အခန်း (၁၂၈)
Vol. 9 Ch. 128
သူသည် ခြောက်နှစ်အရွယ် ကလေးမဟုတ်တော့ပေ။ ထို့ကြောင့် အာကာသယာဥ်ပျံတက်မှုကိုအရင်လိုစိတ်မလှုပ်ရှားတော့ပေ။ သူ့အခြေအနေက တော်တော်ထူးဆန်းသည်ဟု သူခံစားမိသေးသည်။ သူ၏ ပထမဆုံး ဝိညာဉ်ကွင်းသည် အလိုလိူပေါ်ခြင်းဖြစ်သည်။ မိဘများကို မေးပေမယ့် သူတို့လည်း မသိကြပေ။
ဒါကြောင့် သူနောက်ထပ်ဝိညာဥ်ကွင်းကို ဘယ်လိုရမလဲဆို အရမ်းသိချင်နေခဲ့သည်။ သူ့အား မည်သည့် ဝိညာဉ်စွမ်းရည် ပေးမည်နည်း။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်ထားသောလူတစ်ဦးသည် ရိုးရိုးတန်းထဲသို့ ဝင်လာပြီး တရားထိုင်နေသော လန်ရွမ်းယုကို ကြည့်နေလေသည်။
အကြည့်များတွင် နွေးထွေးမှု...ထူးဆန်းမှုများပြည့်နေလေသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားခဲ့သည်။ အာကာသယာဉ်သည် စကြဝဠာအတွင်းတွင် ပျံသန်းနေဆဲဖြစ်သည်။
လန်ရွမ်းယုသည် တရားထိုင်ရာမှ ဖြည်းညှင်းစွာ နိုးလာပြီး အိမ်သာသွားလာသောအခါ လုံခြုံရေးခါးပတ်ကို အမြန်ချွတ်ပြီး ထွက်လာလေသည်။
ထိုအချိန်
“တီ...တီ”
ပြန်ထွကိခါနီးတွင် အချက်ပေးသံတစ်ခု ထွက်ပေါ်လာသည်။
အချက်ပေးသံကြောင့် ရွမ်းယု ထိတ်လန့်သွားခဲ့သည်။ သူ့
‘ဘာတွေဖြစ်နေတာလဲ?’
‘အာကာသယာဉ်ပေါ်က အချက်ပေးသံလား။ အာကာသယာဉ် ချွတ်ယွင်းသွားလို့ ဖြစ်နိုင်လား။’
“ကျေးဇူးပြုပြီး သတိထားနားထောင်ပေးပါ။ အမည်မသိအာကာသယာဉ်တစ်စီးက ကြားဖြတ်ဟန့်တားမှုကို ကျွန်တော်တို့ကြုံတွေ့နေရပါတယ်.... လူတိုင်းကို ကျေးဇူးပြု၍ မိမိတို့နေရာမှာပဲထိုင်နေကြပါ..... ကျေးဇူးပြုပြီး မထိတ်လန့်ပါနဲ့ ”
လန်ရွမ်းယု ထိတ်လန့်သွားပြီး အိမ်သာတံခါးကိုပင် မဖွင့်ရဲပေ။
‘အမည်မသိအာကာသယာဉ်က ကြားဖြတ်ဟန့်တားတာလား။ ဘာဖြစ်နေတာလဲ?’
