Chapters

အခန်း (၁၁၄)

Vol. 8 Ch. 114

အခန်း (၁၁၄)

Vol. 8 Ch. 114

ကျီဟုန်ဘင်း ပြန်သွားလေသည်။

ထိုအခါ ရင်ထျန်းဖန်က ရွမ်းယုဘက်သို့လှည့်ကာ

“မင်းမြင်ပါတယ်၊ ငါတို့အားလုံးက မင်းကို အရမ်းမျှော်လင့်ထားကြတာမို့ မင်းကြိုးစားရမယ်။ အနာဂတ်မှာ မင်းငါ့ကို ဂုဏ်ယူချင်တယ်။ မင်းရဲ့ဒီဆရာဟာ အနာဂတ်မရှိနိုင်တော့ပေမယ့် မင်းက နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့အထဲက အကောင်းဆုံးပျိုးပင်ပဲ”

လန်ရွမ်းယု သည် ရင်ထျန်းဖန်ရဲ့စကားများကိုအကုန်နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။

“ငါတို့ ဒီနေ့နောက်ထပ်အတန်းတစ်ခုထပ်လုပ်မယ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်များကုန်လွန်လာပြီး ကျောင်းနှစ်ကုန်အပိုင်းသို့ပင်ရောက်လာတော့သည်။

အထူးတန်းတွင် မူလကျောင်းသား 30 မှ အခုအခါ 27 ယောက် သာရှိတော့သည်။

ယင်းကြောင့် ကျောင်းသားတိုင်းသည် ပြီးခဲ့သည့်လများအတွင်း တတ်နိုင်သမျှ တိုးတက်အောင် ကြိုးပမ်းခဲ့ကြသည်။

အထူးတန်းတွင် ပါဝင်ရန် ရွေးချယ်ခြင်းခံရသောသူများသည် ရွယ်တူများကြားတွင် အကောင်းဆုံးနှင့် အထူးချွန်ဆုံးများဖြစ်သည်။ ထိုသို့ကြိုးစားကြခြင်းသည် ဆရာများ အမျှော်လင့်ဆုံးအရာလည်း ဖြစ်သည်။

စာမေးပွဲမှာလည်း ပုံမှန်အတိုင်းရောက်လာလေသည်။

“ စာမေးပွဲ စည်းကမ်းတွေကို ကြေငြာမယ်။ ပထမဦးစွာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုစမ်းသပ်မှုကို ပြုလုပ်ပြီး ဝိညာဉ်စွမ်းအားစမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်မယ်။ စာမေးပွဲအပြီးမှာ အမှတ်အများဆုံးရရှိတဲ့အသင်းက အထုတ်ခံရမှာမဟုတ်ပါဘူး.... အထူးချွန်ဆုံးအသင်းကိုလည်း ထုတ်မှာ မဟုတ်ဘူး”

မုကျုံးထျန်သည် စာမေးပွဲစည်းမျဉ်းများကို ကြေညာခဲ့သည်။

စာသင်နှစ်ကုန်ဆုံးသွားပေမယ့် ဝိညာဥ်ကွင်းနှစ်ကွင်း အဆင့်ကို ရောက်သွားသူမှာ လုချန်းရွိမ် တစ်ယောက်တည်းသာဖြစ်သည်။

ခွန်အား စမ်းသပ်မှု...

သတ္ထုနံရံစမ်းသပ်မှုတွင် လန်ရွမ်းယုသည် ထုံးစံအတိုင်း အမှတ်ပြည့်နှင့် ကြယ်တစ်ပွင့်ရခဲ့လေသည်။

အံ့သြစရာကောင်းသည်မှာ အဆင့် 20 သို့ရောက်သွားသော လုချန်းရွိမ်ကလည်း အမှတ်ပြည့်နှင့် ကြယ်တစ်ပွင့်ရခဲ့လေသည်။

ထိုအတူ အမြန်နှုန်းစမ်းသပ်မှုတွင် လျိူဖိန်သည် အမှတ်ပြည့်နှင့်ကြယ်တစ်ပွင့်ရလေသည်။

လန်ရွမ်းယု ရောက်ရှိလာသည်နှင့်အမျှ လျိုဖိန်မှာ ပိုမိုအားကောင်းလာသည်။ လအနည်းငယ်ကြာပြီးနောက် သူ့အရှိန်မှာ သိသိသာသာ တိုးလာသည်။ သူသည် အမြန်နှုန်း စာမေးပွဲတွင်ကြယ်တစ်ပွင့်ရခဲ့သော တစ်ဦးတည်းသော ကျောင်းသားဖြစ်လာခဲ့သည်။

ဝိညာဉ်ရေးရာစွမ်းအားစမ်းသပ်မှုအတွက်ကတော့ ထိုအရာသည် လန်ရွမ်းယု နှင့် ချန်းလိန်တို့ ၏ကမ္ဘာဖြစ်လာခဲ့သည်။

“ချန်းလိန် 187 မှတ် ဝိညာဉ်ရေးရာစွမ်းအား...

အမှတ်ပြည့်နဲ့ ကြယ်တစ်ပွင့်......

နောက်တစ်ယောက်ကတော့ လန်ရွမ်းယု”

ချန်းလိန် သည် အသက်ကိုးနှစ်အရွယ် ဝိညာဉ်စွမ်းအား 200 နီးပါးရှိသည့် တစ်ဦးတည်းသောဟု ယူဆနိုင်သည်။ ဝိညာဥ်မာစတာအဖွဲ့ချုပ်တစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင်တောင် သူသည် အကောင်းဆုံးစာရင်းတွင် ပါဝင်သည်။

ကျောင်းသားများ သတိမထားမိသော်လည်း လန်ရွမ်းယုသည် ဒုကျောင်းအုပ်၏ တပည့်ဖြစ်လာကြောင်းကို ဆရာများ သိထားကြသည်။ ထို့ကြောင့် လန်ရွမ်းယုကို ဆရာများကအထူးစိတ်ဝင်စားကြသည်။

“ ၁၅၀ ”

“180 ကျော်နေပြီ.... သူက ချန်းလိန် ကို ကျော်သွားနိုင်လား” မုကျုံးထျန် က စိတ်လှုပ်ရှားစွာ မှတ်ချက်ပေးမိလိုက်သည်။

“ 190 ကျော်သွားပြီ!”

ချန်းလိန် ပင် အံ့အားသင့်သွားသည်။

‘ သူငါ့ကိုကျော်သွားတာလား။ သူဘယ်လိုလုပ်လိုက်တာလဲ။’

“၁၉၃...၁၉၄... ၁၉၅... ၁၉၆…”

ဆရာများ အားလုံး ဖန်သားပြင်ပေါ်ကို အာရုံစိုက်နေကြသည်။

Endend……