← Chapters

အခန်း (၁၂၄+၁၂၅)

Vol. 9 Ch. 124+125

အခန်း (၁၂၄+၁၂၅)

Vol. 9 Ch. 124+125

“ဟုတ်... ဆရာ”

သုံးနှစ်ကြာပြီးနောက် လန်ရွမ်းယု ကြီးပြင်းလာခဲ့သည်။

ယခု အသက် 11 နှစ်အရွယ်တွင် အရပ်အမောင်းမှာ အတန်းထဲတွင်အမြင့်ဆုံးဖြစ်လာခဲ့သည်။

“အင်း၊ ကောင်းပြီ။ ငါတို့ဒီမှာ နားမယ်။ အိမ်ပြန်ပြီးရင် လေ့ကျင့်ခန်းဆက်လုပ်ပါ”

“ဟုတ်ကဲ့”

“ပြီးတော့…တရားထိုင်ပါ။ မင်းရဲ့ဝိညာဉ်စွမ်းအားက…”

ထိုအချိန်တွင် ကျီဟုန်ဘင်း မျက်မှောင်ကြုတ်လိုက်သည်။

လန်ရွမ်းယု၏ ဝိညာဥ်စွမ်းအား သည် သူအစိုးရိမ်ဆုံးအရာ ဖြစ်လာသည်။ ကလေးသည် အရာရာတွင် ထူးချွန်သည်။ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါ။ အတန်းတစ်ခုလုံးတွင် လုံးဝအသန်မာဆုံးဖြစ်သည်။ သူသည် အတန်းထဲတွင်ပထမနေရာကို ဆက်လက်ထိန်းထားကာ လုချန်းရွိမ် ကို ဆက်တိုက်ဆိုသလိုအနိုင်ယူခဲ့သည်။

ကြောက်စရာအကောင်းဆုံးမှာ သူ၏ဝိညာဉ်ပင်လယ်ဘုံစွမ်းအားဖြစ်သည်။ အစောပိုင်းနှစ်တွင်၊ သူ၏ဝိညာဉ်ရေးရာစွမ်းအားသည် ဝိညာဉ်ပင်လယ်ဘုံသို့ ချောမွေ့စွာကူးပြောင်းသွားသည်။ အမှတ် 500 ကျော်သွားခဲ့သည်။ ကျောင်းမှတ်တမ်းများအရ၊ သူ၏လက်ရှိဝိညာဉ်စွမ်းအားသည် အသက် ၁၂ နှစ်မတိုင်မီ ၈၀၀ ကျော်ရှိနိုင်သည်။ ဝိညာဥ်စွမ်းအား တစ်ခုတည်းသော ပြဿနာဖြစ်သည်။

သုံးနှစ်အတွင်းတွင်၊ အထူးတန်း တစ်ခုလုံးရှိ ကျောင်းသားများသည် ဝိညာဥ်ကွင်းနှစ်ကွင်းရောက်နေပြီဖြစ်သည်။

အဆင့် 27 နှင့် အထက် ရှိသော ကျောင်းသား အများစုသည် လာမည့်နှစ်တွင် အဆင့် 30 သို့ ကျော်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

လန်ရွမ်းယုရဲ့ ဝိညာဉ်စွမ်းအား က ....

အဆင့် ၁၉......

သုံးနှစ်... သုံးနှစ်ပြည့်ပြီးနောက်တွင်ပင် အဆင့် 20 မရောက်နိုင်ခဲ့ပေ။

သာမာန်အတန်းများတွင် အဆင့် 20 ကိုဖြတ်ကျော်ခြင်းသည် 12 နှစ်အရွယ်ကလေးများအတွက် သတ်မှတ်ချက်တစ်ခုဖြစ်နေပြီဖြစ်သည်။

သို့သော် ..........

