အခန်း (၁၁၂)
Vol. 8 Ch. 112
နေ့လယ်စာစားချိန်ရောက်လာသောအခါ ရင်ထျန်းဖန်သည် ဟင်းပွဲ ရှစ်လုံးနှင့် လန်ရွမ်းယုကိုစောင့်နေလေသည်။ နာ့နာ့ကျွေးခဲ့သောအရာများထက်ပင်ပိုကောင်းနေလေသည်။
“ကျေးဇူးပါဆရာ”
“စားဖို့က အရေးကြီးတယ်။ မင်းက ကြီးထွားဆဲဖြစ်နေတော့ ကောင်းမွန်တဲ့ အစားအစာကို လိုအပ်တယ်။ မင်းရဲ့အတန်းဖော်တွေဆီပြန်သွား၊ ငါတို့နောက်မှဆက်သင်မယ်။”
ရင်ထျန်းဖန်ကတော့အမြဲ ပြုံးနေတတ်လေသည်။
ဒါပေမယ့် ညဘက်မှာတော့ ဒီဆရာဟာ ရွမ်းယုကြုံတွေ့ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံး ဖြစ်တည်မှုဖြစ်လာခဲ့လေသည်။
ရင်ထျန်းဖန်သည် ရွမ်းယုအား ညတိုင်းအာကာသယဥ်မောင်းခိုင်းလေ့ရှိသည်။ ညစာစားပြီး နာရီဝက်အကြာတွင် အာကာသယာဉ်မောင်းခြင်းသည် ရွမ်းယု ၏ငရဲဖြစ်လာခဲ့သည်။
ကျောင်းစာသင်နှစ်မကုန်မီတစ်လအလိုတွင် လုချန်းရွိမ် သည် အဆင့် ၂၀ကို ဖြတ်ကျော်သွားကာ သူ၏ဒုတိယ ဝိညာဥ်ကွင်းကိုရရှိခဲ့လေသည်။ လုချန်းရွိမ် သည် လန်ရွမ်းယုကို ရံဖန်ရံခါ စိုက်ကြည့်လေ့ရှိသည်။ နှစ်ကုန်စာမေးပွဲတွင် လန်ရွမ်းယုကို ချေမှုန်းရန် အကြွင်းမဲ့ယုံကြည်မှုရှိနေလေသည်။
လန်ရွမ်းယုသည် ညတိုင်း အာကာသယာဥိမောင်းနေရလေသည်။ ထိုအကြောင်းကိုလည်း ချန်းလိန်နှင့်လျိိုဖိန်တို့နှစ်ဦးသာသိသည်။
ရင်ထျန်းဖန်သည် အာကာသယာဥ်၏ ပြင်အားကိုလည်းတိုးကာ ရွမ်းယုအားလေ့ကျင့်ပေးလေသည်။ လန်ရွမ်းယုသည် ဝိညာဉ်စွမ်းအားအဆင့် ၁၅သို့ရောက်ရှိခဲ့ပြီး ဝိညာဉ်စွမ်းအားအဆင့်တွင်တော့ တစ်တန်းလုံး၏နောကိဆုံးတွင်ဖြစ်လေသည်။ ရံဖန်ရံခါ ချင်းဂူကို ဆင့်ခေါ်လေ့ရှိပြီး သူသည် သူ့ဆရာမ နာ့နာ့ နှင့်လည်း အချိန်ဖြုန်းတတ်သည်။
တစ်ပတ်လျှင် တစ်ကြိမ်အိမ်ပြန်ရသော်လည်းခဏသာဖြစ်သည်။
ကျောင်းစာသင်နှစ်မကုန်မီ တစ်လတိတိအလို...
“ရွမ်းယု မင်း ညကျရင် ဒုကျောင်းအုပ်ရဲ့အတန်းကို သွားရဦးမှာလား” ချန်းလိန် မေးလိုက်သည်။
“ငါ သွားရဦးမှာပဲ!”
“အေးပါ အေးပါ....နှစ်ကုန်တော့မယ်ဆိုတော့ စာမေးပွဲအတွက် ငါတို့သူံးလောက်စလေ့ကျင့်သင့်နေပြီဆိုတာ မင်းကိုသတိပေးမလို့ “
လန်ရွမ်းယုက “ဟုတ်တယ်! ငါတို့ စလေ့ကျင့်သင့်ပြီ...ငါ ဆရာ့ကိုပြောပြီး အချိန်တစ်ခုတောင်းလိုက်မယ်”
“အေးအေး... ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ဝိညာဥ်စွမ်းအား က အဆင့် 17 မှာရှိနေပြီ၊ ဟားဟား...အရင်လောက်မနည်းတော့ဘူး!”