စကြာဝဠာကြီးသည် ကျယ်ပြောလှပြီး ထိုသို့ဖြစ်ရန်မှာ ဖြစ်နိုင်ချေနည်းလွန်းသည်။ ဆရာပြောခဲ့တဲ့ အာကာသဓားပြများသာ ထိုသို့လုပ်နိုင်သည်။ အာကာသပင်လယ်ဓားပြများသည် လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများလုပ်တတ်ကြောင်း ရင်ထျန်းဖန်ပြောပြဖူးသည်ကို သတိရမိသည်။
“အာကာသပင်လယ်ဓားပြ.... ငါတို့ကို အာကာသပင်လယ်ဓားပြတွေ တိုက်ခိုက်နေတာလား”
တံခါးအပြင်ဘက်မှ ထိတ်လန့်တုန်လှုပ်နေသော အသံများကို ကြားလိုက်ရသည်။
လေယာဉ်ဝန်ထမ်းများအချင်းချင်းပြောနေပုံရသည်။
“ အာကာသယာဉ်ငါးစင်း ငါတို့ကိုဝိုင်းထားတယ်”
“ငါတို့ယာဥ်မှာ အာကာသ စစ်သင်္ဘော မရှိဘူးလား။”
“နောက်နေတာလား? ငါတို့မှာရှိတဲ့ အာကာသစစ်သင်္ဘောတစ်စင်းထဲနဲ့ အာကာသယာဉ်ငါးစင်းကို ဘယ်လိုရင်ဆိုင်မှာလဲ။ အဲလိုလုပ်ဖို့အတွက်ကလည်း ပိုင်းလော့တစ်ယောက်လိုတယ်။ ကံမကောင်းလိုက်တာ ဒီတစ်ကြိမ်မှာ ငါတို့ယာဥ်မှာစစ်အာကာသယာဥ်ပိုင်းလော့ပါမလာဘူး...”
“ဗွမ်း”
အာကာသယာဉ်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
“အိုးး ဘုရား၊ဘုရား သူတို့ တကယ်တိုက်ခိုက်နေတာပဲ... ငွေမတောင်းပဲ....ငါတို့ကိုသတ်ဖို့ကြိုးစားနေကြတာလား။ သူတို့ဘာလို့ဒီလိုလုပ်တာလဲ။ ဒါက ကြောက်စရာကောင်းလွန်းတယ်။ အကာအကွယ်အကာတွေ ကြာရှည်မခံမှာကို ကြောက်ရတယ် ငါတို့သွားပြီ၊ ငါတို့ ဇာတ်ဆုံးပြီ! ငါအိမ်ထောင်မပြုသေးဘူး မသေချင်ဘူး!”
အပြင်တွင် ထိုကဲ့သို့အသံများ ပဲ့တင်နေခဲ့သည်။
အာကာသပင်လယ်ဓားပြများသည်လည်း စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ဓားပြများဘက်တွင်
အသေးစား အာကာသယာဉ်ငါးစင်းရှိလေသည်။
ဤသည်မှာ လက်ရှိအခြေအနေပင်ဖြစ်သည်။ သို့သော် လန်ရွမ်းယုကို နှိုးဆော်နေသည့် တစ်ခုတည်းသော အရာမှာ သူတို့ရဲ့ အာကာသယာဉ် တွင် အမှန်တကယ် အာကာသ စစ်သင်္ဘော တစ်စင်း ရှိနေခြင်း ဖြစ်သည်။ သို့သော် လေယာဉ်မှူး မရှိခဲ့ပါ။
“ဗွမ်း၊ ဗွမ်း၊ ဗွမ်းး!” အာကာသယာဉ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေသည်။
အထူးခန်းထဲတွင်....
ထိတ်လန့်တုန်လှုပ်စွာဖြင့် လီချင်းလင် သည် ထန်လီ ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
“ငါတို့ ဘာလိုလုပ်မလဲ။ အာကာသပင်လယ်ဓားပြတွေ...... အာကာသပင်လယ်ဓားပြတွေ.... ငါတို့ဘာလုပ်ကြမလဲ? ငါမသေချင်သေးဘူး၊ ငါအိမ်ထောင်မပြုရသေးဘူး၊ငါ မသေချင်သေး ဘူး!”
ထန်လီက “အဆင်ပြေမှာပါ၊ ငါတို့အဆင်ပြေမှာပါ။ ငါတို့မှာ သက်တော်စောင့်တွေ ရှိတယ်လေ....သူတို့က စက်ရုပ်မာစတာတွေမလား ..စက်ရုပ်တွေက အာကာသထဲမှာလည်း တိုက်ခိုက်နိုင်ပါတယ် သူတို့ကို အမြန်ဆက်သွယ်ပြီး ချက်ချင်း တိုက်ခိုက်ဖို့ ခေါ်လိုက်”
“အိုး၊ အိုး၊ မှန်တယ် မှန်တယ်”
သက်တော်စောင့်များကို ရှာတွေ့သောအခါ အဆိုပါ ကျွမ်းကျင်သော ကိုယ်ရံတော်များသည် အာကာသယာဉ်ပေါ်ရှိ အမှုထမ်းများနှင့် ဆက်သွယ်ခဲ့သည်။
ထိုအာကာသဓားပြများသည် မည်မျှရက်စက်ကြမ်းကြုတ်သည်ကို လူတိုင်းသိကြသည်။ မဟုတ်ရင် အားလုံးသေကြလိမ့်မည်။
“ထန်လီ၊ ငါအရမ်းကြောက်တယ်!”
