အခန်း (၁၀၉)
Vol. 8 Ch. 109
လုချန်းရွိမ်သည် စူးစိုက်သော အကြည့်ဖြင့် လန်ရွမ်းယုကို ကြည့်နေလေသည်။ ဖြစ်ပျက်ခဲ့သည်များကို သူနားမလည်ခဲ့ပေ။ သူ့သည် ရွှေခြင်္သေ့ဟိန်းသံဖြင့် တိုက်ပွဲတစ်ခုလုံးကို ထိန်းချုပ်ထားပြီးဖြစ်သော်လည်း ဆင့်ခေါ်ခြင်းတံခါးမှတစ်ဆင့် ပေါ်လာသော ထိုမိန်းကလေးက ဘယ်သူလဲ...
နောက်ပြီး လန်ရွမ်းယုစီက နဂါးဟိန်းသံကရော............
လန်ရွမ်းယုအပေါ် ကြောက်ရွံ့စိတ်တစ်ခုလည်း သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ဘာကြောင့်လဲ ဆိုတော့ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများထဲတွင် မီရီ ကြောက်မက်ဖွယ်ရာအကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့သောကြောင့် ဖြစ်သည်။
“ရလဒ်တွေကို မနက်ဖြန်မှ ကြေညာမယ်။ မင်းတို့ အားလုံးသည် ပြန်သွားနိုင်တယ်”
ဒုကျောင်းအုပ်က ပြောကြားလေသည်။
“နောက်ပြီး....လန်ရွမ်းယု နေခဲ့ဦး”
တခြားကျောင်းသားများ ထွက်သွားပြီးနောက် ဒုကျောင်းအုပ်က လန်ရွမ်းယုအား
“ငါနဲ့လိုက်ခဲ့။”
ကျီဟုန်ဘင်းသည် ဒုကျောင်းအုပ်ဘေးမှာ ပါလာခဲ့သည်။
“ဘာလို့ ငါတို့နောက်လိုက်လာတာလဲ”
“မင်း ကလေးကို တစ်ခုခုမကောင်းတာလုပ်ရင်တားဖို့” နတ်ဆိုးဘုရင် ကျီဟုန်ဘင်းကတော့ ခပ်တင်းတင်းပင်....
“အဘိုးကြီးကျီ.... မင်း ဆေးမှားသောက်ထားတာလား....ငါကဒီကလေးကိုဘာလုပ်ရမှာလဲ”
“ဖက်တီး.... မင်းက အသ့းသားခေါင်းဆောင်းထားတဲ့ဘီလူး....မင်းတစ်ခုခုကြံမနေပဲ ဒီကလေးကိုမခေါ်ဘူး..မင်းခုဏက ရွမ်းယုရဲ့အချက်အလက်တွေဖတ်နေတာငါသိတယ် “
“မင်းကတော့.....!” ဒုကျောင်းအုပ်ရဲ့ အပြောအဆိုမှာ နည်းနည်း ပြောင်းလဲသွားလေသည်။
လန်ရွမ်းယုကတော့
‘ဘာတွေဖြစ်နေတာလဲ? ဒါကဘယ်သူလဲ? ဆရာကျီ က သူ့ကို ဘာကြောင့် ဒီလောက် စိတ်မချရတာလဲ’
ရုံးခန်းးတစ်ခု.......
ဒုကျောင်းအုပ်ရုံခန်း.....
ရိုးရှင်းသော အခန်းတစ်ခုသာဖြစ်သည်။ အပိုဆာလာမရှိပေ။ စာအုပ်စင်များ.... ရုံးစာပွဲ....ဆိုဖာအနည်းငယ်သာ.......
ဒုကျောင်းအုပ်က ကျီဟုန်ဘင်းကို တစ်ချက်ကြည့်လိုက်သည်။
“မင်းအဲဒီမှာရပ်ပြီးပဲ ငါတို့စကားပြောတာကို နားထောင်မှာလား....ထိုင်”
ကျီဟုန်ဘင်းကဘာမှ ပြန်မဖြေဘဲ ဆိုဖာသို့သွားကာ ထိုင်လိုက်သည်။
ဒုကျောင်းအုပ်က လန်ရွမ်းယုလက် ဝှေ့ယမ်းကာ
“လာ.... ငါ့ရှေ့မှာ ရပ်ပါ။”
“ပြောပါဦး ဒီနေ့ မင်းရဲ့ နည်းဗျူဟာကို ဘယ်လိုတွေးမိတာလဲ” ဒုကျောင်းအုပ်က အပိုမပြောပဲ....
