အခန်း (၁၂၁+၁၂၂)
Vol. 8 Ch. 121+122
လူသုံးဦးပေါ်လာလေသည်။ လန်ရွမ်းယုနှင့်လျိုဖ်ိန်တို့နှစ်ယောက်လုံးသည် ယခင်အတိုင်းတိုက်ခိုက်လေသည်။
သို့သော် မထင်မှတ်ပဲ၊ ထိူလူသုံးယောက်သည် လျိုဖိန် ၏လက်တစ်ကမ်းအကွာမှ တိုက်ခိုက်ခြင်းမှလွတ်မြောက်သွားခဲ့သည်။
လျိုဖိန် ထိတ်လန့်သွားသော်လည်း သူ့ရဲ့တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။
နောက်ဆုံးတွင် ပြိုင်ဘက် သုံးဦးမှာလည်း ပုံမှန်သွားရာလမ်းသို့သွားရတော့လေသည်။
ကြည့်ရှုနေသော ဆရာများသည် ထိုအဖွဲ့လည်း ရှုံးသွားသည်ကိုမြင်လိုက်သောအခါ သက်ပြင်းချလိုက်ကြသည်။
ငါးပွဲဆက်တိုက်အနိုင်ရရှိခဲ့သောအဖွဲ့သည် အခြားကျောင်းသားများအား ကြီးမားသောထိုးနှက်ချက်ဖြစ်စေမည်မှာ သေချာပါသည်။
“လုချန်းရွိမ်တို့ အဖွဲ့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ” ရင်ထျန်းဖန် က မုကျုံးထျန် ဘက်လှည့်ပြီး မေးသည်။
“နောက်ထပ်တစ်သင်းက လုချန်းရွိမ်တို့အဖွဲ့ပါ”
ရင်ထျန်းဖန်၏ မျက်လုံးများ တောက်ပလာပြီး
“သူတို့အဖွဲ့ကို အခု ပို့လိုက်ပါ။ ပြီးတော့ သူတို့ လုချန်းရွိမ်တို့ ကိုရှုံးရင် နောက်ကျန်တဲ့တိုက်ပွဲတွေကိုလည်းရှုံးတယ်လို့သတ်မှတ်ကြောင်း လန်ရွမ်းယုကိုပြောလိုက် “
“ဟမ်? ဒုကျောင်းအုပ် ဒါက မသင့်တော်ဘူးမလား။ စည်းမျဥ်းစည်းကမ်းနဲ့ ဆန့်ကျင်နေ တယ်! သူတို့စိတ်ဆိုးသွားမှာကို ငါစိုးရိမ်တယ်…”
မုကျုံးထျန်က ရင်ထျန်းဖန်ကိုတွေဝေနေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ဒါပေမယ့် ရင်ထျန်းဖန် က
“ကိစ္စမရှိပါဘူး၊ ငါပြောတဲ့အတိုင်းလုပ်။ သူတို့ကို ဖိအားနည်းနည်းမှမပေးရင် သူတို့ရဲ့ အစွမ်းအစတွေကို ဘယ်လိုထုတ်ရမှာလဲ။ ဒီလူငယ်လေးတွေ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာကို ကြည့်ရမယ်။ ငါပြောတဲ့အတိုင်းလုပ်ပါ။ လန်ရွမ်းယု နဲ့ သူ့အဖွဲ့ က ဒါကို မကျေနပ်ရင် သူတို့ကို ငါဖြေရှင်းပေးမယ်။”
မုကျုံးထျန် သည် ဒုကျောင်းအုပ်၏ ရှေ့မှောက်တွင် ကျီဟုန်ဘင်း ၏စကားများသာ အရာဝင်ကြောင်းသိသောကြောင့် ကျီဟုန်ဘင်းအား ကြည့်လိုက်လေသည်။
