အခန်း (၁၀၆)
Vol. 7 Ch. 106
“အတန်းမော်နီတာ ငါတို့ အရှိန်လျှော့သင့်လား” ချန်ကျင်းရီ က အကြံပြုသည်။
ချန်ကျင်းရီသည် ဖြူဝင်းသောအသားအရေရှိပြီး နူးညံ့သိမ်မွေ့သူဟု ယူဆနိုင်သည်။ ချန်ကျင်းရီ၏ ဝိညာဉ်ရေးရာစွမ်းအား သည် အမှတ် 80 ရှိပြီး အတန်းထဲတွင် တတိယဖစ်သည်။
“ကောင်းပြီ” လုချန်းရွိမ် ရပ်တန့်သွားသည်။ ရလဒ်ကောင်းများရရှိရန် စိတ်အားထက်သန်နေသော်လည်း လုချန်းရွိမ်သည် ဆင်ခြင်တုံတရားရှိသူဖြစ်သည်။
ရဲလင်းတုံကတော့မတူပေ
“ငါတို့မှ မမောဘဲ.... ဆက်သွားကြမယ်လေ... ဘာကြောင့်လဲ။ အခြားအသင်းတစ်သင်းကို ဖယ်ရှားပြီးမှ အနားယူကြမယ်လေ “
ချန်ကျင်းရီ ပြုံးလိုက်သည်။
“ မဟုတ်ဘူး။ ဒီကမ္ဘာထဲမှာ ငါတို့ ပြိုင်ဘက်ဘယ်နှစ်ယောက်လောက် ရင်ဆိုင်ရမယ်ဆိုတာ ငါတို့ မသိနိုင်ဘူး။ တစ်ချိန်တည်းမှာ အသင်းနှစ်သင်းနဲ့တွေ့ရင် ငါတို့ ဘာဖြစ်သွားမလဲ။ ငါတို့က အတန်းထဲမှာ အသန်မာဆုံးအသင်းပဲ၊ သူတို့က ငါတို့ကို ဝိုင်းဖွဲ့တိုက်ဖို့ ဆုံးဖြတ်ရင် ဘာဖြစ်သွားမလဲ။ ငါတို့သတိထားရမယ်......အဲ့တာမှ ကြုံလာသမျှ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ ”
“ ဟုတ်တယ် လင်းတုံ.... သူ့စကား နားထောင်ရအောင်။ ထိပ်ဆုံးနေရာမှာ ငါတိုတည်ငြိမ်နေ ဖို့ လိုတယ်”
လုချန်းရွိမ်နှင့် ချန်ကျင်းရီတို့သည် အကယ်ဒမီတစ်ခုထဲမှ အထူးတန်းသို့အတူတူပြောင်းလာခဲ့သူများဖြစ်ကြသည်။ ထို့ကြောင့် ချန်ကျင်းရီ၏တွတ်ချက်မှုများသည် မှားစရာမရှိကြောင်းသူသိသည်။
ရဲလင်းတုံ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း လက်ခံ လိုက်သည်။
“အင်း၊ ဟိုမှာ အပျက်အစီးတွေ များတယ်၊ အဲ့မှာ ငါတို့ ဟိုမှာ အနားယူသင့်တယ်”
လမ်းဘေးတစ်နေရာတွင် ကျောက်ရုပ်အပျက်အစီးပုံကြီးရှိနေသည်ကို ရဲလင်းတုံ တွေ့လိုက်ရပြီး အဖွဲ့က်ိုပြောလိုက်သည်။
“ကောင်းပြီ၊ သွားကြစို့”
ကျောက်ရုပ် အပျက်အစီးတွေရဲ့နောက်မှာကတော့
လန်ရွမ်းယု ချန်းလိန် နှင့် လျိုဖိန် တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့သည် လုချန်းရွိမ် နှင့် သူ့အဖွဲ့ ဆွေးနွေးသမျှကို ကြားနေရသည်။
ဒါက ဘယ်လိုကံမျိုးလဲကွာ....