“အဲဒါနဲ့ပက်စက်ပြီး ကျွန်တော် အများကြီး မစဉ်းစားမိပါဘူး။ တခြားကျောင်းသားတွေ ဘယ်တော့ဝင်တိုက်မယ်ဆိုတာ မသိရဘူး။ ဒါကလည်း စာမေးပွဲတစ်ခုမို့ ဆရာတွေက ကျောင်းသားတွေကို သေချာပေါက် ဆုံအောင်လုပ်မှာပဲ၊ အဲ့ဒါကြောင့် ကျန်တဲ့လူတွေကိုအချင်းချင်း ပင်ပန်းအောင်တိုက်ခိုင်းပြီး ရန်သူကို အေးအေးဆေးဆေး ထိုင်စောင့်နေတာပါ.... အဲ့ဒါက ကျွန်တော်တို့ကို အနိုင်ရဖို့ အခွင့်အလမ်း ပိုပေးလိမ့်မယ်”
ဒုကျောင်းအုပ်က သူ့အဖြေကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မှန်ကန်တဲ့ နည်းပရိယာယ်ပဲ... မင်းကခေါင်းကို သုံးတာပဲ။ မဆိုးပါဘူး။ မင်းရဲ့ သိုင်းဝိဥာဉ်က ချန်းလိန် နဲ့ လျိုဖိန် ကိုစွမ်းအားမြှင့်ပေးနိုင်တယ်မလား”
လန်ရွမ်းယု ခေါင်းညိတ်ပြပြီး
“ဒီလိုပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာထွက်လာတဲ့ ဟိန်းသံကတော့ ဘာလဲဆိုတာ ကျနော် မသိဘူး... အတန်းေခေါင်းဆောင်ရဲ့ ခြင်္သေ့ဟိန်းသံကြောင့် ကျနော်ဒေါသတွေထွက်လာပြီး ပြန်အော်လိုက်တာ”
ဒုကျောင်းအုပ်က ခေါင်းညိတ်ပြပြီး
“ဒါက မင်းရဲ့သွေးကြောတွေရဲ့ သဘာဝတုံ့ပြန်မှုဖြစ်နိုင်တယ်။ ဆိုလိုတာက မင်းရဲ့သွေးသားက လုချန်းရွိမ်ရဲ့သွေးသားထက်ပိုစွမ်းအားကြီးတယ်....အဲ့သဘောပဲ...ကိုယ့်ထက်နိမ့်တဲ့လူက ကို့ကိုလာဖိတာကို မခံနိုင်တဲ့သဘောပဲ။ မင်းကို ငါကြိုက်တယ် မင်း ငါ့တပည့်ဖြစ်ချင်လား”
“ဟမ်?” လန်ရွမ်းယု အံ့အားသင့်သွားသည်။ သူသည် ငယ်ရွယ်သော်လည်း တစ်စုံတစ်ဦးကို သူ၏ဆရာအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း၏ အဓိပ္ပါယ်ကို သူသိသည်။
ဝိညာဉ်မာစတာ လောကတွင်၊ ပညာတစ်ခုအတွက်ဆရာတစ်ယောက်သာထားခွင့်ရှိသည်။
“ဒါပေမယ့် ငါ့မှာ ဆရာတစ်ယောက်ရှိနေပြီးသာ”
“မင်းမှာ ဝိညာဉ်စွမ်းရည်တွေနဲ့ တိုက်ပွဲစွမ်းရည်တွေကို သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်ရှိနေပြီလား”
ဒုကျောင်းအုပ်က တစ်ခဏမျှစဥ်းစားကာ
“ဘာမှ မဖြစ်ပါဘူး၊ မင်းမှာ ဆရာတစ်ယောက်ရှိရင် ကောင်းတယ်။ ငါ မင်းကို သိုင်းဝိဥာဉ်နဲ့ပက်သက်တာကို သင်ပေးမှာ မဟုတ်ဘူး။ မင်းရဲ့ ဒုတိယအသက်မွေးဝမ်းကျောင်းဖြစ်တဲ့ အာကာသယာဥ်လမ်းကြောင်းကိုသင်ပေးမှာ အဲဒီ ကဏ္ဍမှာ မင်းရဲ့ ဆရာလုပ်မယ် “
ဒုကျောင်းအုပ် ကျယ်လောင်စွာပြုံးလိုက်လေ သည်။
“ အာကာသယာဥ်ကို ဘယ်လို မောင်းရမလဲ သင်ပေးမှာလား” လန်ရွမ်းယု၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
ထို့နောက် ဒုကျောင်းအုပ်က “ငါ သင်ပေးနိုင်တယ်.... စကြာဝဠာကို လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ပုံကို သင်ပေးမယ်။ မင်းစိတ်ဝင်စားလား?”
“ဟုတ်! ငယ်ငယ်ကတည်းက အာကာသသင်္ဘောတွေကို ကြိုက်တယ်။ ဆရာ ကျေးဇူးပြုပြီး သင်ပေးပါ”
ဒုကျောင်းအုပ်က ပြုံးပြီး
“ဒါဆို မင်းရဲ့ဆရာအဖြစ် ငါ့ကို တရားဝင်အသိအမှတ်ပြုပါ”
လန်ရွမ်းယုသည် ကျီဟုန်ဘင်းကိုတစ်ချက်ကြည့်လိုက်လေသည်။ ကျီဟုန်ဘင်းကလည်း သူ့ကိုမသိသာခေါင်းညိတ်ပြလိုက်လေရာ....
“ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးပါ”
Endendm….