Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

သူတို့ရှေ့ရှိ မြနတ်ဆိုးငှက်သည် နဂါးများနှင့် ပတ်သက်မှုမရှိပေ။ နဂါးသွေးနှင့် ဝိညာဉ်သားရဲလည်း မဟုတ်ပေ။ ခေါ်ယူမှုမှာ တစ်စုံတစ်ရာ မှားယွင်းနေသွားတာလား...

သို့သော် မြနတ်ဆိုးငှက်သည် ယခင်က သူတို့ခေါ်ခဲ့သော ဝိညာဉ်သားရဲများထဲတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း သူသေချာပေါက်သိသည်။

၎င်းကို ဝိညာဉ်သားရဲကမ္ဘာတွင် ရက်စက်ကြမ်းကြုတ်သောငှက်အဖြစ် လူသိများသည်အလွန်ရက်စက်ကြမ်းကြုတ်သော အထူးသဖြင့် အခြားဝိညာဉ်သားရဲများကို တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ဦးနှောက်များကို စားသုံးခြင်းကို နှစ်သက်သည်။ လျင်မြန်ရုံသာမကဘဲ ၎င်း၏တိုက်ခိုက်မှုများသည် အလွန်ပြင်းထန်ပြီး အခြားသက်ရှိသတ္တဝါများ၏ဦးခေါင်းကို ပစ်မှတ်ထားမည်ဖြစ်သည်။

ထိုအချိန်တွင်၊ ကျင်းရှန်းသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်မှ ပြုတ်ကျလာသည်။ နဖူးတွင်လည်း အပေါက်တစ်ပေါက်ရှိနေသည်။

ထို့နောက် လီဖန်ပင်းလည်းပြုတ်ကျလာကာ နဖူးတွင်အပေါက်တစ်ပေါက်နှင့်ဖြစ်သည်။

ထန်ရွယ်သည် သူ့လှံနှင့်ပစ်ရန် အချိန်ယူရုံသာရှိသေး သော်လည်း လဲကျသွားကာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

စက္ကန့်ပိုင်းအတွင်း သူံးယောက်လုံးကိစ္စချောသွားလေသည်။ မြနတ်ဆိုးငှက်၏ရက်စက်မှုပင်ဖြစ်သည်။ ဤမြနတ်ဆိုးငှက်၏ ကိုယ်ထည်နှင့် အရောင်တို့မှတစ်ဆင့် နှစ် 100 ရှိသော ဝိညာဉ်သားရဲဖြစ်သင့်သည်ဟု လန်ရွမ်းယု အကြမ်းဖျင်းပြောနိုင်သည်။

ထန်ရွယ်ကိုသတ်ပြီးနောက် မြနတ်ဆိုးငှက် သည် လှည့်၍ ရွမ်းယုတို့အဖွဲ့အား ထူးဆန်းသော အရိပ်အယောင်များဖြင့် ကြည့်နေခဲ့သည်။

ချန်းလိန်သည် မဆိုင်းမတွ ဆင့်ခေါ်တာကို အဆုံးသတ်လိုက်ရလေသည်။မြနတ်ဆိုးငှက်နှင့်အတူ ဆင့်ခေါ်တံခါးလည်း ပျောက်ကွယ်သွားသည်။ လန်ရွမ်းယုတို့အဖွဲ့သည် နိုင်သွားသော်လည်း ချွေးများဖြင့် စိုရွှဲနေခဲ့သည်။

“ဘာလဲ မင်းက မင်းခေါ်ထားတဲ့အကောင်းကိုတောင် မထိန်းနိုင်ဘူးလား”

လျိုဖိန်က ချန်းလိန်အား ဒေါသထွက်ကာ ပြောလိုက်သည်။

ချန်းလိန်လည်း ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

“ငါလည်း ထိန်းချင်ပါတယ်! ဒါပေမယ့် အဲ့အချိန်မှာ ငါတကယ်မထိန်းနိုင်သလိုဖြစ်သွားတယ်.... ပြင်းထန်လွန်းတယ်။ တော်သေးတယ်.....”

“နောက်ထပ် သုံးပွဲပဲ အနိုင်ရဖို့ လိုတယ်။

ပြိုင်ဘက်အသစ်များလာခြင်းမှ. လျင်မြန်လွန်းသောကြောင့် ချန်းလိန်သည် လုံးဝမအနားယူတော့ဘဲ ဆင့်ခေါ်ခြင်းဒင်္ဂါးပြားကို ချက်ချင်းပစ်ထုတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ဆင့်ခေါ်လိုက်သည်။

ထိုအချိန်တွင်၊ ရင်ထျန်းဖန် နှင့် ကျီဟုန်ဘင်း အပါအဝင် ဆရာ ဆရာမများသည် အခြေအနေကို အပြင်ဘက်မှ ကြည့်နေကြသည်။

“ဒါက ဝိညာဥ်ပေါင်းစပ်စွမ်းရည်လို့ ယူဆလို့ရလား” ရင်ထျန်းဖန်က သူ့ဘေးနားရှိ ကျီဟုန်ဘင်း ကို မေးလိုက်သည်။

လန်ရွမ်းယု၏အကူအညီဖြင့် ချန်းလိန် ၏ဆင့်ခေါ်မှုများသည် ပိုမိုယုံကြည်စိတ်ချလာရပြီး ၎င်းတို့၏ပြိုင်ဘက်များကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ခဲ့သည်။

“ပြောရခက်ပေမယ့် ဝိညာဉ်ပေါင်းစပ်စွမ်းရည် အဆင့်တော့ မဖြစ်လောက်ပါဘူး။ လန်ရွမ်းယုက ချန်းလိန်ကိုသာမက လျိူဖိန်ကိုပါ အစွမ်းတိုးစေခဲ့တာကို သတိပြုမိလား။ ထူးထူးခြားခြားပဲ။ ရွမ်းယုက ပံ့ပိုးဝိညာဥ်မာစတာလည်းမဟုတ်ဘူး....ဒါပေမဲ့ အမွှာသိုင်းဝိညာဥ်တော့ရှိတယ်…”

ရင်ထျန်းဖန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ဒီတပည့်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ သူ့ရဲ့ဝိညာဉ်ရေးရာစွမ်းအားက အမှတ် 200 ပဲ မဆိုးဘူး.....မဆိုးဘူး”

ထိုအချိန်တွင် ကျီဟုန်ဘင်းထံမှ ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာတယ်။

“ ဖက်တီး ၊ ငါတို့ အရင် ဆွေးနွေးခဲ့တဲ့ ကိစ္စ ကရော.... “

“အဘိုးကြီးကျီ ! မင်းက ငါ့ ကလေးကို လုယူဖို့ တွေးနေရင်တော့ မင်းနဲ့ငါစကားပြောစရာမရှိတော့ဘူး”

“မင်းက တကယ်မိုက်မဲတဲ့ မြေခွေးတစ်ကောင်ပဲ”

ကျီဟုန်ဘင်း ဒေါသတကြီးပြောလိုက်သည်။

“မင်းတပည့်ပဲဆက်လုပ်ရင် သူ့အရည်အချင်းတွေ ဆုံးရှုံးသွားလိမ့်မယ်။ ငါ့ကိုသင်ပေးခွင့်ပေးပါ”

ရင်ထျန်းဖန် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် အခု သူက ငါ့တပည့်ဖြစ်ပဲ....

ငါ့ကို သူက ဆရာလို့ ခေါ်တယ်။ မင်းဘာလို့ အစောကြီးကတည်းက သူ့ကိုမခေါ်လဲ....ငါခေါ်မှ လာမလုနဲ့ “

“ငါ…”

Endend……