အခန်း (၁၁၁)
Vol. 8 Ch. 111
“အိမ်သာ ဟိုမှာရှိပြီ”
သန့်စင်ခန်းထဲတွင် အော့အန်သံများထွက်လာသည်။
“ဟားဟားးး!”
ရင်ထျန်းဖန် ကျေနပ်စွာရီနေလေသည်။
“ ငါ့တုန်းက ၁၈ မိနစ်လောက် ကြာမယ်ထင်တယ်။ သူက 19 မိနစ်ကြာပေမယ့် သူ့အသက်က 8 နှစ်ပဲရှိသေးတယ်၊ အဲဒီတုန်းက ငါ့အသက်12 နှစ်။ ဒီကောင်လေးကို ရတာ တန်တယ်။ ဟားဟား၊ ငါ ရွှေတုံးတစ်ခု ကောက်ရပြီ။ မဆိုးဘူး၊ မဆိုးဘူး။ သူ့မှာ အလွန်ကောင်းမွန်တဲ့ ဝိညာဉ်ရေးရာစွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေ ရှိပြီးတော့ သူက ငါငယ်ငယ်တုန်းကလိုပဲ ဥာဏ်ကောင်းတယ်၊ သူမှာ အလားအလာ ရှိတယ်”
လန်ရွမ်းယုသည် သုံးမိနစ်ကျော် အန်ခဲ့ရသည်။ မနက်နှင့်နေလည်ကစားထားသမျှအကုန်ပင်......
နံရံကို ကိုင်ကာ...
“ဆရာ၊ ကျွန်တော်…”
“ပြေပါတယ် ၊ အဆင်ပြေတယ်။ ပြန်သွားပြီး ကောင်းကောင်းအနားယူလိုက်။ မနက်ဖြန်ကျောင်းပြီးရင်ပြန်လာခဲ့မယ်၊ ငါ မုကျုံးထျန် ကို အကြောင်းကြားထားမယ်။”
“ဟုတ်...ဟုတ် ”
လန်ရွမ်းယုသည် အဆောင်သို့ ဘယ်လိုပြန်ရောက်လာသည်ပင်မသိတော့.... ကုတင်ပေါ် လှဲပြီးသည်နှင့်တစ်ခါတည်းကအိပ်ပျော်သွားလေသည်။ ဘဝတွင် ညစာ မစားသော ပထမ ဆုံးအကြိမ်ဖြစ်သွားခဲ့သည်။ စားချင်စိတ်ပင်မရှိတော့ပေ! ထို
နောက်နေ့မနက်........
ရဲလင်းတုံ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ပေ။ လန်ရွမ်းယုနှင့်ပက်သက်လာပါက သူမ အချိန်တိုင်းရှူံးနေခဲ့ကသည်။
၎င်းသည် သူမ အမှန်တကယ် လက်မခံလိုသော အရာဖြစ်သည်။
ရဲလင်းတုံဗိုက်စာလာ၍ ကန်တင်းသို့သွားလေသည်။ ကန်တင်းသို့ရောက်ရောက်ခြင်း သူမ အံ့သြသွားသည်။
လူများစွာ မတ်တပ်ရပ်နေပြီး ဘာတွေလုပ်နေမှန်း သူမ သေချာမသိပေ။
“လန်ရွမ်းယု မင်း ငါတို့ကို ရှင်းပြရမယ်၊ မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ ငါတို့ မနက်စာ စားစရာမရှိတော့ဘူး ငါတို့ ဘယ်လိုလုပ်ရမှာလဲ”
“လန်ရွမ်းယု ဒါကို မင်းရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား။ မနက်စာတွေအားလုံးကို ဝှက်ထားဖို့ သိုလှောင်မှုလက်စွပ်သူံးထားတာမလား.... မင်း ဒီလောက် အများကြီးမစားနိုင်ဘူး....”
‘ဘာဖြစ်နေ တာလဲ?’
ရဲလင်းတုံလူတွေကြား တိုးဝှေ့သွားလိုက်လေသည်။ ထိုအခါစားပွဲတစ်ခုစီသို့ရောက်သွားလေသည်။ စားပွဲပေါ်တွင် မော့ပင်ကြည့်ရနိုင်သောပန်ကန်ပုံကြီးကိုတွေ့နိုင်ပြီး နောက်တွင်ထိုင်နေသောလူကိုပင်သေချာမမြင်ရပေ။ သို့သော် သူမ
သိပါသည်။ ထိုလူမှာ လန်ရွမ်းယုပင်....
