Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

ပြိုင်ဘက်မှ မိန်းကလေး သုံးဦးပါဝင်သော အဖွဲ့ဖြစ်သည်။

သို့သော် လျှော့တွက်လို့လည်း မရပေ။ သူတို့ရဲ့ ကြံ့ခိုင်မှုက ယောက်ျားလေး တွေထက် မနိမ့်ပေ။

အလယ်တွင်ရပ်နေတဲ့ ခေါင်းဆောင်က အတန်းထဲတွင် အရပ်အရှည်ဆုံး မိန်းကလေး ဖြစ်လေသည်။

အခန်း 304....

ကျန်းချိုယန် နှင့် အဖွဲ့.......

အဖော်များမှာ ရုရှမ်းရီ နှင့် တုံမိန်ရူတို့ဖြစ်သည်။

“တိုက်!” ကျန်းချိုယန်က စတင်အော်လိုက်သည်။

ကျန်းချိုယန် ၏ သိုင်းဝိဥာဉ်သည် အလင်းကို ထိန်းချုပ်နိုင်စွမ်းရှိသော ဒြပ်စင်သိုင်းဝိညာဥ်ဖြစ်သည်။ သူမရဲ့ ပထမဆုံး ဝိညာဥ်စွမ်းရည်မှာ အလင်းတန်းများပစ်နိုင်သောစွမ်းရည်ဖြစ်သည်။

ရုရှမ်းရီ၏ သိုင်းဝိညာဉ် သည် ရှားပါးသော သိုင်းဝိဥာဉ်တစ်ခုဖြစ်ပြီး ပုံရိပ်ယောင်ကြောင်နက်ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်ရေးနှင့်ထောက်လှမ်းရေးတွင် အစွမ်းထက်လေသည်။ တုံမိန်ရူရဲ့သိုင်းဝိညာဥ်ကတော့ လေသိုင်းဝိညာဥ်ုဖစ်သည်။

ယခုအချိန်တွင် ရုရှမ်းရီ၏ပစ်မှတ်မှာ ချန်းလိန် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရုရှမ်းရီသည် သူမ၏ ကြောင်လက်သည်းဖြင့် ချန်းလိန်ကိုခုတ်လိုက်သော်လည်း

“ဒင်း!”

သတ္တုပြားတစ်ခု နှင့် ထိတွေ့သကဲ့သို့ သူမ၏ လက်သည်းများ ကွဲသွားခဲ့သည်။ ထိုနာကျင်မှုကြောင့် နောက်ပြန်ဆုတ်ရန်ပြင်လိုက်သည်။

သို့သော်၊ အလွန်လေးလံသော အရာတစ်ခုသည် ရုတ်တရက် ရှေ့သို့ ရွေ့လျားလာပြီး သူမ၏ ကိုယ်ခန္ဓာကို ရိုက်ထည့်လိုက်လေသည်။

‘ဗွမ်း....’

ပေါက်ကွဲသံတစ်ခုနှင့်အတူ ရုရှမ်းရီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် လူတိုင်းသည် ရုရှမ်းရီကိုသတ်ခဲ့သောအရာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

မိကျောင်းနဂါး.....

နဂါးကြေးခွံ..အမြီးဖြင့် မိကျောင်းကြီးတစ်ကောင်ဖြစ်သည်။

မိကျောင်းနဂါးသည် ရုရှမ်းရီကိုတစ်ချက်ထဲ ဖြင့်ရိုက်သတ်လိုက်သည်။

အပြင်မှကြည့်နေသော ပရိသတ်များအားလုံးကို အံ့အားသင့်သွားခဲ့သည်။

ဒါ…

ကျန်းချိုယန် နှင့် တုံမိန်ရူ ထိတ်လန့်သွားကြသည်။

“တိုက်ခိုက်တော့” လန်ရွမ်းယုက ချန်းလိန်ကိုပြောလိုက်လေသည်။ ဆင့်ခေါ်ထားသောအကောင်သည် ချန်းလိန်ခိုင်းသမျှလုပ်မည်ဖြစ်သည်။ ချန်းလိန်မှာ အတွေးဖြင့် ထိန်းချုပ်ရုံသာ.....

မိကျောင်းနဂါးသည် ကျန်ရှိသော ကောင်မလေးနှစ်ယောက် ဆီသို့ ကြည့်လိုက်သည်။ ထို့မောက် ထို မိန်းကလေးနှစ်ယောက်ဆီသို့ ဦးတည်သွားလေသည်။ သို့သော် ကောင်မလေးနှစ်ယောက်ကလည်း ချက်ချင်းတုံ့ပြန်ခဲ့သည်။ တုံမိန်ရူက လေဓားများဖြင့် မိကျောင်းနဂါးကိုပစ်သကဲ့သို့ ကျန်းချိုယန်ကလည်း အလင်းမြှားနှစ်ချောင်းဖြင့် မိကျောင်းနဂါး၏ မျက်လုံးများကိုပစ်လေသည်။

သို့သော်

သူတို့ ပြိုင်ဘက်က အားကောင်းလွန်းတာကြောင့် သနားစရာပင်ဖြစ်သွားခဲ့သည်။ သူတို့၏တိုက်ခိုက်မှုများသည် မိကျောင်းနဂါးပေါ်တွင်အရာမထင်ခဲ့ပေ။ မိကျောင်းနဂါးကြီးသည် ရုတ်တရက် အမြီးရှည်ကို လွှဲကာ ကောင်မလေးနှစ်ယောက်ကိုရိုက်ပစ်လိုက်လေသည်။ ကျန်းချိုယန်ကလေပေါ်သို့ခုန်တက်ကာရှောင်နိုင်လိုက်သော်လည်း တုံမိန်ရူကတော့ ကံမကောင်းစွာပင် .....

ယခုအခါ ကောင်မလေးတစ်ယောက်သာကျန်တော့သည်။

ချန်းလိန် ရယ်လိုက်သည်။ မိကျောင်းနဂါးကိုတိုက်ခိုက်မှုများသည် အရာမထင်ပေ။ မိကျောင်းနဂါး၏အော်သံနှင့်အတူ နောက်ဆုံး အဖွဲ့ခေါင်းဆောင် ကျန်းချိုယန်လည်း ထွက်သွားရတော့လေသည်။

Endend…..