ထန်လီက သူမခေါင်းကို ပွတ်သပ်လိုက်သည်။
“မကြောက်ပါနဲ့ ငါတို့အဆင်ပြေမှာပါ”
လီချင်းလင် က တုန်လှုပ်ခြောက်ခြားစွာဖြင့်
“ထန်လီ... နင့်ကို ငါမေးစရာရှိတယ်။ နင် ငါ့ကိုချစ်လား? ငါတို့ အတူတူနေလာတာလည်း နှစ်အတော်ကြာနေပြီ၊ မင်း ငါ့ကို ချစ်ဖူးလား”
ထန်လီ ခဏမျှ အံ့အားသင့်သွားသော်လည်း ပြုံးလိုက်သည်။
“ချစ်ပါတယ်၊ ငါချစ်တယ်။ မင်းက ငါ့ရဲ့ကယ်တင်ရှင်ပဲ။ ငါ မင်းကို ငါ့ရဲ့ညီမငယ်အဖြစ် အမြဲတမ်းချစ်တယ်။ စိတ်မပူပါနဲ့၊ ငါတို့အဆင်ပြေလိမ့်မယ်။ မင်းကိုငါကာကွယ်မယ်။”
“ညီမလေး! ဘယ်သူက အဲ့တာကိုလိုချင်လို့လဲ…”
“ဗွမ်း ” အာကာသယာဉ်သည် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
“အားးး” လီချင်းလင် ထအော်လိုက်သည်။
လန်ရွမ်းယု သည် အိမ်သာတံခါးကို တွန်းဖွင့်သည်။ အိမ်သာဘေးရှိ ယာယီထိုင်ခုံများတွင် လေယာဉ်ဝန်ထမ်းနှစ်ဦးသည် ထိုင်ခုံခါးပတ်ကို ကိုင်ထားကာ တုန်လှုပ်နေကြသည်။
လန်ရွမ်းယု သည် ၎င်းတို့ဆီသို့ ပြေးလွှားပြီး “ကျွန်တော်က ကောင်းကင်ဝိညာဥ်အကယ်ဒမီက အာကာသယာဥ်ကျောင်းသားတစ်ယောက်ပါ... အာကာသစစ်သင်္ဘော မောင်းနှင်မှုကို အဓိကသင်ထားပါတယ်... မြန်မြန်၊ ငါ့ကို အာကာသယာဉ်ပေါ်မှာရှိတဲ့ အာကာသစစ်သင်္ဘောဆီ ခေါ်သွားပါ။”
“ဟမ်? မင်းက?”
ထိုအချိန်တွင် အာကာသယာဉ်၏ အောက်ခြေရှိ တံခါးများ ပွင့်လာပြီး အရာဆယ်ခုကျော် ထွက်ပေါ်လာသည်။ ခရမ်းရောင် ရှစ်ခုနှင့် အဝါရောင် စက်ရုပ်လေးခုဖြစ် သည်။ ခရမ်းရောင်စက်ရုပ်များသည် ထန်လီ ၏ ကိုယ်ရံတော်များ ဖြစ်ပြီး အဝါရောင် စက်ရုပ်များသည် အာကာသယာဉ်၏ လုံခြုံရေး ဝန်ထမ်းများ ဖြစ်သည်။
စက်ရုပ်များ နှင့် အာကာသယာဥ်များ အကြားအကြီးမားဆုံးကွာခြားချက်မှာ စက်ရုပ်များ သည် အာကာသထဲ တွင်အချိန်ကြာမြင့်စွာ မတိုက်ခိုက်နိုင်ဘဲ၊ အချိန်တိုသာတိုက်နိုင်သည်။ သို့သော် ယခုအချိန်တွင် ၎င်းတို့တွင် အခြားရွေးချယ်ခွင့်မရှိပေ။ endend……