Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

ဒုကျောင်းအုပ် ရယ်မောပြီး လန်ရွမ်းယု ကို ထူလိုက်လေသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ နောက်ဆုံးတော့ ငါ့ရဲ့ ဆက်ခံသူ ရှာတွေ့ခဲ့ပြီ... မင်းကို ငါခေါ်သွားမယ်။ မင်းအခုချိန်ကစပြီး မင်းကငါ့တပည့်ပဲ.... ဟုတ်သားပဲ၊ ဒီဆရာရဲ့ နာမည်က ရင်ထျန်းဖန်လို့ခေါ်တယ်.... ဒါပေမဲ့.... မင်းအပြင်မှာရှိတဲ့အခါ မင်းဟာ ငါ့တပည့်ဖြစ်ကြောင်း တခြားသူမသိစေနဲ့။ ဒါ ငါတို့ရဲ့ လျှို့ဝှက်ချက်.. ဟုတ်ပီလား”

လန်ရွမ်းယုက သူ့ဆရာရဲ့ရည်ရွယ်ကိုမသိပေ...

ထိုအခါ ဘေးနားက ကျီဟုန်ဘင်းက

“ဟုတ်တယ်၊ အပြင်မှာ သူ့နာမည်ကို ဘယ်တော့မှ မပြောပါနဲ့…မဟုတ်ရင်....”

“ဟေ့ မင်း တိတ်တိတ်ဆိတ်ဆိတ်နေလို့မရဘူးလား.... ပါးစပ်ပိတ်ထား”

ရင်ထျန်းဖန်က အမြန်ပင် ကျီဟုန်ဘင်းကိုတားလိုက်သည်။

ကျီဟုန်ဘင်းက ရယ်ပြီး မတ်တပ်ထရပ်ကာ

“မင်း နည်းနည်း ပြောင်းလဲသွားတာပဲ.... ငါအရင်ပြန်နှင့်မယ်။ မင်းတို့ ဆက်ပြောကြ...မင်းရဲ့နာမည်မကျအောင် ဒီကလေးကို ဘယ်လိုပညာသင်ပေးမလဲဆိုတာကို ကောင်းကောင်းစဉ်းစားထား...လန်ရွမ်းယုက တကယ်တော်တဲ့ ကလေးကောင်းတစ်ယောက်ပါ”

ကျီဟုန်ဘင်း ထွက်သွားလေသည်။

“ဆရာ”

“အေးအေး.... ဒီနေ့ပဲ ငါတို့အတန်းစကြရအောင်”

“ဟုတ်” လန်ရွမ်းယု ချက်ချင်းပင် တက်ကြွလာသည်။

“ဆရာ.... မင်းအရင်က အာကာသသင်္ဘောကိုစီးဖူးလား။ပြောပြ။အကြီးကြီးပဲလား”

လန်ရွမ်းယုသည် ကလေးပီပီစတင်စပ်စုတော့သည်။

ရင်ထျန်းဖန်က သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ဂုဏ်ယူစွာ

“အင်း...ငါ အရင်က အာကာသယာဥ်ကြီးတစ်စီးကို ကွပ်ကဲခဲ့ဖူးတယ်။ အကြီးကျယ်ဆုံး အာကာသစစ်သင်္ဘောတွေကိုတောင်မှ ငါတာဝန်ယူဖူးတယ်။ ပီးတော့...... “

လန်ရွမ်းယုသည် စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေလေသည်။ အချိန်တစ်ခုကြာပြီးနောက်...

“လာ...မင်းကိုတစ်နေရာခေါ်သွားမယ်” ရင်ထျန်းဖန်သည် လန်ရွမ်းယုကိုဧရာမအခန်းကြီးတစ်ခုစီသို့ခေါ်သွားလေသည်။ အာကာသယဥ်ပုံစံဆောက်ထားသောအခန်းကြီးဖြစ်သည်။

“အိုး၊ အကြီးကြီးပဲ! ဆရာ၊ ဒါက လေ့ကျင့်တဲ့နေရာလား”

“ဟုတ်တယ်။”

သူတို့ရှေ့ရှိ ကြီးမားလှသော သရုပ်ဖော်အာကာသပုံရိပ်ပုံစံသည် တဖြည်းဖြည်းပွင့်လာပြီး ၎င်းအတွင်းရှိ ကမ္ဘာကြီးကို ထုတ်ဖော်ပြသလိုက်သည်။

“ဒါက လူနှစ်ယောက်တွဲသုံးနိုင်တဲ့ ထိုင်ခုံနှစ်ခုပါအာကာသယာဥ်ပုံစံပဲ …”

“ကောင်းပြီ၊ အခု မင်းဒီမှာလုပ်ရမှာက...ထိုင်နေ ရုံပါပဲ။ တခြားဘာမှလုပ်စရာမလိုဘူး။ မင်းဘယ်လောက်ကြာကြာထိုင်နိုင်မလဲ ဆရာစမ်းကြည့်မယ်....”

“ဟုတ်.....”

လန်ရွမ်းယုသည် အာကာသယာဥ်ပုံစံတူထဲသို့ဝင်းသွားကာအထဲတွင်ထိုင်လိုက်သည်။

ထို့နောက်တံခါးမှာ ချက်ချင်းပိတ်သွားသည်။ ထို့နောက်

“စကင်န်ဖတ်ခြင်း… အထောက်အထားကို အတည်ပြု… ကောင်းကင်ဝိညာဥ်အကယ်ဒမီ...လန်ရွမ်းယု.....ပိုင်းလော့အဆင့်..သုံည”

ထိုအချိန်တွင် ရင်ထျန်းဖန် ၏ အသံထွက်လာသည်။

“အဆင်သင့်ဖြစ်ပြီလား? ငါတို့အာကာသထဲကိုသွားတော့မယ် .... တကယ်သွားရသလိုခံစားရလိမ့်မယ်..... မင်းအဆင်သင့်ဖြစ်ပြီလား.... မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ မင်းရဲ့ ဝိညာဉ်စွမ်းအား ကိုသုံးနိုင်တယ်။”

“ဟုတ် ဆရာ၊ ကျွန်တော် အဆင်သင့်ဖြစ်ပြီ”

“အာကာသစစ်သင်္ဘော 128.... ပျံတက်ဖို့ အသင့်ဖြစ်နေပါပြီ။” တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်ယာဥ်သည်အရှိန်ဖြင့် အပေါ်သို့ပျံတက်သွားလေသည်။ ဆယ်မိနစ်ခန့်တက်ပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများ လျော့နည်းသွားသည်။ အာကာသကြီးမှာ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

‘ငါ အာကာသထဲ ရောက်နေတာလား’

ကျယ်ပြောလှသော အာကာသကြီးသည် အကန့်အသတ်မရှိပေ။ ခံစားချက်မှာ အံ့သြစရာကောင်းလွန်းသည်။

“အငယ်လေး၊ သေချာထိုင်ပြီး သေချာကြည့်” ရင်ထျန်းဖန် ရဲ့ အသံထွက်လာသည်။

“စစ်မြေပြင်ကို ဝင်ပါ”

‘စစ်မြေပြင်?’

မိနစ် 20 အကြာ…

ယာဥ်တံခါးမှာ ဖြည်းညှင်းစွာပွင့်လာသည်။

Endend……..