တကယ်ပပဲ…
ငါတို့ဘာလုပ်ကြမလဲ?
လန်ရွမ်းယု အသက်ပြင်းပြင်းရှူလိုက်ပြီး ချန်းလိန် အား မြေပြင်တွင်ပုံတစ်ပုံဆွဲ ပြလိုက်လေသည်။ တံခါးတစ်ခု၏ပုံဖြစ်လေသည်။ ချန်းလိန်သဘောပေါက်သွားသည်။ ထို့နောက် လျိုဖိန် ဘက်လှည့်ကာ ခေါင်းညိတ်လိုက်သည်။
ရွှေရောင်နှင့် ငွေရောင်ငွေပြာမြက်များ လန်ရွမ်းယုလက်မှထွက်လာကာ လက်နှစ်ဖက်လုံးကိုရစ်ပတ်သွားလေသည်။ ပုန်းနေလို့မရမှတော့ တိုက်ပွဲဝင်ရတော့မှာပေါ့......
ချန်းလိန်လည်း မနှောင့်နှေးဘဲ သူ့ရဲ့ဆင့်ခေါ် ဒင်္ဂါးပြားကို ချက်ချင်းထုတ်ပြီး ဆင့်ခေါ်မှုကို အမြန်စတင်ခဲ့သည်။
လန်ရွမ်းယုသည် ဆင့်ခေါ်မှုကို အားကောင်းစေရန် ငွေရောင်ငွေပြာမြက်နုဖြင့် ဖုံးအုပ်ထားသော သူ့လက်ဖြင့် တံခါးကို ဆုပ်ကိုင်လိုက်သည်။
တစ်ဖက်တွင်၊ လျိုဖိန် သည် နဂါးဖြူလှံကို ထုတ်လိုက်ပြီး လန်ရွမ်းယုက ရွှေရောင်ငွေပြာမြက်ထုတ်ထားသောလက်ဖြင့်ကိုင်ကာ စွမ်းအားမြင့်ပေးလိုက်လေသည်။
လုချန်းရွိမ် နှင့်အဖွဲ့သည် ဖိတ်ခေါ်ခြင်းတံခါးပြီးသွားသည်နှင့် နီးကပ်လာလောသည် ။
ထိုနေရာ၌ပင် ခင်မင်ရင်းနှီးသော အသံတစ်သံမှာ တံခါးမှ ထွက်ပေါ်လာသည်။
“ငါမအားသေးဘူး! အလုပ်ရှုပ်နေတယ်”
လန်ရွမ်းယု..လျိုဖိန် နှင့် ချန်းလိန် တို့ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
အပျက်အစီးများရဲ့ တစ်ဖက်မှာတော့.....
လုချန်းရွိမ်တို့အဖွဲ့လည်း ထိုအသံကို အတိုင်းသာ ကြားလိုက်ကြပြီး ချက်ခြင်းပဲရပ်တန့်သွားကြသည်။
ငါမအားသေးဘူး… အလုပ်ရှုပ်နေတယ်.....
ထို အသံသည် ထုံးစံအတိုင်း တုံချင်းဂူရဲ့အသံ ဖြစ်လေသည်။ ချန်းလိန်နှင့် လန်ရွမ်းယုတို့လည်း ဘာပြောရမှန်းမသိတော့.... ဆွံ့အသွားခဲ့သည်။
လေးယောက် သုံးယောက် တိုက်ရန် ကနဦးအစီအစဥ်သည် ချက်ခြင်း နှစ်ယောက် သုံးယောက်တိုက်ပွဲအဖြစ် ပြောင်းလဲသွားသည်။
လုချန်းရွိမ်၏ခြေဖဝါးအောက်မှ အဝါရောင် ဝိညာဉ်ကွင်းတစ်ကွင်း တက်လာလေသည်။ သူ့ဆံပင်သည်လည်း ချက်ချင်းပင် ရွှေရောင်ပြောင်းသွားသည်။
ရွှေခြင်္သေ့ဘုရင်.... အဲဒါ သူ့ရဲ့သိုင်းဝိညာဥ်ပင်....