ကျီဟုန်ဘင်း အရမ်းစိုးရိမ်နေခဲ့သည်။

အသက် 12 နှစ် မတိုင်မီ အဆင့် 20 သို့ မတက်နိုင်ခဲ့ပါက မည်သည့်နေရာသို့ သွားရန် အရည်အချင်းရှိမည် မဟုတ်တော့ပေ။

“ဆရာကျီ ကျွန်တော်…”

“ဘာလဲ? “

“ဆရာကျီ စာမေးပွဲတွေပြီးတော့ ကျောင်းပိတ်ရက်နီးလာတဲ့အတွက် အားလပ်ရက်တောင်းလို့ရလား.... မိဘတွေနဲ့ ခရီးထွက်ချင်ပါတယ်”

“မရဘူး…”

တကယ်တော့ လန်ရွမ်းယုသည် လွန်ခဲ့တဲ့သုံးနှစ်ကပင် အားလပ်ရက်မရှိခဲ့ပေ။ သူနှင့် ရင်ထျန်းဖန်ထံတွင် တလှည့်စီသင်ကြားနေရလေသည်။

အနည်းငယ် စဉ်းစားပြီးနောက် ကျီဟုန်ဘင်း သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူက ကလေးပဲရှိသေးတာပဲ....

“ ရက် 20 ရမယ်”

မျှော်လင့်မထားသော သဘောတူညီချက်ကို ကြားလိုက်ရသောအခါတွင် လန်ရွမ်းယု မျက်ရည်များပင် စီးကျလာသည်။

ထိုရက်များတွင် ရွမ်းယုသည် နာ့နာ့စီကိုသွားမည်ဖြစ်သည်။

ကျီဟုန်ဘင်း သည် မျက်မှောင်ကြုတ်ကာ လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့သည်။

ခေါင်းကိုလည်း ညင်သာစွာ ခါလိုက်သည်။

“ဒီအတိုင်း သုံးနှစ်လောက် ပင်ပန်းခဲ့တာတွေကိုဖြုန်းတီးပစ်ရတော့ မှာလား။ ဒီလိုမျိုး ပျိုးပင်ကောင်းတစ်ပင်ဟာ မဖြစ်သင့်တဲ့ ပြဿနာတစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အဲဒါ တကယ်ပဲ…”

ထိုအချိန်တွင် လေ့ကျင့်ရေးခေါင်မိုးမှ အနက်ရောင်ဝတ်လူတစ်ဦးသည် လန်ရွမ်းယုအားကြည့်နေသည်ကို ဘယ်သူမှမတွေ့လိုက်ကြပေ။

……….

“မင်းရဲ့ အဖိုးတန်တပည့်ကို ကျေးဇူးတင်ပါတယ်။ အဲ့နေရာကို ဝင်ခွင့်ရဖို့ အခြေခံလိုအပ်ချက်က အသက် 12 နှစ်မတိုင်မီ အဆင့် 20ကိုရောက်ရမယ်...လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက အဲ့တာကိုသတ်မှတ်ခဲ့တာ။ ဒါပေမယ့် မင်းရဲ့အဖိုးတန်တပည့်ကတော့ အခု အဆင့် 20တောင်မရောက်သေးဘူး၊ မင်းလုံးဝစိတ်မပူဘူးလား.... အရင်က မင်းလိုချင်တာကို မေ့နေပြီလား”

ရင်ထျန်းဖန်ဟက်ဟက်ပက်ပက် ရယ်သည်။

“မမေ့ပါဘူး! ငါ့ရဲ့ အဖိုးတန် တပည့်ကောင်းလေး။ စကားမစပ် ဘာကြောင့် သူ့ကို ငါ့တပည့်ကောင်းလေးလို့ ခေါ်တာလဲ။ သူက မင်းတပည့်လည်းမဟုတ်ဘူးလား။ သူ့ရဲ့ ဝိညာဉ်စွမ်းအား အားနည်းတဲ့အတွက် ငါ့ကို အပြစ်တင်နေတာလား...ကျီဟုန်ဘင်း.... “

ကျီဟုန်ဘင်း က ဒေါသတကြီးနဲ့

“ငါ အပြစ်တင်နေတာမဟုတ်ဘူး...ငါလည်းနည်းမျိုးစူံနဲ့ကြိုးစားနေတာပဲ... သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေက တိုးမှမလာတာ....ငါဘာလုပ်ရမှာလဲ။ ဒီကောင်က နေ့တိုင်း ကောင်းကောင်းစားတယ်၊ သူက ငါ့ထက်တောင် အဖိုးတန်တဲ့ ပစ္စည်းတွေကို ပိုစားတယ်၊ ဒါပေမယ့် သူ့ရဲ့ ဝိညာဥ်စွမ်းအားက မတိုးလာဘူး။ မင်း စိတ်မပူဘူးလား? မင်းအိမ်မက်ကကော”

