အခန်း (၁၂၃)
Vol. 8 Ch. 123
အစပိုင်းတွင် လန်ရွမ်းယုတို့အဖွဲ့သည် ရှုံးနိမ့်နေသကဲ့သို့ဖြစ်နေ သော်လည်း ထိုသို့လုံးဝ မဟုတ်ခဲ့ပေ။ လူတိုင်း မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့လေသည်။
လန်ရွမ်းယုသည် လျိုဖိန်ကို အဝေးဆုံးသို့လွင့်ပစ်လိုက်လေသည်။ ထိုနေရာကတော့ ချန်းလိန်ရှိရာကိုဖြစ်သည်။
ဘာလဲ.....
လုချန်းရွိမ် လည်း ထိတ်လန့်သွားသည်။ လန်ရွမ်းယုဘာလုပ်လိုက်တာလဲ။
သူရူးသွားပြီလား?
ထိုအချိန်တွင် လန်ရွမ်းယုရဲ့ မျက်နာပေါ်တွင် အပြုံးတစ်ခု........
လုချန်းရွိမ် သည် ရွမ်းယုဘာကြောင့် ပြုံးနေမှန်းမသိသော်လည်း သူ့နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်ခုပေါ်လာသည်။ မဆိုင်းမတွပင် ရွှေခြင်္သေ့ဟိန်းသံ ချက်ချင်းထုတ်ဖို့ အဆင်သင့်ပြင်လိုက်သည်။
သို့သော် ယခုအချိန်တွင် လန်ရွမ်းယုကလည်း ရိုးရှင်းသောလှုပ်ရှားမှုကို လုပ်ဆောင်ထားခဲ့သည်။ သူ့ကဲ့ ဘယ်ညာလက်နှစ်ဖက်ကို မြှောက်ပြီး ရှေ့တွင် ပေါင်းထားလေသည်။
“ဝူးးးး” ရွှေခြင်္သေ့ဟိန်းသံ ထွက်ပေါ်လာသည်။ ရွှေခြင်္သေ့ဟိန်းသံသည် အဝေးမှနေ ချန်းလိန်တို့ကိုပင်သက်ရောက်မှူရှိနေလေသည်။
သို့သော် ပေအနည်းငယ်သာဝေးသော လန်ရွမ်းယုသည် ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။ ရွှေခြင်္သေ့ဟိန်းသံကြောင့် လုံးဝထိခိုက်ပုံမပေါ်ပေ။
နှုတ်ဆက်ပါတယ်......
လန်ရွမ်းယုထံမှ သက်တံရောင်အလင်းစက်ဝိုင်းကြီးပေါ်လာကာ ထိုနေရာတစ်ခုလူံးကိုလွှမ်းခြုံသွားလေသည်။
ဖြစ်စဉ်တစ်ခုလုံးသည် မျက်စိတစ်မှိတ်မျှသာ ကုန်ဆုံးခဲ့သည်။ ထိုသက်တံထွက်လာသောအခါ
ရွှေခြင်္သေ့ဟိန်းသံသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက်.....
“ဗွမ်း......”
ရောင်စုံအလင်းများသည် စက္ကန့်အနည်းငယ်ကြာအောင် လင်းထိန်သွားခဲ့သည်။ ထို့နောက် လန်ရွမ်းယု..လုချန်းရွိမ်... ရဲလင်းတုံ... ချန်ကျင်းရီတို့ ပျောက်ကွယ်သွားခဲ့သည်။
ကွင်းထဲတွင် လျိုဖိန်နှင့် ချန်းလိန်တို့သာ ကြောင်စီစီဖြင့်ကျန်ခဲ့လေသည်။
အခန်း.... 333
အနိုင်ရခဲ့သည်။
ဆရာ...ဆရာမများ လုံးဝတိတ်ဆိတ်နေသည်။
ဒီရလဒ်ကို ဘယ်သူမှ မျှော်လင့်မထားခဲ့....
ရင်ထျန်းဖန် နှင့် ကျီဟုန်ဘင်းတို့ပင် စကားမပြောနိုင်တော့ပေ။
စက္ကန့်ပိုင်းအတွင်း ကျောင်းသားလေးယောက်လူံးသေဆုံးခဲ့သည်။
စက္ကန့်ပိုင်းအတွင်း..