ထို့နောက် ကျောက်တုံးအပျက်အစီးများနောက်သို့ပြေးသွားလေသည်။ ရဲလင်းတုံကလည်း သူ့ရဲ့ ကောင်းကင်နဂါးသိုင်းဝိညာဥ်ကိုထုတ်ကာနောက်မှပြေးလိုက်လေသည်။
တစ်ဖက်တွင်
လန်ရွမ်းယု သည် မမျှော်လင့်ထားသော အလှည့်အပြောင်းကို ကြုံခဲ့ကသော်လည်း အခြေအနေကိုအကောင်းဆုံး တုံ့ပြန်ခဲ့သည်။ လျိုဖိန် ကို ဆွဲထုတ်ပြီး အပေါ်ထပ်သို့မြှောက်ချလိုက်သည်။ မိုးပေါ်သို့ ရောက်လုနီးပါးဖြစ်သည်။ ထို့နောက် လန်ရွမ်းယုသည် ချက်ချင်းဆိုသလိုပင် ကျောက်ရုပ်ကြီးကျန်ခဲ့သော ပုဆိန်ကြီးကို ကိုင်ဆောင်ကာ အထက်သို့ လွှင့်ပစ်လိုက်သည်။
“ဘန်းးး”
တက်လာသောပုဆိန်ကို လေပေါ်ရှိ လျိုဖိန်ကရိုက်ချလိုက်လေသည်။ ပုဆိန်ကြီးသည် လုချန်းရွိမ်
သို့မဟုတ် လင်းတုံ ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ အနောက်တွင်ရပ်နေသော ချန်ကျင်းရီ ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ဖြစ်သည်။
သို့သော် ချန်ကျင်းရီ၏ ဝိညာဉ်ကွင်းသည် ချက်ချင်းပင် ထွက်လာသည်။
အထူးတန်းကျောင်းသားတစ်ဦးသည် သာမာန် မည်သို့ဖြစ်နိုင်မည်နည်း။ ချန်ကျင်းရီ၏နောက်တွင် လူသားပုံရိပ်တစ်ခုထွက်လာလေသည်။ ချန်ကျင်းရီနှင့်ဆင်တူသည်။ ထိုလူသားပုံရိပ်သည် ချန်ကျင်းရီ ၏ အရှေ့ကို ချက်ချင်းရောက်လာကာ သူ့ကို ကာကွယ်ပေးလေသည်။
သို့သော် လျိုဖိန်မှာ အမြန်နှုန်းရဲ့အရှင်ဖြစ်သည်။
“ဘန်းးးး”
ချန်ကျင်းရီ တုံ့ပြန်ရန် အချိန်အလုံအလောက်မရခဲ့ပေ။ လက်မောင်းကိုထိမှန်သွားလေသည်။
အားးးးးး!
ချန်ကျင်းရီ ၏မျက်လုံးများတွင် မျက်ရည်များထွက်ကျလာသည်အထိ နာကျင်သွားခဲ့သည်။
ထိုအချိန်တွင် လျိုဖိန် သည် သူ့နောက်မှ ကျယ်လောင်စွာ ဟိန်းသံတစ်ခုကို ကြားလိုက်ရသည်။
“ဝေါင်း.....”
လျိူဖိန် ၏စိတ်သည် အလွန် တုန်ခါလာသည်။
ရွှေခြင်္သေ့ဟိန်းသံ....
လုချန်းရွိမ်၏ ပထမ ဝိညာဉ်စွမ်းရည်.....
တစ်ဖက်တွင်၊ ချန်းလိန်သည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ နာကျင်စွာ ဒူးထောက်လိုက်သည်။ သူ၏ဝိညာဉ်ရေးစွမ်းအားသည် ပြင်းထန်သော်လည်း ရွှေခြင်္သေ့ဟိန်းသံသည် ဝိညာဉ်ရေးရာတိုက်ခိုက်ရုံသာမက ပြင်းထန်သောအသံလှိုင်းတိုက်ခိုက်မှုတစ်ခုဖြစ်သည်။
Endendm…. .