ရင်ထျန်းဖန်ု အရက်ခွက်ကို ချလိုက်ပြီး

“ဘာလို့ စိတ်ပူရမှာလဲ? မမေ့ပါနဲ့။ ငါ့အတွက် ဝိညာဉ်စွမ်းအားကအရေးမကြီးဘူး.... ငါ့အိမ်မက်အတွက်လိုအပ်ချက်က အသက် 12 နှစ်အောက် အမှတ် 200 ဝိညာဉ်ရေးရာစွမ်းအားတစ်ခုထဲပဲ.... အများအားဖြင့်၊ အမှတ် 300 နဲ့အထက်ရှိတဲ့လူတွေပဲ စာရင်းသွင်းခွင့်ရှိတယ်။ ဒါမဲ့ ငါ့ရဲ့ အဖိုးတန်တပည့်ရဲ့ ဝိညာဉ်ရေးရာ စွမ်းအားက ဘယ်လောက်လဲ မင်းသိပါတယ်...ငါ့အတွက်ပူစရာမှမရှိတာ... ငါက ဘာကြောင့် စိုးရိမ်ရမှာလဲ..... “

“မင်း…”

ကျီဟုန်ဘင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး

“နောက်တစ်လ၊ နောက်ထပ်တစ်လပဲ ကျန်တော့တယ်၊ သူ အသက်က 12 နှစ်ရှိနေပြီ.... သူကိုယ်တိုင် အဆင့် 20 ကို မကျော်ဖြတ်နိုင်ရင် သူတကယ် ဝိညာဥ်မာစတာ ဖြစ်မလာမှာကို ငါကြောက်တယ်။ သနားစရာပဲ! ”

………….

“ဆရာကျီက မင်းကို အနားယူခွင့်ပြုဖို့ သဘောတူလိုက်တာလား။ ရတယ်၊ မင်း အမေကို လက်မှတ်တွေ အမြန်ဆုံး ဝယ်လိုက်မယ်။ မနက်ဖြန် ကောင်းကင်ဘုံမြို့ကို သွားမယ်။”

လန်ရှောင်းသည် နာ့နာ့ပြောခဲ့သည်များကိုမမေ့ပေ။ အဆင့် ၂၀ မကျော်ဖြတ်မီသူမအားလာတွေ့ရန်ပြောခဲ့သည်။ လန်ရွမ်းယုကိုယ်ထဲရှိစွမ်းအားများသည် အလွန်အန္တရာယ်များသောကြောင့် ဖြစ်သည်။ ထို့ကြောင့ သူ့သားထံမှ သတင်းရသောအခါတွင် နှောင့်နှေးမှု မပြုဝံ့ဘဲ နန်ချိန် ကို လက်မှတ်များဝယ်ရန်ပြောလေ သည်။

“မင်း အနားယူမလို့လား”

“အင်း၊ ဆရာကျီ က ငါ့ကို ရက် 20 လောက် အနားယူဖို့ သဘောတူလိုက်တယ်။ မင်းတို့ကောင်တွေကော။ ဘယ်သွားမလို့လဲ” လန်ရွမ်းယုက လျိုဖိန်နှင့်ချန်းလိန် တို့ကိုမေးလိုက်သည်။

သုံးနှစ်ရှိပြီ၊ သူတို့ နှစ်ယောက်လုံးလည်း ပိုမိုကြီးပြင်းလာကြသည်။

သူတို့၏ ဒုတိယဝိညာဥ်စွမ်းရည်များကိုလည်း ရရှိထားပြီး ယခင်ထက် များစွာ ပိုမိုအားကောင်းလာခဲ့သည်။ လျိုဖိန်သည် အဆင့် 26 ဖြစ်ပြီး ချန်းလိန် သည် အဆင့် 25 ဖြစ်သည်။

“စားဖို့၊ သောက်ဖို့၊ ပျော်ဖို့ အိမ်ပြန်မယ်။ ဟားဟား!” ချန်းလိန်လည်း ကြည်နူးစွာပြောသည်။

လျိုဖိန် က “ငါလည်း ပြန်သွားပြီး အားလပ်ချိန်မှာ အဆင့် 27 ကို ကျော်ဖြတ်ဖို့ လုပ်ရမယ်...”

All Chapters