါတို့ အပြင်ထွက်ကြည့်မလား ”
“စိတ်ရှည်ပါ၊ စိတ်ရှည်ပါ။ ငါတို့ အလျင်လိုနေစရာမလိုပါဘူး။” လန်ရွမ်းယုက မရိုးမရွဖြစ်နေသော ချန်းလိန်ကိုပြောနေလေသည်။
ထို့နောက်သူတို့နားတွင်ခြေသံများကြားလာရလေသည်။ သို့သော် အနားသို့ရောက်မလာခဲ့ပေ။
“မင်းက တကယ်ကို စိတ်ရှည်ပြီး စိတ်တည်ငြိမ်အောင် ထားနိုင်တာပဲ!” လျိုဖိန်က လန်ရွမ်းယုကို မချီးမွှမ်းပဲ မနေနိုင်....
လန်ရွမ်းယု ပခုံးတွန့်လိုက်ကာ
“ ငါက စိတ်ရှည်တာ မဟုတ်ဘူး၊ အခြေအနေကိုအကောင်းဆုံးဖြေရှင်းနေတာ ...ငါတို့ ပြိုင်ဘက်ဘယ်နှစ်ယောက် ဆုံမယ်ဆိုတာကို ငါတို့ ဘယ်လို ခန့်မှန်းမလဲ။ ဒါပေမယ့် ဒီမှာစောင့်နေတာက မတူဘူး။ ဒီလို စောင့်ခြင်းအားဖြင့် ချန်ပီယံဖြစ်ဖို့ အခွင့်အလမ်းပိုများတယ်။ ငါတို့က အစကတည်းက ဖယ်ထုတ်ခံရမှာ မဟုတ်ဘူးဆိုတော့ ကိုယ့်အတွက် အကောင်းဆုံးလမ်းကို ရွေးရမယ်။ ဒါက ရှင်းရှင်းလေးပဲ!”
သူ၏ရှင်းပြချက်ကိုကြားသောအခါ၊ ချန်းလိန် နှင့် လျိုဖိန်တို့ ၏နှလုံးသားအတွင်းမှ စိတ်မရှည်မှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ လန်ရွမ်းယု ပြောတဲ့စကားက အမှန်ပင်။ သူတို့သည် ယခုနှစ်ဝက်တွင် အထုတ်ခံရမည်မဟုတ်သည်မှာသေချာပြီးသားဖြစ်သည်။ ထို့ကြောင့် လောစရာမလိုပေ။
ချန်းလိန် ၏ ဝိညာဉ်ရေးရာစွမ်းအားသည် လန်ရွမ်းယု ထက် အားကောင်းသည်။ ရွမ်းယု ၏ရှင်းပြချက်ကိုကြားသောအခါ သူချက်ချင်းနားလည်လိုက်သည်။
“ဒါဆို သူတို့ တိုက်ခိုက်ကျပါစေ။ သူတို့ ပင်ပန်းသွားမှ ငါတို့ အပြင်ထွက်ပြီး ရှင်းပစ်မယ်။ ဒါလည်း သိပ်မဆိုးဘူး!”
လန်ရွမ်းယု ပြုံးလိုက်သည်။
“အခုကတော့ အနားယူလိုက်ပါ၊”
ထိုအချိန်တွင် လုချန်းရွိမ်..ရဲလင်းတုံနှင့် သူတို့၏တတိယအဖွဲ့ဝင်ဖြစ်သော ချန်ကျန်းရီ တို့သည် ရှေ့သို့ မှန်မှန်ချီတက်နေကြသည်။ သူတို့သည် တခြားအသင်းများကို ရင်ဆိုင်အနိုင်ယူရန်ရှာဖွေနေကြသည်။
လုချန်းရွိမ်နှင့် ရဲလင်းတုံတို့သည် တိုက်ခိုက်ရေးဝိညာဥ်မာစတာဖြစ်ကာ ချန်ကျန်းရီသည် ထိန်းချုပ်ရေး နှင့် ပံ့ပိုးရေး ဝိညာဉ်မာစတာဖြစ်သည်။ လုချန်းရွိမ် သည် အတန်းထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး အသက် ကိုးနှစ်နီးပါးဖြစ်သည်။ ဝိညာဥ်စွမ်းအားအဆင့် 19 တွင်ရှိနေပြီး အဆင့် 20 သို့ မကြာမီရောက်ရန် အလားအလာရှိလေသည်။ ဆရာများက သူသည် အတန်းထဲတွင် အထူးချွန်ဆုံးဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
Endend…….