Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

“သူတို့က ထပ်ပြီးနိုင်သွားပြန်ပြီ!”

ဆရာများ၏ အာမေဋိတ်သံများကို ထပ်ကြားရလေသည်။

ကျီဟုန်ဘင်း နှင့် ရင်ထျန်းဖန် တို့ စကားပြောနေချိန်တွင် လန်ရွမ်းယု နှင့် သူ့အဖွဲ့သည် နောက်ထပ်တစ်ပွဲ အနိုင်ရခဲ့သည်။

ဤပွဲကို အနိုင်ရပြီးနောက် ချန်းလိန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်တော့သည်။

သူတို့၏ ကနဦးအစီအစဉ်တွင်၊ ချန်းလိန် သည် ဆင့်ခေါ်မှုလေးခုကိုလုပ်မည်ဖြစ်သော်လည်း ဒုတိယဆင့်ခေါ်မှုတွင် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ မြနတ်ဆိုးငှက် သည် ထိန်းချုပ်ရခက်ရုံသာမက ချန်းလိန် ၏ ဝိညာဉ်စွမ်းအားများစွာကိုလည်း အသုံးပြုခဲ့ရသည်။

ထို့ကြောင့် ဆင့်ခေါ်မှုသုံးကြိမ်ပြီးသောအခါ ချန်းလိန်၏ဝိညာဉ်စွမ်းအားအားလုံးကို ကုန်ဆုံးသွားခဲ့သည်။

သို့သော်လည်း သူတို့အသင်းသည် သုံးပွဲ အနိုင်ရထားပြီးဖြစ်သည်။

နောက်ထပ် လူ သုံးဦးပေါ်လာသည်။

လန်ရွမ်းယု ငွေပြောမြက်များကိုထုတ်လိုက်ကာ အဆင်သင့်ပြင်လိုက်သည်။ ထို့နောက်လျိူဖိန်ကိုလည်းအဆင့်မြှင့်တင်ပေးလိုက်သည်။

ထိုကျောင်းသား သုံးဦးသည် ယခုမှ ပေါ်လာသော်လည်း နဂါးဖြူလှံသည် ထိုနေရာတွင် ရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မှု ပျောက်ဆုံးသွားခဲ့သည်။

လျိူဖိန် က အရမ်းမြန်လာသည်။ ပစ်မှတ်မှာ အလယ်မှကျောင်းသားဖြစ်သည်။

ထိုကျောင်းသားသုံးဦးသည် ၎င်းတို့၏ သိုင်းဝိဉာဉ်များကို ထုတ်ရန် အခွင့်အလမ်းပင်မရှိခဲ့...

လျိုဖိန်သည် အလယ်မှ ကျောင်းသားကို နဖူးတည့်တည့် လှံဖြင့်ထိုးလိုက်ပြီး ပွဲသိမ်းပေးလိုက်သည်။ ထို့နောက် ထိုကျောင်းသား၏ခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခိုက်တွင် လန်ရွမ်းယုလည်း နောက်မှလိုက်လာခဲ့သည်။ ဘယ်ဘက်ရှိ ကျောင်းသားဆီသို့ ခုန်ဆင်းသွားခဲ့သည်။ ထို့အတူ လျိူဖိန်ကလည်းညာဘက်ရှိကျောင်းသားစီသို့ဆက်သွားလေသည်။

“ဗွမ်း!” ရွမ်းယုရဲ့လက်သီးကြောင့် အထိုးခံရသော ကျောင်းသားထံမှ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ထို့နောက် ရွမ်းယု ၏ဘယ်ဘက်လက်မှ ရေခဲဆူးများ ပေါ်လာကာ တိုက်ပွဲကို အဆုံးသတ်လိုက်သည် ။

တစ်ဖက်တွင် လျိုဖိန်၏ လှံအောက်တွင် ပြိုင်ဘက်မှာ အသတ်ခံလိုက်ရမှန်းပင် သတိမမူမိလိုက်ပေ။

ပြီးသွားပြီ.....!

ယခင်ပွဲများထပ်ပင်ပိုမြန်ဆန်လေသည်။

“ငါတို့နောက်မှဆက်လုပ်မယ်။” မုကျုံးထျန့ စာမေးပွဲကို ချက်ချင်းရပ်လိုက်သည်။

လျိူဖိန် ၏အရှိန်ကြောင့် ပြိူင်ဘက်များသည် ပြင်ဆင်ချိန်မရလိုက်ပေ။

မုကျုံးထျန်က “ဆရာကျီ ဒီအခြေအနေကို ဘာလုပ်သင့်လဲ”

လန်ရွမ်းယု နှင့် လျိုဖိန် တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လုံးဝမျှော်လင့်မထားသော အရာဖြစ်သည်။ လျိူဖိန် ၏ အရှိန်သည် မယုံနိုင်လောက်အောင်ပင်။

“စာမေးပွဲမဖြေရသေးတဲ့ တခြားကျောင်းသားတွေကို ဒီပွဲရဲ့ ဗီဒီယိုကို ကြည့်ခွင့်ပြုလိုက်ပါ။ အဲ့တာမှ ပွဲထဲဝင်သွားတာနဲ့ ပြင်ဆင်ထားလို့ရအောင် ”

အပြင်မှအခြေအနေများကိုမသိသော ရွမ်းယုတို့သည် ထိုအခိုက်အတန့်တွင် အနည်းငယ် အံ့သြသွားခဲ့သည်။ သူတို့၏ ဝိညာဉ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစိသော်လည်း ဘယ်သူမှပေါ်မလာသေးပေ။

ရပ်သွားပြီလား?

ကောင်းပါတယ်။ ချန်းလိန်ရဲ့ ဝိညာဉ်စွမ်းအား ပြန်လည်ရယူရန် အချိန်လိုအပ်ပြီး သူသည် နောက်ထပ် ဆင့်ခေါ်မှုတစ်ခုကိုပြုလုပ်နိုင်သရွေ့ ၎င်းတို့သည် အခြားပွဲတစ်ပွဲကို အနိုင်ယူနိုင်မည်ဖြစ်သည်။

ကျောင်းသားအားလုံးတွင် မယုံကြည်ရဆုံးဖြစ်ပုံရသော ချန်လိန် သည် ယခုပွဲအတွက် ၎င်းတို့၏သော့ချက်ဖြစ်လာခဲ့သည်။

Endend. …..