‘ဘာဖြစ်သွားတာလဲ။’
“ရွမ်းယု ဘာသုံးလိုက်တာလဲ?”
ရင်ထျန်းဖန်က ကျီဟုန်ဘင်းကိုမေးနေလေသည်။
ထို့နောက် ရုတ်တရက် ကျီဟုန်ဘင်းရဲ့ မျက်လုံးများ ထူးထူးခြားခြား တောက်ပလာသည် ။
“ငါဘာမှ ဂရုမစိုက်တော့ဘူး...ဖက်တီး... မင်းရဲ့ ဒီတပည့်ကို ငါ့ကို ပေးရမယ်။ မဟုတ်ရင် ငါ မင်းကိုသတ်မယ်။ အမွှာာသိုင်းဝိညာဥ်နဲ့ ကိုယ်ပိုင်ဝိညာဥ်ပေါင်းစပ်စွမ်းရည် ...မင်းသိလား ရွမ်းယုသူံးသွားတာအဲ့တာပဲ”
“ဘယ်လိုမှမဖြစ်ဘူး…ငါမပေးနိုင်ဘူး”
“မင်းမပေးရင် ငါ မင်းကို လည်ပင်းညှစ်သတ်လိုက်မယ်...”
အထူးတန်း နှစ်ကုန်စာမေးပွဲတွင် လန်ရွမ်းယုတို့အဖွဲ့ပထမရခဲ့လေသည်။
ကျီဟုန်ဘင်း၏ ဇွတ်တရွတ်လုပ်မှုကြောင့် လန်ရွမ်းယုသည် ဆရာတစ်ယောက်ကိုထပ်မံရခဲ့လေသည်။
စာမေးပွဲပြီးကတည်းက လန်ရွမ်းယုသည် ဝိညာဥ်စွမ်းအားလေ့ကျင့်ရေးကိုပိုအာရုံစိုက်လာလေသည်။ ဝိညာဉ်ပေါင်းစပ်စွမ်းရည်ကိုသုံးခဲ့ခြင်းကြောင့်အဆင့် 16 မှ 15 သို့ ကျဆင်းသွားခဲ့သည်။ ဒါပေမယ့် နာ့နာ့ပြောခဲ့သလိုပင် သူ့ခန္ဓာကိုယ်ထဲရှိ ရွှေရောင်နဲ့ ငွေစွမ်းအားများ ပိုကောင်းလာပြီး ဒီစွမ်းအင်နှစ်ခုကြားက တိုက်ခိုက်မှုများလည်း လျော့ပါးလာပါတယ်။ သက်တံရောင်စွမ်းအားတစ်ခု မသိမသာလည်းပေါ်လာလေသည်။ ထိုအရာကိုတော့ရွမ်းယုသတိမထားမိခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်ကြာသွားခဲ့သည်။
သုံးနှစ်ကြာပြီးနောက်…
လေ့ကျင့်ရေးကွင်းတွင် လူနှစ်ယောက်ရှိနေခဲ့သည်။
ကျီဟုန်ဘင်းနှင့် လန်ရွမ်းယု
“ညှိနှိုင်းပါ။ မင်းရဲ့ခန္ဓာကိုယ်နဲ့ စွမ်းရည်တွေကြားက ညှိနှိုင်းမှုဟာ ပြီးပြည့်စုံမှု မရှိဘူးဆိုတာ မင်းနားလည်လား”
ကျီဟုန်ဘင်းက အေးစက်စွာပြောသည်။
“အရင်က ငါမင်းကို အကြိမ်ကြိမ်ပြောပြီးပြီ၊ မင်းရဲ့ရေခဲဒြပ်စင်ကို ပိုမြန်ဆန်အောင်သူံးရမယ် မင်းအဲဒါကို အသုံးချပြီးတိုင်း ဘာကြောင့် နှောင့်နှေးနေတာလဲ။ မင်းရဲ့စွမ်းအားနဲ့ ပေါင်းစည်းရမယ်။”
ကျီဟုန်ဘင်းသည် လန်ရွမ်းယုအားလေ့ကျင့်ပေးနေလေသည်။
Endend…..