Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

“မြန်မြန်၊ ငါ့ကို ခေါ်သွား”

လန်ရွမ်းယုထပ်မံပြောလိုက်လေသည်။

“မင်း… အာကာသစစ်သင်္ဘောကို ဘယ်လို မောင်းရမလဲ တကယ် သိလို့လား” လေယာဉ်ဝန်ထမ်းက မယုံနိုင်သောကြောင့်မေးလိုက်လေသည်။

“သိတယ်”

ယခုအချိန်တွင် သူ့မိဘများသည် အာကာသယာဉ်ထဲတွင် ရှိနေကြပြီး အာကာသပင်လယ်ဓားပြများက ယာဥ်ကို ဖျက်ဆီးပါက သူတို့မိသားစုတစ်ခုလုံး သေဆုံးရမည်မှာ သေချာသည်။

‘ဖေဖေ နဲ့ မေမေ ကို ငါ ကာကွယ်ရမယ်’

လေယာဉ်ဝန်ထမ်းသည် ထိတ်လန့်တုန်လှုပ်နေပြီး လန်ရွမ်းယုရဲ့ ယုံကြည်မှုရှိနေသောအမူအရာကြောင့် စစ်သင်္ဘောရှိရာသို့ ပို့ဆောင်ပေးခဲ့သည်။

ရွမ်းယုသည် တကယ့် အာကာသစစ်သင်္ဘောကို ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့သည်။

အရှည် ၂၅ မီတာခန့်ရှိပြီး အဓိကလက်နက်မှာ လေဆာ အမြောက်ဖြစ်သည်။ ရွမ်းယု အရမ်းဝမ်းသာသွားတယ်။

“ကျေးဇူးတင်ပါတယ်”

ရွမ်းယု လေယာဉ်ခန်းထဲသို့ ဝင်ထိုင်လိုက်လေသည်။ သူနှင့်ရင်းနီးပီးသာ အခြေအနေများကို စတင်လုပ်ဆောင်လေသည်။

လန်ရွမ်းယုသည် အာကာသယာဥ်ပညာကို သုံးနှစ်ကျော် သင်ယူခဲ့ရသည်။ ယာဥ်အဖုံးမှာ ဖြည်းညှင်းစွာ ပိတ်သွားသည်။

ထိုအခိုက်အတန့်တွင် ယာဥ်ဆက်သွယ်ရေးစက်မှ အသံတစ်ခုထွက်လာပြီး

“စစ်သဘော်ထဲက ဘယ်သူလဲ။ အာကာသစစ်သင်္ဘောကို ဘယ်သူဝင်မောင်းနေတာလဲ။ ငါက အခုအရပ်သားအာကာယာဥ်ရဲ့ကပ္ပတိန်ပါ။”

လန်ရွမ်းယုကလည်းဆက်သွယ်ရေးစက်မှတဆင့်

“ဟယ်လို ကပ္ပတိန်၊ ကျွန်တော်က အာကာသ စစ်သင်္ဘော လေယာဉ်မှူး ပါ။ ဤအာကာသယာဉ်ပေါ်မှာ အာကာသစစ်သင်္ဘောကို မောင်းနှင်မဲ့လူမရှိလို့ ပြောတယ်..... ရှေ့မှာ ရန်သူတွေရောက်နေပြီ..... မင်းရဲ့ခွင့်ပြုချက် တောင်းဖို့ ငါ အချိန် မရှိဘူး။ ကျေးဇူးပြုပြီး အောက်ကုန်းပတ်ကိုဖွင့်ပြီး တိုက်ပွဲဝင်ခွင့်ပြုပါ။”

“မင်းက စစ်သင်္ဘောမောင်းသူလား။ မင်းရဲ့နာမည်ကဘာလဲ။ မင်းက ဘယ်ဌာနကလဲ” း

“အခု အများကြီး မေးမနေနဲ့တော့....ကပ္ပတိန် အောက်ထပ်ကို အမြန်ဖွင့်ပါ။ မဟုတ်ရင် အာကာသယာဥ်ပျက်စီးသွားလိမ့်မယ်။ မင်းငါ့ကိုယုံရမယ်။” လန်ရွမ်းယုသည် အာကာသယာဉ်မောင်းရန် အသက်မပြည့်သေးသော်လည်း အတော်ပင် ရင့်ကျက်နေပြီဖြစ်သည်။ သူသည် ၁၂ နှစ်သားကလေးမျှသာဖြစ်ကြောင်း ထုတ်ဖော်ပြလို့မရသည်ကို ရှင်းရှင်းလင်းလင်းသိသည်။

“ကောင်းပြီ ငါ မင်းကိုယုံရမှာပေါ့”

ကပ္ပတိန်သည် နောက်ဆုံးတွင် သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သူ့တွင် တခြားရွေးချယ်စရာလည်း မရှိပေ။ ယာဥ်မကြီးရဲ့တံခါးပွင့်လာလေသည်။ လန်ရွမ်းယု၏ ဝိညာဉ်ရေးရာ စွမ်းအားသည် ချက်ချင်းပင် လေယာဉ်နှင့် ပေါင်းစပ်သွားခဲ့သည်။

လက်နှစ်ဘက်စလုံးသည် စည်းချက်ညီညီ လှုပ်ရှားနေကာ အာကာသတိုက်လေယာဥ်ကို ကျွမ်းကျင်စွာထိန်းချုပ်လိုက်သည်။ ထို့နောက် အာကာသထံသို့မောင်းထွက်သွားလေသည်။

ထန်လီသည် အထူးခန်းတွင် ငြိမ်သက်စွာ ထိုင်နေပြီး ပြတင်းပေါက်မှ အပြင်ဘက်ရှိ အရာအားလုံးကို မြင်နေရသည်။

ထိုအချိန်တွင် စက်ရုပ် 12 ကလည်း ဓားပြများကိုစတင်တိုက်ခိုက်နေပြီဖြစ်သည်။ အဝါရောင်နှင့် အနက်ရောင် စက်ရုပ်အများအပြားသည် အာကာသဓားပ ယာဉ်များမှ တစ်ပြိုင်နက် ပျံသန်းလာကြသည်။

စက်ရုပ် ၂၀ ကျော် ဖြစ်သည်။

ထန်လီ မျက်ခုံးပင့်လိုက်သည်။ သူ၏ ညာလက်မှ ရွှေရောင်အလင်းများတောက်ပနေခဲ့သည်။

ပင်မ အာကာသယာဉ်မှူးသည်လည်း မော်နီတာမှတဆင့် ရွမ်းယုမောင်းသွားသော အာကာသစစ်သင်္ဘောကို ကြည့်ရှုနေခဲ့သည်။ မောင်းနှင်သွားသည်မှာ လွန်စွာ ကျွမ်းကျင်သည်ကို သူတွေ့မြင်နိုင်သည်။

Endend……