Chapters

အခန်း (၁၂၆+၁၂၇)

Vol. 9 Ch. 126+127

အခန်း (၁၂၆+၁၂၇)

Vol. 9 Ch. 126+127

“မေမေ၊” လန်ရွမ်းယုအိမ်သို့ပြန်ရောက်လာလေသည်။ ရွမ်းယုအိမ်မပြန်ရသည်မှာကြာပြီဖြစ်သည်။ နန်ချိန် သည် ချက်ချင်းပင် မီးဖိုခန်းထဲမှ ပြေးထွက်လာခဲ့သည်။ ထို့နောက် သားဖြစ်သူကို ပွေ့ဖက်လိုက်သည်။

“နောက်ဆုံးတော့ ငါ့သားလေး အိမ်ပြန်လာပြီ။ မင်းအမေကို နမ်းပါဦး”

“မွ...မွ”

“မေမေ့ကို မလွမ်းဘူးလား”

“လွမ်းတာပေါ့ ။” လန်ရွမ်းယုသည် မိခင်ဖြစ်သူကိုတင်းကြပ်စွာဖက်ထားလေသည်။ တင်းတင်းကျပ်ကျပ်ပွေ့ဖက်မှုကို နွေးထွေးမှု

“ကောင်းပြီကောင်းပြီး ခဏနား.... အမေက မင်းအတွက် စားစရာတွေ ပြင်ဦးမယ်။ လက်မှတ်ဝယ်ခိုင်းတယ်။ လက်မှတ်တွေလည်းပြင်ထားပြီးပြီ မနက်ဖြန် ထွက်မယ်။ ဆရာမ နာ့နာ့ ရဲ့ လက်ရှိလိပ်စာကို တောင်းခဲ့လား “

“ဟုတ် သားတောင်းခဲ့တယ်။”

လန်ရှောင်းသည်လည်း အနည်းငယ်ကြာသောအခါ အိမ်သို့ပြန်လာခဲ့သည်။ မိသားစုသုံးယောက်သား ပျော်ရွင်စွာ ညစာ စားခဲ့ကြသည်။

သူတို့သည် နောက်တစ်နေ့ခရီးအတွက်လည်း ပြင်ဆင်ခဲ့ကြသည်။

…………….

“ဒီနေ့ တက်ရောက်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဒီဖျော်ဖြေပွဲသည် သူ့ရဲ့ဖျော်ဖြေပွဲရဲ့ နောက်ဆုံးဖျော်ဖြေပွဲဖြစ်သည်။

လီချင်းလင်းလျှောက်လာပြီး

“ နင့်ရဲ့ သီချင်းအသစ်က ဘယ်တော့ထွက်မှယလဲ။ မင်းရဲ့သီချင်းအသစ်အတွက် ငါတို့ပရိသတ်တွေ မျှော်နေတာကြာနေပြီ”

ထန်လီ က သူမကို ပြုံးပြပြီး

“အခွင့်ရေးလာတဲ့အခါ သီချင်းအသစ်တစ်ပုဒ်ရမှာပါ”

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထန်လီ ၏အမည်သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

သို့သော် သူ့တွင် သီချင်းငါးပုဒ်သာ ရှိသေးသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသီချင်းငါးပုဒ်သည် သူ့ကို ကြယ်တစ်ပွင့်ဖြစ်လာစေခဲ့သည်။

“ငါတို့ရဲ့ အစီအစဉ်အရ အားလပ်ရက်တွေ ရပြီ အားလပ်ရက်မှာ ကမ်းခြေတစ်ခုခုသွားမလား”

“ငါ ကမ်းခြေ မသွားချင်ဘူး။ မနက်ဖြန် ကောင်းကင်ဘုံဂြိုလ် ကိုသွားကြရအောင်။”

“ ကောင်းကင်ဘုံဂြိုလ် ? ဘာအတွက်လဲ?”

