← Chapters

အခန်း (၁၁၅+၁၁၆)

Vol. 8 Ch. 115+116

အခန်း (၁၁၅+၁၁၆)

Vol. 8 Ch. 115+116

ဝိညာဉ်ရေးစွမ်းအားသည် 199 မှတ်တွင်ရပ်တန့်သွားသည်။

ဆရာများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

199 ဝိညာဥ်ရေးရာစွမ်းအား!

၎င်းသည် 199 ဝိညာဉ်ရေးရာစွမ်းအားဖြစ်သည်။ ရွမ်းယုသည် ရှစ်နှစ်ဝန်းကျင်သာရှိသေးပြီး ကိုးနှစ်ပင်မပြည့်သေးဘဲ သူ၏ဝိညာဉ်ရေးရာ စွမ်းအားသည် ဤအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

အမှတ် 200 နှင့် 350 သည် အလယ်တန်းအဆင့် ဝိညာဥ်ဆက်သွယ်ခြင်းနယ်ပယ်ဖြစ်သည်။

“၂၀၀ .... ၂၀၀ ဖြစ်သွားပြီ.... ဝိညာဉ်ဆက်သွယ်နယ်ပယ် အလယ်တန်းအဆင့်.....”

ပတ်လည်ရှိ ဆရာများ အံ့သြကုန်ကြသည်။

ဝိညာဉ်ရေးရာစွမ်းအားစမ်းသပ်မှု ပြီးသွားပြီ။

“လန်ရွမ်းယု ဝိညာဉ်ရေးရာစွမ်းအား၊ အမှတ် ၂၀၀.... ဝိညာဉ်ဆက်သွယ်နယ်ပယ်... အလယ်တန်းအဆင့်....”

သူသည် ဤအဆင့်သို့ရောက်ရှိသည်အထူတန်းရှိ ပထမဆုံးကျောင်းသားဖြစ်လာခဲ့သည်။ ထို့အတူ အမှတ်ပြည့်နှင့် ကြယ်တစ်ပွင့်ရရှိခဲ့သည်။ ထို့ကြောင့် ကြယ်လေးပွင့်ရှိသောရွမ်းယုတို့အဖွဲ့သည် ကျောင်းထွက်ရတော့မည်မဟုတ်ပေ။

“နေ့လည်ခင်းမှာ တိုက်ပွဲစမ်းသပ်မှုလုပ်မယ်... !”

ထိုစကားကိုကြားတော့ အများစုမှာ သက်ပြင်းချကြသည်။

“စာမေးပွဲအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကတော့ ပြောင်းသွားတယ်....အခန်း 333 ရဲ့ ယခင်နှစ်ဝက်ကပြသခဲ့တဲ့ ထူးထူးခြားခြား စွမ်းဆောင်ရည်ကြောင့် ခုတစ်ယောက်မှာ အသင်းအားလုံးက သူတို့အဖွဲ့ကိုဘုံရန်သူအနေနဲ့တိုက်ရမယ်။ စုစုပေါင်း ကိုးပွဲရှိမယ်..... ဆိုလိုတာက အိမ်ခန်း 333 က ကျောင်းသားတွေက တိုက်ပွဲ ကိုးကြိမ် ကြုံတွေ့ရမယ်..... အခန်း..333 ကိုအနိုင်ယူနိုင်တဲ့အသင်းက ရမှတ်ပိုများလိမ့်မယ်...တစ်သင်းစွအလှည့်ကျ အခန်း ၃၃၃ကိုတိုက်ခိုက်ရမယ်”

စည်းမျဥ်းများကို ကြေငြာပြီးသည့်အခိုက်တွင်၊ လန်ရွမ်းယု နှင့် သူ၏အသင်းဖော်များ တုန်လှုပ်ချောက်ချားသွားစေသည်။ ချန်းလိန်မှာ ငိုလုမတတ်ပင်....

‘ဘာတွေဖြစ်သွားတာလဲ? ငါတို့ ဘုံရန်သူဖြစ်သွားတာလား ‘

“ဆရာ၊ ကျွန်တော်တို့ အရှုံးပေးလို့ရော ရလား။ ဘာပဲဖြစ်ဖြစ် ငါတို့က အခုကျောင်းထုတ်မခံရတော့ဘူးလေ ကြယ်လေးပွင့်ရထားပြီးပြီ” ဟု ချန်းလိန် က မဝံ့မရဲ ဖြင့်ပြောလေသည်။

“ဒါက မင်းရဲ့ခွန်အား သက်သေပြဖို့ အခွင့်အရေးပဲ။ တခြားအသင်းတွေကလည်း သူတို့ရဲ့ အရည်အချင်းတွေကို ပြသဖို့ ဒီလိုအခွင့်အရေးမျိုးကို ရချင်ကြမယ်လို့ ယုံကြည်တယ်။ မင်းတို့အသင်းက ကြယ်လေးပွင့်ရထားပေမဲ့ အခု တိုက်ပွဲ 9 ခုမှာ ငါးခုရှုံးရင် ကြယ်တွေအကုန်ပြန်သိမ်းပြီးတော့ ရမှတ်ရဲ့ 30% ဖြတ်မးးယ် ”

“ဟာ” လန်ရွမ်းယုတို့တစ်ဖွဲ့လုံး ငယ်ထိပ်မြွေပေါက်လေပြီ......

