Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း 333 သည် ပထမဆုံးတိုက်ပွဲတွင် အနိုင်ရခဲ့သည်။

ထို့နောက် မိကျောင်းနဂါးသည် ဆင့်ခေါ်ခြင်းတံခါးနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ချန်းလိန် သည် သူ၏ ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိရန် မဆိုင်းမတွ တင်ပျဉ်ခွေထိုင်လိုက်သည်။

ကံမကောင်းစွာပဲ၊ ဆရာများက သူတို့ကို အနားယူရန် အချိန်အများကြီးမပေးချင်ပေ။

နောက်တစ်ဖွဲ့.......

ချန်းလိန်ချက်ခြင်းထရပ်ပြီး သူ၏ဒုတိယမြောက်ဆင့်ခေါ်မှုကို စတင်လိုက်သည်။

ဆင့်ခေါ်ခြင်းတံခါးသည် နောက်တစ်ကြိမ်ပေါ်လာသည်။ လန်ရွမ်းယုသည် တံခါးဘောင်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး စွမ်းအားမြှင့်တင်လိုက်သည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်မှ လူများကတော့......

ကျင်းရှန်းတို့အဖွဲ့ပင်ဖြစ်သည်။

ကျင်းရှန်း ဘက်မှ လူငယ်နှစ်ဦးမှာ ထန်ရွယ် နှင့် လီဖန်ပင်း တို့ဖြစ်သည်။

“အိုး.. ရန်သူတွေကို လမ်းကျဉ်းလေးမှာ လာတွေ့တာပဲ...... မင်းတို့ ငါတို့ကို နောက်ဆုံးအကြိမ် တိုက်ခိုက်လိုက်တုန်းက ငါစွမ်းအားနည်းနေသေးလို့..... ဒီတစ်ခါတော့ မင်းတို့သေပြီ!”

ကျင်းရှန်း သည် သူ၏ မီးတောက် ငှက်အတောင်ပံများကို ထုတ်လိုက်သည်။ ထို့နောက် ရှေ့သို့ ချက်ချင်းပင် ပြေးလာခဲ့သည်။

ချန်းလိန် ဘာကို ဆင့်ခေါ်တယ်ဆိုတာ ဘယ်သူမှ မသိပေမယ့် ဆင့်ခေါ်မှု မအောင်မြင်အောင် တားဆီးတာက အကောင်းဆုံးပင်ဖြစ်သည်။ သူတို့၏ အတွေးများသည် ကျန်းချိုယန်တို့ အဖွဲ့နှင့် အတူတူပင် ......

ထန်ရွယ် နှင့် လီဖန်ပင်းတို့သည်လည်း ၎င်းတို့၏ကိုယ်ပိုင် သိုင်းဝိညာဥ်များကိုထုတ်လိုက်ကြသည်။ ထန်ရွယ်သည် လှံတိုလေးတစ်ချောင်းကို ထုတ်လွှတ်ကာ လန်ရွမ်းယု ဆီသို့ တည့်တည့် ပစ်ထုတ်လိုက်သည်။

လှံတိုသည် လန်ရွမ်းယု၏ သူ့ရှေ့တွင် ပေါ်လာလေသည်။

လီဖန်ပင်းကလည်းကောင်းကင်ပေါ်ပျံတက်သွားလေသည်။ သူ့ရဲ့သိုင်းဝိဉာဥ် အစိမ်းရောင်ငှက်....

ကျင်းရှန်၏ မီးတောက် ငှက်နှင့် နှိုင်းယှဉ်ပါက အစိမ်းရောင်ငှက် သည် ပျံသန်းရာတွင် ပို၍ ကျွမ်းကျင်သည်။

ငှက်စိမ်းအရိပ်ရိုက်ချက်.....

လီဖန်ပင်း၏ ပထမဆုံး ဝိညာဉ်စွမ်းရည်....

သုံးယောက်လုံးသည် ဆင့်ခေါ်ခြင်းတံခါးမအောင်မြင်စေရန်ကြိုးပန်နေကြသည်။ လန်ရွမ်းယုသည် သူ့ရှေ့တွင်ရေခဲနံရံတစ်ခုကိုဖန်တီးကာ လှံတိုကိုတားလိုက်လေသည်။

ထန်ရွယ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် အမှန်တကယ်ပင် လှံကို ခွန်အားရှိသမျှနှင့် ပစ်ချခဲ့သည်။ သို့သော် လန်ရွမ်းယုကရေခဲနံရံ ဖြင့်တားခဲ့လေသည်။

ဖြစ်နိုင်ပါ့မလား.....

လှံတိုသည် ချက်ချင်းပျောက်ကွယ်သွားပြီး ထန်ရွယ် ရဲ့လက်ထဲမှာ ပြန်ပေါ်လာလေသည်။

ထိုအချိန်တွင် လျိုဖိန် သည် အဖြူရောင် နဂါးလှံကို လက်ထဲတွင် ကိုင်ဆောင်ထားကာ လီဖန်ပင်း၏ ငှက်စိမ်းရိုက်ချက်ကိုတားနေလေသည်။ ထို့နောက် ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

ထိုအချိန်တွင် ကျယ်လောင် ကြည်လင်သော ငှက်အော်သံ ထွက်ပေါ်လာသည်။ အရာတစ်ခုသည် ဆင့်ခေါ်ခြင်းတံခါးမှ အရှိန်အဟုန်ဖြင့် ခုန်ပျံထံက်သွားသည်ကို မည်သူမျှ မသိလိုက်ပေ။ ထိုအရာက ချန်းလိန်ကို တိုက်ခိုက်တော့မည့် ကျင်းရှန်း ဆီသို့ လေထဲသို့ တည့်တည့် ပျံသန်းသွားခဲ့သည် ။

ကျင်းရှန်း သတိလွတ်သွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူသည် တိုက်ပွဲအတွေ့အကြုံ အများအပြားရှိသည်။ သူသည် သူ့ကိုယ်သူ လေထဲတွင် ရပ်လိုက်ပြီး မီးတောက်ငှက်တောင်ပံများဖြင့်ရောက်လာသောအရာကိုကာလိုက်သည်။

“ဗွမ်း....!”

ကျင်းရှန်း မြေပေါ်လဲကျသွားသည်။ သူ့ကိုဝင်တိုက်သောအရာမှာ အနီရောင်နှုတ်သီးပါသော ကျောက်စိမ်းရောင်ငှက်ကလေးဖြစ်သည်။

“မြနတ်ဆိုးငှက်?” လန်ရွမ်းယု အော်ပြောလိုက်သည်။

ထိုငှက်မှာ နဂါးသွေးမပါသောငှက်ဖြစ်သည်။ ဘာကြောင့်ပေါ်လာတာလဲ.........

Endend……