Chapters

အခန်း (၁၀၈)

Vol. 8 Ch. 108

အခန်း (၁၀၈)

Vol. 8 Ch. 108

တိုက်ပွဲမှာမပြီးသေးပေ....

လျိုဖိန်သည် လန်ရွမ်းယုကိုထမ်းကာ ထိုနေရာမှထွက်ပြေးတော့သည်။ အဘယ်ကြောင့်ဆိုသော် ရွမ်းယု၏နဂါးဟိန်းသံသည် အသင်းတော်တော်များများကိုဆွဲဆောင်လိုက်မိသောကြောင့် ဖြစ်သည်။ လျိုဖိန်သည် လမ်းတွင်တွေ့သမျှအသင်းတိုင်းကိုတစ်ယောက်ထဲအနိုင်ယူခဲ့လေသည်။ သူ့တွင်စွမ်းအားများပြည့်နှက်နေလေသည်။ သူ့တာဝန်မှာ ရွမ်းယုကို ကာကွယ်ရန်ဟုပင်ခံစားလာရလေသည်။ လမ်းတွင် ကျင်းရှန်းတို့အဖွဲ့နှင့်တွေ့ခဲ့သော်လည်း လျိုဖိန်က ချက်ချင်းပင်အနိုင်ယူပြသွားလေသည်။ ထိုအရာကိုချန်းလိန်ပင်အံ့သြနေမိသည်။

“သူတို့ကို မင်းရဲ့လှံနဲ့ထိုးနေရတာ ကျေနပ်နေတာလား” ချန်းလိန် က ရယ်မောကာမေးလိုက်သည်။

“အေး” လျိုဖိန်ကတော့ တမူထူးခြားစွာတည်ငြိမ်နေလေသည်။

ဆရာများ အားလုံး အံ့သြနေသည်။

ပုံရိပ်ကမ္ဘာထဲမှာ သုံးသင်းသာ ကျန်တော့သည်။

အခြားအသင်းများသည် ၎င်းတို့၏တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည် သို့မဟုတ် လန်ရွမ်းယုတို့အဖွဲ့ကို ရှုံးနိမ့်ခဲ့သည်။

လုချန်းရွိမ် နှင့် ကျင်းရှန်းတို့နှစ်ဖွဲ့လည်း ရှုံးနှိမ့်သွားခဲ့သည်။ ကျီဟုန်ဘင်းနှင့် ဒုကျောင်းအုပ်လည်း ထိုအရာကိုမြင်နေရလေသည်။ သို့သော် သူတို့အမြင်ကတစ်မျိုးစီဖြစ်သည်။

ဥပမာ ကျီဟုန်ဘင်းက

ဆင့်ခေါ်ခြင်းတံခါးက လူတစ်ယောက်ကို ဆင့်ခေါ်ခဲ့တာလား.....

အဲ့ လူကို ဘယ်ကနေ ခေါ်လိုက်တာလဲ....

မေးခွန်းတစ်ခုမှာ... နဂါးဟိန်းသံကဘာလဲ....

ငွေပြာမြက်နဲ့ ရွှေခြင်္သေ့ဘုရင်သိုင်းဝိညာဥ်ကို ဖိနှိပ်ခဲ့တယ် .....

၎င်းသည် အလွန်ထူးခြားပြီး အလားအလာများစွာနှင့်လည်း ပြည့်နှက်နေသည်။

ဒုကျောင်းအုပ် ခေါင်းညိတ်သည်။

“စာမေးပွဲပြီးတာနဲ့ အဲ့ကျောင်းသားတွေရဲ့ ကိုယ်ခန္ဓာကို ချက်ခြင်းစစ်ဆေးပါ။ သူတို့ရဲ့ ရလဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာပါ။”

“ဟုတ်ကဲ့” မုကျုံးထျန် ချက်ချင်းပဲပြောလိုက်သည်။

စာမေးပွဲ ပြီးသောအခါတွင် တံခါးများအားလုံး တဖြည်းဖြည်းပွင့်လာသည်။ မုကျုံးထျန်သည် လန်ရွမ်းယုတံခါးရှိရာကို ချက်ချင်းရောက်လာသည်။ ဖျော့တော့သော လန်ရွမ်းယုသည် သတ္ထုပြွန်ထဲမှ ထထိုင်နေသည်ကို သူမြင်လိုက်ရသည်။

“ရွမ်းယု... ရွမ်းယု မင်းအဆင်ပြေရဲ့လား?”

လန်ရွမ်းယု ခေါင်းမော့ပြီး ဆရာမမုကိုကြည့်လိုက်သည်။

“ဆရာမမု.. ကျနော်အဆင်ပြေ ပါတယ်”

လန်ရွမ်းယုသည် သူပိုမိုသန်မာလာသည်ကိုခံစားမိနေလေသည်။

………

ကောင်းကင်ဘုံဂြိုလ်.....

“ .... အရမ်းကြောက်ဖို့ကောင်းတာပဲ.... အဲဒီကောင်က အရမ်းကြောက်ဖို့ကောင်းတယ်”

ချင်းဂူသည် ထိုင်ခုံပေါ်တွင် တုန်ယင်နေလေသည်။

နဂါး ဟိန်းသံက သူ့အပေါ်လည်းသက်ရောက်မှုရှိနေလေသည်။

“နေပါဦး..... ဒီကောင်လေးရဲ့ နဂါးဟိန်းသံကို ငါ ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ”

ချင်းဂူ လေးလေးနက်နက် တွေးလိုက်မိသည်။

……….

စမ်းသပ်မှုပြီးသွားသောအခါ လူတိုင်းသည် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာ ကြပြီး ၎င်းတို့၏ ပင်ပန်းနွမ်းနယ်မှုများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ လန်ရွမ်းယုသည် သူ့ရင်ဘတ်အတွင်းမှ ရွှေရောင်နှင့် ငွေရောင်စွမ်းအားလှိုင်းလုံးများသည် အနည်းငယ်ကြီးထွားလာပုံရသည်ကိုခံစားလိုက်ရသည်။

နှစ်ဝက်စာမေးပွဲတွင် အတန်းပထမနေရာကို လန်ရွမ်းယုတို့အဖွဲ့ကရကြောင်း ကျီဟုန်ဘင်းက ကြေညာခဲ့သည်။

ကျောင်းသားအားလုံးက လန်ရွမ်းယုတို့အဖွဲ့ကို မနာလိုစွာပင် စိုက်ကြည့်ခဲ့ကြသည်။

Endend…..