“ဘာဖြစ်တာလဲ?” ရဲလင်းတုံက ချန်ကျင်းရီကိုတွေ့တော့ မေးလိုက်သည်။
ချန်ကျင်းရီ က သူမကို တစ်ချက်ကြည့်လိုက်ပြီး
“ဒီမနက် ငါတို့ ဒီကိုရောက်တော့... စားစရာတွေ အကုန်ကုန်သွားပြီ။ လန်ရွမ်းယုက စားစရာတွေ အားလုံးကို မတော်တဆ စားမိသွားတယ်လို့ပြောတာပဲ။ မနေ့ညကတည်းက ဘာမှမစားရသေးဘူးလို့လည်း ပြောတယ်။”
“ဘာ?” လူ 30စာကိုတစ်ထိုင်တည်းး! တကယ်စားလိုက်တာလား?
လန်ရွမ်းယုလည်း ထိုကိစ္စကိုဘယ်လို ရှင်းပြရမှန်း မသိပေ။
တကယ်တော့ သူသည် ညလယ်ကတည်းက ဗိုက်ဆာနေပြီဖြစ်သည်။
ထို့ကြောင့် မနက်အစောကြီး ကန်တင်း တံခါးရှေ့တွင် စောင့်ဆိုင်းနေပြီး တံခါးဖွင့်သည်နှင့် ရှိသမျှ အရာအားလုံးကို စားပစ်လိုက်သည်။ သူသတိမထားမိလိုက်ဘဲ စားစရာများအကုန်ကုန်သွားသည်။ ဒီတစ်ခါ သူစားတဲ့ပမာဏက နည်းနည်းတော့ များလွန်းသွားသည်။ လူတစ်ယောက် လူ 30 အတွက်စားစရာများက သူ့အတွက် ထမင်းတစ်နပ်သာဖြစ်ခဲ့သည်။ တခြားကျောင်းသားများ ရောက်လာချိန်မှာတော့ လန်ရွမ်းယု သူ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ရသည်။
သူသည် အခြားဘာလုပ်ရမှန်းမသိသောကြောင့် မုကျုံးထျန်စီ သို့ အဖြစ်အပျက်ကို သတင်းပို့ထားပြီးဖြစ်သည်။
ထိုအချိန်မှာပဲ ဆရာမ မုကျုံးထျန် ဝင်လာပြီး စားဖိုမှူးတစ်ချို့ဖြင့် ဟင်းလျာများ ယူလာလေသည်။
“ကောင်းပြီ၊ အားလုံး မနက်စာ စားကြတော့...လန်ရွမ်းယုခန္ဓာကိုယ်က တစ်ခုခု မှားယွင်းနေတာဖစ်နိုင်တယ်။ ရွမ်းယု ငါနဲ့လိုက်ခဲ့။ မင်းကို ဆေးစစ်ရမယ်။”
“ဟုတ် ” လန်ရွမ်းယုသည် လူအုပ်ထဲမှ ပြေးထွက်ပြီး မုကျုံးထျန် နောက်သို့ လိုက်သွားခဲ့သည်။
ကန်တင်းအပြင်သို့ရောက်သောအခါ သူ့ကိုစောင့်နေသော ရင်ထျန်းဖန်ကိုတွေ့လိုက်ရသည်။
“ဆရာ”
ရင်ထျန်းဖန် က
“အခုမင်းရဲ့အခြေအနေက ပုံမှန်ပါပဲ၊ အဲဒါကြောင့် မင်းစိတ်ပူစရာ မလိုဘူး။ နောက်တစ်ခါ ကန်တင်း မှာ မစားနဲ့၊ ငါ့ရုံးခန်းကိုလာပြီး ငါနဲ့အတူလာစား... သုံးနပ်လုံ”
“ဟုတ်” လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
ထိုစကားကြားတော့ မုကျုံးထျန်ပင်အနည်းငယ်မနာလိုဖြစ်သွားမိသည်။
ဤလူသည် ဒုကျောင်းအုပ် ဖြစ်သော်လည်း၊ ကောင်းကင်ဝိညာဥ်အကယ်ဒမီ တွင် အတော်အတန်မြင့်မားသောအဆင့်အတန်းရှိကြောင်း သူသိသည်။ ကျောင်းအုပ်သာ သူ့ကိုအခြေအတင်ပြောခွင့်ရှိပြီ...ထိုအရာကလည်းတစ်ခါမှမဖြစ်ခဲ့ဖုးပေ။ ကျောင်းအုပ်ကပင် သူ့အား အကောင်းဆုံးဆက်ဆံပေးရသည်။
ကျီဟုန်ဘင်း သည် ကောင်းကင်ဝိညာဥ်အကယ်ဒမီတွင်စွမ်းအားအကြီးဆုံးဟု ကျော်ကြားသော်လည်း ဆရာကျီထက်ပင် ဒုကျောင်းအုပ်ရဲ့အဆင့်အတန်းမှာပိုမြင့်လေသည်။
“နေ့လည်ကျောင်းပြီးရင် ငါ့စီလာခဲ့။ ထမင်းအရင်စားပြီး တစ်နာရီလောက်စသင်မယ်”
“ဟုတ်” လန်ရွမ်းယုထိုစကားကလွဲလို ဘာပြောနိုင်သေးမှာလဲ...
Endend…….