သို့သော် မထင်မှတ်ပဲ ကျီဟုန်ဘင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည် ။
“ဒုကျောင်းအုပ် ညွှန်ကြားတဲ့အတိုင်း လုပ်လိုက်ပါ”
“ဟုတ် ကောင်းပါပြီ…” မုကျုံးထျန် သည် ရင်ထျန်းဖန် ၏တောင်းဆိုမှုကို ကျီဟုန်ဘင်း အမှန်တကယ်သဘောတူမည်ဟု မျှော်လင့်မထားခဲ့ပေ။ ယခုအရာသည် လန်ရွမ်းယုတို့အဖွဲ့အတွက် တကယ်မတရားပါ။ သို့သော် သူသည် ညွှန်ကြားထားသည့်အတိုင်းသာ လုပ်ဆောင်နိုင်ခဲ့သည်။
“ နားထောင်ပါ လန်ရွမ်းယုတို့အဖွဲ့....နောက်ပွဲက မင်းတို့ လုချန်းရွိမ်တို့အသင်းနဲ့ ရင်ဆိုင်ပါမယ်။ ဒီပွဲကို အနိုင်ရရပါမယ်၊ မဟုတ်ရင် နောက်ဆက်တွဲကျန်တဲ့ပွဲအားလုံးကို ရှုံးနိမ့်တယ်လို့လည်း မှတ်ယးပါမယ်။”
ကြေညာချက်တစ်ခုက လန်ရွမ်းယုတို့ရှိရာထံတွင်ပေါ်ထွက်လာလေသည်။
လန်ရွမ်းယုတို့သည် ရုတ်တရတ်ကြေငြာချက်ကို ကြားသောအခါ အံ့အားသင့်သွားကြသည်။
“ဘာတွေဖြစ်နေတာလဲ? ဒီပွဲရှုံးရင် နောက်ဆက်တွဲကျန်တဲ့ပွဲတွေက ဘာကြောင့်ရှုံးပွဲလို့ သတ်မှတ်ရတာလဲ။ ငါတို့ အပြစ်ပေးခံတာလား” လျိုဖိန်က ထိတ်လန့်စွာ အော်ပြောလိုက်သည်။
လန်ရွမ်းယုလည်း အနည်းငယ် အံသြသွားသည်။ စည်းမျဥ်းစည်းကမ်းတွေ ရုတ်တရက် ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင် လူသုံးဦး ဖြည်းညှင်းစွာ ပေါ်လာပြီး ၎င်းတို့မှာ လုချန်းရွိမ်..ရဲလင်းတုံနှင့် ချန်ကျင်းရီတို့ဖြစ်သည်။
အဝါရောင် ဝိညာဥ်ကွင်း နှစ်ကွင်းသည် လုချန်းရွိမ် ၏ခြေရင်းမှ တက်လာသည်။
“ငါတို့ ဘာလုပ်သင့်လဲ?” ချန်းလိန် လည်းဘာလုပ်ရမှန်းမသိပေ။ ယခုအခါသူသည် ဆင့်ခေါ်မှုကိုထပ်မလုပ်နိုင်သေးပေ။
သူသည် ဝိညာဉ်စွမ်းအားအချို့ကို ပြန်လည်ရယူရန် လိုအပ်နေသေးသည်။
ဆိုလိုတာက ဒီပွဲတွင် နှစ်ယောက် သူံးယေက်တိုက်ခိုက်ရမည်ဖြစ်သည်။
ထို့ပြင် ရှုံးလို့လည်းမရပေ။
“ငါတို့ ဘာလုပ်သင့်လဲ?” လျိူဖိန်လည်း ထိုမေးခွန်းကို ထိတ်လန့်တကြားမေးလိုက်သည်။
လုချန်းရွိမ်သည် သူတို့ထံသို့လာနေပြီဖြစ်သည်။
‘ဆရာတွေက ငါတို့ကို အတင်းအကြပ် ခိုင်းနေတာ ဆိုတော့...’