ချန်းလိန်သည် အဆင့် ၁၇တွင်ရှိနေပြီဖြစ်သကဲ့သို့ လျိုဖိန်ကလည်း ထိုအဆင့်၁၇တွင်ရှိနေပြီဖြစ်သည်။
……….
“ဖက်တီး....မင်း ရူးနေတာလား။ ကလေးကို ဘယ်လို သင်ပေးနေတာလဲ။ တစ်ခုခုဖြစ်သွားရင် မင်းတာဝန်ယူမှာလား” ကျီဟုန်ဘင်း က ရင်ထျန်းဖန် ကို ဒေါသတကြီးအော် လိုက်သည်။
ရင်ထျန်းဖန်က “အခုထိ ဘာမှ မဖြစ်သေးပါဘူး ဟုတ်တယ်မလား။ မင်းအရင်တုန်းက ဒီလိုမဟုတ်ဘူး...ဘာဖြစ်နေတာလဲ...ခုမှ”
“ ဒါကို သတိကြီးတယ်လို့ ခေါ်တယ်။ ပြောစမ်းပါ၊ မင်းရဲ့အာကာသယာဥ်ပြင်းအား ဘယ်အဆင့်သုံးထားလဲ။ မင်းသိပါတယ်....အဲ့အဆင့်က သူအပေါ်မင်း သုံးသင့်တဲ့အဆင့်တစ်ခုလား။ တစ်ခုခုဖြစ်သွားရင် သူ့မိဘတွေကို ဘယ်လိုရှင်းပြရမလဲ” ကျီဟုန်ဘင်း ဒေါသထွက်နေခဲ့ သည်။
သို့သော် ရင်ထျန်းဖန်က
“စိတ်မဆိုးပါနဲ့။ ငါဘာမှမသိပဲ ရမ်းလုပ်မယ်ထင်နေလား.... သူက ရွှေခြင်္သေ့ဘုရင်ကို ကွင်းတစ်ကွင်းတည်းနဲ့ ပြန်တိုက်ထုတ်နိုင်ခဲ့တယ်.... ဆိုလိုတာက..... သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးနဲ့ သွေးကြောတွေက ရွှေခြင်္သေ့ဘုရင်ထက် ပိုသန်မာတယ်။ စေ့စေ့စပ်စပ် ဂရုတစိုက် လေ့လာကြည့်ရင် သူ့လက်နှစ်ဖက်လုံးမှာရှိတဲ့ ငွေပြာ မြက်ပြာတွေမှာ နဂါးသွေးသားတွေ ရှိနေတယ်....သာမာန် နဂါးတောင်မဟုတ်နိုင်ဘူး....
မဟုတ်ရင် ရွှေခြင်္သေ့ဘုရင်ကို ငွေပြာမြက်နဲ့ ဘယ်လို ခြိမ်းခြောက်နိုင်မှာလဲ။ ငါအခုလို ဖိအားတွေပေးမှ သူ့သွေးသားတွေကပွင့်ထွက်လာမှာ....အဲ့ကလေးက အထဲမှာ တစ်နာရီလောက်နေနိုင်တယ် လို့ ပြောရင် မင်းယုံမှာလား။”
“ဘာ? တစ်နာရီ ဟုတ်လားးး?” ကျီဟုန်ဘင်းရဲ့မျက်လုံးများပြူးကျယ်လာလေသည်။
“ဒါက သူ့ခန္ဓာကိုယ်ကြောင့်ပဲ.... အနာဂတ်မှာ သူအဲဒီကို ရောက်ဖို့ ငါ မျှော်လင့်ထားတယ်”
ရင်ထျန်းဖန်ရဲ့လက်ညိုးမှာ မျက်နှာကျက်စီသို့ထိုးထားလေသည်။
တိုးညှင်းသော အရာတစ်ခုကို ရေရွတ်ရင်း ကျီဟုန်ဘင်း ရဲ့ အမူအရာမှာလည်း ချက်ချင်း လေးနက်သွားသည် ။
Endend……