Chapters

အခန်း (၁၁၃)

Vol. 8 Ch. 113

အခန်း (၁၁၃)

Vol. 8 Ch. 113

ရင်ထျန်းဖန် ၏ မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင် ပေါ်လာသည်။

“အဘိုးကြီးကျီ.... ဒီတစ်သက်မှာ ငါအဝမ်းနည်းဆုံးအရာက ငါ အမှားလုပ်မိလို့ ကျောင်းထုတ်ခံလိုက်ရတာကိုပဲ .... ဒီနာကျင်မှုကို မင်းနားလည်နိုင်မှာလား။ ငါသာ အထုတ်မခံရဘူးဆိုရင် ပင်လယ်နတ်ဘုရားရဲ့ ကံကြမ္မာစုံတွဲနေ့မှာပါဝင်နိုင်ခဲ့မှာ သေချာတယ်၊ အဲ့တာဆို ငါအခုလို တစ်ယောက်တည်းနေဖို့ မလိုဘူး။”

ကျီဟုန်ဘင်းလည်း သက်ပြင်းချလိုက်သည်။

“ဟုတ်ပါပြီ..ထားလိုက်ပါတော့... အဲ့တာက ငါတို့အားလုံးနဲ့ မထိုက်တန်လို့မရခဲ့တာပါ! မင်း သူ့ကို နောက်တစ်ကြိမ် စမ်းရင် ငါ့ကို ကြည့်ခွင့်ပေးပါ။ သူတကယ်လုပ်နိုင်မလားဆိုတာကို ငါအတည်ပြုချင်တယ်။”

“ကောင်းပြီ”

“ရွမ်းယု..... ဒီကိုလာ...အာကာသယာဥ် ထဲဝင်ရအောင်”

ယနေ့ရင်ထျန်းဖန်နှင့် ကျီဟုန်ဘင်းရန်ဖြစ်ရခြင်းမှာ ရွမ်းယုကို စမ်းသပ်ခါနီး....ကျီဟုန်ဘင်းရောက်လာကာ အာကာသယာဥ်၏ ဖိအားကိုကြည့်ရင်ရန်သတ်ကျခြင်းဖြစ်သည်။

ရွမ်းယုသည် အာကာသယာဥ်ကိုကျွမ်းကျင်စွာ စတင်မောင်းနှင်ပြလေသည်။

ဘယ်လောက်ကြာသွား မှန်း မသိ......

ယာဥ်တံခါးများပွင့်လာသော်လည်း လန်ရွမ်းယု အလျင်စလိုမထပေ။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက်မှ သူသည် ယာဥ်နံရံကိုကိုင်ကာ အသက်ပြင်းပြင်းရှူရင်း ဖြည်းညှင်းစွာထရပ်လိုက်သည်။

ကျီဟုန်ဘင်း သည် အာကာသယာဥ်ပေါ်ရှိ ရွမ်းယု၏အပြောအဆိုများအပါအဝင် လုပ်ဆောင်ချက်များကို အချိန်ပြည့် စောင့်ကြည့်နေခဲ့သည်။ ယခုအခိုက်အတန့်တွင်တော့ သူသည် ထိတ်လန့်သွားဟန်ရှိသည်။

ဒီကလေးက ကိုးနှစ်တောင် မပြည့်သေးဘူးဆိုတာ သိထားရမည်ဖြစ်သည်။

တကယ်တော့ လန်ရွမ်းယု ရဲ့ တကယ့်အသက်မှာ ရှစ်နှစ်ပင် မပြည့်သေးပေ။

ရင်ထျန်းဖန်က ကျီဟုန်ဘင်းရဲ့ပခုံးကို လှမ်းဖက်တယ်။

“မင်းဘယ်လိုထင်ပါလဲ?”

“မဆိုးပါဘူး၊ ဒီကလေးက ဒီလောက် သန်မာမယ်လို့ မျှော်လင့်မထားမိဘူး။”

ရင်ထျန်းဖန်လည်း ရယ်ကာ

“အဲဒါ အရည်အချင်းပဲ။ မင်း မပြောနဲ့ ငါတောင် သူ ဒီလောက်မြန်မြန် ကျင့်သားရလာမယ် ထင်မထားဘူး။ နောက် သုံးလလောက်နေရင် သူ့ကိုစာမေးပွဲဖြေခိုင်းတော့မယ် “

“အဲ့တာ နည်းနည်းမြန်တယ်မလား? ”

ကျီဟုန်ဘင်းက ပြောလေရာ

ရင်ထျန်းဖန် က

“ငါသိပါတယ်..... ငါ စောင့်ကြည့်နေတယ်...သူမကြာခင် အဆင့် A ပိုင်းလော့ဖြစ်လာမှာပါ”

“ရွမ်းယု မင်းလည်း ကြိုးစားရမယ်။ လာမဲ့နှစ်မှာ တိုက်ပွဲသံချပ်ကာတွေအကြောင်း စတင်လေ့လာရမယ်..... တိုက်ပွဲသံချပ်ကာနဲ့ပတ်သက်တဲ့ အလယ်တန်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုလည်း စဉ်းစားရမယ်.... မင်းရဲ့ဝိညာဉ်ရေးရာစွမ်းအားနဲ့၊ မင်းကို တိုက်ပွဲသံချပ်ကာဒီဇိုင်းအလုပ်ကိုစဉ်းစားဖို့ ငါအကြံပြုတယ်။ ကောင်းပြီ ငါအရင်သွားမယ်။ “

“ဟုတ် ကျေးဇူးတင်ပါတယ် ဆရာကျီ”

Endend……