“လျိုဖိန်” လန်ရွမ်းယု ရုတ်တရက် လျိိူဖိန် ဘက်လှည့်လိုက်သည်။
“အင်း”
“ငါမင်းကိုအစွမ်း မြှင့်တင်ပေးမယ်၊ မင်း သုံးကောင်စလုံးကိုနည်းနည်းအချိန်ဆွဲထား... အဲဒါကို မင်းလုပ်နိုင်လား။ ပီးရင် ကျန်တာငါနဲ့ ထားလိုက်”
လျိုဖိန် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
“ငါကြိုးစားချင်ပေမယ့် လုချန်းရွိမ် ရဲ့ ရွှေခြင်္သေ့ဟိန်းသံက ပြင်းထန်လွန်းတယ်။”
“စွန့်စားကြတာပေါ့” လန်ရွမ်းယုပြောလိုက်သည်။
“ကောင်းပြီ” လျိုဖိန် အသက်ကိုပြင်းပြင်းရှူပြီး ခေါင်းညိတ်လိုက်သည်။
လန်ရွမ်းယုသည် သူ့လက်နှစ်ဘက်မှ ငွေပြာမြက်များကိုထုတ်လိုက်သည်။ ထို့နောက် လျိုဖိန်ကိုအဆင့်မြင့်ပေးလိုက်သည်။
ရဲလင်းတုံကလည်း ကောင်းကင်နဂါးသိုင်းဝိညာဥ်ကိုထုတ်လိုက်သည်။
ချန်ကျင်းရီကလည်း သူ့စွမ်းအားကိုထုတ်လိုက်သည်။ သူ့စွမ်းရည်မှာ အရာအားလုံးက်ုနှေးကွေးစေခြင်းဖြစ်သည်။
အလွန်လျင်မြန်သော လျိုဖိန်ကဲ့သို့လူအတွက် အကောင်းဆုံးအသုံးပြုနိုင်သောစွမ်းရည်ဖြစ် သည်။ ယခင်အခေါက်က သူ၏သိုင်းဝိဥာဉ်ကိုပင် မထုတ်နိုင်ခဲ့ပေ။
နဂါးလှံဖြူ၏ အလင်းရောင်သည် တောက်ပနေပြီး နဂါးလှံရှိနဂါးမျက်လုံးများကလည်း တောက်ပနေသည်။
လျိုဖိန်စီသို့ပြေးလာသည်မှာ ရဲလင်းတုံဖြစ်သည်။ သူ့မရဲ့ ကောင်းကင်နဂါးခန္တာကိုယ်ကိုထုတ်ထကာ သူမ၏ အမြန်နှုန်း၊ ခွန်အားနှင့် ခုခံအား အမြင့်ဆုံးအထိ တိုးထားခဲ့သည်။
နှေးကွေးခြင်း၏အကျိုးသက်ရောက်မှုများကြောင့် လျိုဖိန် ၏လုပ်ဆောင်မှုများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
“ဝူးးး!” နဂါးဖြူလှံ၏အလင်းသည် ပိုမိုတောက်ပလာပြီး အလင်းမှာကြီးထွားလာကာ ငါးမီတာပတ်လည်ကို ဖုံးလွှမ်းသွားသည်။
ထိုအရာကို လုချန်းရွိမ်က လှောင်ရီရီလိုက်ကာ
ရဲလင်းတုံရှေ့သို့ပြေးဝင်သွားပြီး ပြေးဝင်လာသော နဂါးလှံကိုခြေဖြင့်ကန်လိုက်လေသည်။
လျိုဖိန်လွင့်သွားလေသည်။
မည်မျှပင်ဖစ်ပါစေ၊ သုံးယောက် တစ်ယောက်တိုက်ခြင်းမှာ ပညာရှိဆန်သော ရွေးချယ်မှုတော့် ဟုတ်ပေ။ သုံးဦးလုံးကို အသာစီးရရန် မဖြစ်နိုင်ပေ။
လွင့်လာသော လျိုဖိန်ကို နောက်တွင်ရှိနေသော လန်ရွမ်းယုကဖမ်းလိုက်လေသည်။
ရဲလင်းတုံကလည်း ထိုလန်ရွမ်းယုတို့ရှိရာကိုပြေးလာလေသည်။
Endendn…..