သူတို့မသိလိုက်သည်မှာ လန်ရွမ်းယု၏ဝိညာဥ်ရေးရာစွမ်းအားသည် အမှတ်၂၀၀ ကျော်သွားသောကြောင့် ယခုလိုပုံစံပြောင်းသွားကြောင်းပင်.....

အကယ်ဒမီက ရွမ်းယုတို့အဖွဲ့က အင်အားအစစ်အမှန်ကိုတွေ့ချင်နေသည်။

“ကောင်းပြီ မဲနှိုက်မယ်.....နံပတ်စဥ်အတိုင်း အခန်း ၃၃၃ကိုတိုက်ခိုက်ရမယ်..... “

ဤသို့ဖြင့် ကျောင်းသားများပုံရိပ်ရောင်လေ့ကျင့်ကွင်းထဲသို့ဝင်လာကြလေသည်။

“ငါ တန်းဆင့်ခေါ်ရလား မခေါ်ရဘူးလား”

ချန်းလိန်က တိုက်ပွဲအစီအစဥ်ကိုစတင်ဆွေးနွေးသည်။

လန်ရွမ်းယု က “မင်းရဲ့ လက်ရှိ ဝိညာဉ်စွမ်းအားနဲ့ ဘယ်နှစ်ခါ ဆင့်ခေါ်နိုင်မလဲ”

“ငါခေါ်ခဲ့တဲ့သူရဲ့ ခွန်အားပေါ်မှာမူတည်တယ်၊ ကွဲပြားလိမ့်မယ်။ တုံချင်းဂူ သာဆိုရင် ငါသူမကို ငါးကြိမ်ခေါ်နိုင်ပေမယ့် သူက ငါးကြိမ်လုံးလာမှာမဟုတ်ဘူး...... ”

‘ဒါက ပြဿနာပဲ...’

တုံချင်းဂူသည်လည်းကျောင်းသားတစ်ယောက်ဖြစ်ကာ မအားလပ်သည်များရှိတတ်သည်။

ထို့ကြောင့် ပြောရခက်နေလေသည်။

“တခြားပြောင်းဆင့်ခေါ်ရင်ရော ဘာလိုလဲ”

ထိုအခါ ချန်းလိန်က “ အဲဒါဆိုရင် သုံးကြိမ်ရမယ် ဆိုလိုတာက အနည်းဆုံး သုံးပွဲတော့ အနိုင်ရဖို့ အာမခံချက် ရှိမယ်။ ပြီးတော့ ငါတို့ တုံချင်းဂူကို တစ်ကြိမ်ပဲ ခေါ်သင့်တယ်။ နောက်ပွဲတွေကတော့ မင်းတို့နှစ်ယောက်လုံးအပေါ်မှာပဲ မူတည်လိမ့်မယ်”

“အိုခေ.....နိုင်ရမယ်”

သုံးယောက်သား လက်များကိုထပ်ခါ အော်လိုက်ကြသည်။

“ဒီလို လုပ်ရအောင် - ပထမသုံးပွဲကို ချန်းလိန်ရဲ့ဆင့်ခေါ်ခြင်းတံခါးကို အားကိုးပြီး ငါတို့နှစ်ယောက် စွမ်းအင်တွေ ချွေတာဖို့ ကြိုးစားကြမယ်။ အဲဒီနောက်မှာတော့ ချန်းလိန် အနားယူပြီး ငါတို့ ဆက်ကြိုးစားမယ်”

“ကောင်းပြီ “

ကွင်းထဲတွင် အဖွဲ့နှစ်ဖွဲ့ပေါ်လာသည်။

“သူတို့ ရောက်နေပြီ!”

“စမယ်”

ချန်းလိန် ရဲ့ အဝါရောင် ဝိညာဉ်ကွင်း သည် သူ့ခြေဖဝါးအောက်မှ တက်လာသည်။

“ထွက်လာခဲ့ပါ ငါ့ရဲ့ ဆင့်ခေါ်တံခါး!”

တံခါးကြီးတစ်ခုပေါ်လာလေသည်။ ထို့နောက် လန်ရွမ်းယုက ရွှေရောင်ငွေပြာမြက်ရစ်ပတ်ထားသောညာလက်ဖြင့် တံခါးဘောင်ကို ဆုပ်ကိုင်လိုက်သည်။

တံခါးထံမှ ပျော့ပျောင်းသောနဂါးဟိန်းသံကို စတင်ကြားလိုက်ရသည်။

Endend…..

All Chapters