လီချင်းလင်း အံ့သြစွာမေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး.....နင်အဆင်မပြေရင် ငါ့ဘာသာ သွားလိုက်မယ်”

“မဟုတ်ဘူး၊ ငါမင်းနဲ့လိုက်ခဲ့မယ်။ ငါလည်း ဘာမှမဖြစ်ပါဘူး။ငါလိုက်ခဲ့မယ်”

“အင်း... ကောင်းပြီ။”

နောက်တစ်နေ့ မနက်စောစော.......

လန်မိသားစုသည် မနက်အစောကြီး အိမ်မှထွက်လာခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ အာကာသယာဥ်ပေါ်သို့တက်ခဲ့ကျလေသည်။

သုံးနှစ်တာလုံးတွင် ရွမ်းယုသည် အာကာသယာဥ်မျိုးစုံကိုမောင်းနှင်ခဲ့ဖူးသည်။ ပညာများစွာလည်းရခဲ့ ပြီဖြစ်သည်။ အာကာသယာဥ်ထွက်ခါနီးတွင်

အာကာသယာဉ်ပေါ်တက်သောအခါ နောက်ဆုံးလူတစ်စု တက်လာခဲ့သည်။ အရပ်ရှည်ရှည် ကိုယ်ရံတော် ရှစ်ဦးသည် လူတစ်ဦးကို ဝန်းရံကာတက်လာလေသည်။ ထိုလူဘေးနားတွင်လည်းကောင်မလေးတစ်ဦးရှိနေလေသည်။

သူတို့သည် အာကာသယာဉ်ရှိ အထူးခန်းသို့ဦးတည်သွားခဲ့ကြသည်။ အထူးခန်းတွင်

အိပ်ခန်းလေးခန်း၊ ရုပ်ရှင်ရုံတစ်ခုနှင့် ရေချိုးခန်းတစ်ခုပင်ပါရှိသည်။ ကုန်ကျစရိတ်မှာလည်း မသေးပေ။ အခန်းထဲသိူ့ရောက်သောအခါ လီချင်းလင်သည် သူမ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီး သက်တော်စောင့်များဆီသို့

“အားလုံး အနားယူလို့ ရပါတယ်”

ထန်လီသည် လည်း သူ့ရဲ့မျက်နှာဖုံးကို ဖြုတ်ချလိုက်သည်။ ထိုနေ့တွင် သူသည် မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားကာသူ၏ အရပ်ရှည်ပြီး ပြီးပြည့်စုံသောခန္တာကိုယ် တည်ဆောက်ပုံကို ပေါ်လွင်နေစေသည်။

လီချင်းလင်က

“နားဦး... ရေသွားယူလိုက်ဦးမယ်”

“ကောင်းပြီ” ထန်လီ ခေါင်းညိတ်လိုက်သည်။

ဆိုဖာပေါ်တွင်ထိုင်ကာ ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်သည်။ ထို့နောက် အကြောင်းတစ်ခုခုကြောင့် သူပြုံးလိုက်မိသည်။

ရိုးရိုးတန်းတွင် လန်ရွမ်းယုတို့မိသားစုရှိနေလေသည်။ ထိုအရာကပဲ ထန်လီကိုပျော်ရွင်စေခဲ့သလား မပြောတတ်ပေ။

လက်ရှိခရီးစဉ်သည် ရက် ၂၀ အပန်းဖြေခရီးဖြစ်ပြီး အသွားအပြန်အတွက် ၁၄ ရက်ကြာမည်ဖြစ်သည်။ အာကာသယာဥ်စတင်ပျံသန်းသောအခါ လန်ရွမ်းယုသည်တရားစတင်ထိုင်တော့သည်။

သူသည် အဆင့် 19 ၏ အထွတ်အထိပ်သို့ ရောက်နေပြီး အဆင့် 20 အနီးတွင် ရှိနေလေ သည်။

Endend…….