← Chapters

အခန်း (၁၃၀+၁၃၁)

Vol. 9 Ch. 130+131

အခန်း (၁၃၀+၁၃၁)

Vol. 9 Ch. 130+131

ထိုအချိန်တွင် နှစ်ဖက်စလုံးမှာ စစ်မြေပြင်ဖြစ်နေခဲ့သည်။ ဓားပြ အာကာသယာဉ်ငါးစင်းအတွင်းမှ စက်ရုပ် ၂၀ သည် ရုတ်တရက် ပေါ်လာပြီး ရွမ်းယုတို့အာကာသယာဥ်မှစက်ရုပ် ၁၂ ခုကို ဝင်ရောက်တိုက်ခိုက်လေသည်။

ထန်လီး၏ ကိုယ်ရံတော်များသည် အနည်းငယ်အားနည်းသည်ဟု ဆိုရပေမည်။ သို့သော် သူတို့သည် ခရမ်းရောင်စက်ရုပ်မာစတာများဖြစ်နေဆဲ ဖြစ်သည်။

ရွမ်းယုသည် စက်ရုပ်များကြားသို့မောင်းဝင်သွားလေသည်။

မြေပြင်တွင် အာကာသစစ်သင်္ဘောများသည် စက်ရုပ်များထက် အားနည်းသည်။ သို့သော် အာကာသထဲမှာတော့ အာကာသစစ်သင်္ဘောများ၏ ပစ်ခတ်မှုအရှိန်မှာ အားသာချက်ပင်........

ရန်သူဘက်မှလည်း တိုက်လေယာဥ်ကိုသတိပြုမိကာ စက်ရုပ်လေးခုကိုလွှတ်လိုက်လေသည်။

ရွမ်းယုသည် စက်ရုပ်လေးကောင်ကိုတိုက်ခိုက်ရန်ပြင်ဆင်ရတော့သည်။

သူသည် အာကာသတိုက်ပွဲ သရုပ်ပြမှုများတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပါဝင်ခဲ့ဖူးသည်။ ထို့ကြောင့် အခြေအနေမှာအသားကျပြီးသားဖြစ်လေသည်။

ရွမ်းယုသည် အာကာသတိုက်လေယာဥ်ကို ကွေ့ပတ်မောင်းလိုက်သည်။

စက်ရုပ်များကလည်းနောကိမှ လိုက်လံပစ်ခတ်လေသည်။

သို့သော်လည်း ရွမ်းယု၏အရှိန်မှာ ပိုသာလွန်သည်။

စက်ရုပ်လေးခုမှာ ရွမ်းယုနောက်လိုက်သွားသောကြောင့် ပင်မစစ်မြေပြင်တွင် ရန်သူစက်ရုပ်များ၏ ဖိအားများ လျော့ကျသွားသည်။

ရွမ်းယုသည် အဝေးသို့ရောက်သောအခါ ပြန်လှည့်လာပြီး တိုက်ခိုက်မှုကိုစတင်တော့သည်။

လေဆာတန်းများဖြင့် စတင်ပစ်ခတ်တော့သည်။

ထို့နောက် စက်ရုပ်လေးကောင်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်လေသည်။ ရွမ်းယုသည် သူ၏ကျွမ်းကျင်သောယာဥ်မောင်းပညာများကိုထုတ်သုံးပြခဲ့လေသည်။ စက်ရုပ်များကြားမှဖောက်ထွက်ခြင်း...... အလစ်တိုက်ခြင်းစသည်ဖြင့် မျိုးစုံထုတ်ပြခဲ့သည်။

“ဗွမ်း.....”

အဝါရောင် ရန်သူစက်ရုပ်တစ်ခု ပေါက်ကွဲသွားလေသည်။ ရွမ်းယု၏တိကျသောပစ်ခတ်မှုကို ရန်သူစက်ရုပ်မရှောင်နိုင်ခဲ့ပေ။

ကျန်ရှိသော စက်ရုပ်သုံးခု အံဩသွားလေသည်။

သူတို့ ထိတ်လန့်တုန်လှုပ်နေချိန်တွင်

“ဗွမ်း......”

နောက်ထပ် ရန်သူစက်ရုပ်တစ်ခုကို ရွမ်းယုဖျက်စီးလိုက်လေသည်။

စက်ရုပ်နှစ်ခုကို ဖျက်ဆီးပြီးနောက် လန်ရွမ်းယု သည် ဓားပြများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

ဓားပြ အာကာသယာဉ်နှစ်စင်းအနက်မှ တစ်စီးသည် လန်ရွမ်းယုဆီသို့ ဦးတည်လာလေသည်။

ထိုယာဥ်မှာလည်း တိုက်လေယာဥ်တစ်မျိုးဖြစ်လေသည်။ သို့သော် လန်ရွမ်းယုမကြောက်ခဲ့ပေ။

ချက်ချင်းပင် အရှိန်အပြည့်တင်လိုက်သည်။

သို့သော် သူသည် အာကာသယာဉ်များနှင့် နီးကပ်စွာ မနေရဲပေ။

ထို့နောက် အဝေးမှ ကြီးမားသော ငွေရောင်အလင်းတန်းကြီး သူ့ဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။

အဲဒါကတော့…

လျှပ်စီး ပိုက်ကွန်......

ထိုအရာမှာ အာကာသယဥ်များကိုဖမ်းချုပ်ရန်အထူးထုတ်ထားသော လျှပ်စီးပိုက်ကွန်ဖြစ်လေသည်။ လန်ရွမ်းယုသည် ရှောင်တိမ်းရန်ကြိုးစားသော်လည်း နောက်ကျသွားချေပြီ.....

လျှပ်စီးပိုက်ကွန်သည် ရွမ်းယု၏အသိစိတ်ကို နှေးကွေးစေရုံသာမက သူ၏ စစ်သင်္ဘောစနစ်များကိုလည်း ကြီးမားသော အနှောင့်အယှက်များဖြစ်စေခဲ့သည်။

လျှပ်စီးပိုက်ကွန်သည် ဒုံးကျည်တစ်စင်းနှင့် ဆင်တူပြီး အစပိုင်းတွင် မမြင်နိုင်ပေ။ သတ်မှတ်ထားသော အကွာအဝေးတစ်ခုရောက်မှသာ ရုတ်တရက်ပွင့်လာပြီး အားပြင်းသော နှောင့်ယှက်ရေးစွမ်းအားကို ထုတ်ပေးသည်။

လျှုပ်စီးပိုက်ကွန်သည် ရွမ်းယု၏ယာဥ်ကို ချက်ခြင်းချုပ်နှောင်ထားလိုက်သည်။

ထို့နောက် ရန်သူစက်ရုပ်သုံးခုကလည်း သူ့ကိုအမြှောက်များဖြင့်ချိန်ထားလေသည်။

ငါတော့သေပြီ…

ထိုအခိုက်အတန့်တွင် သူ့နှလုံးသားသည် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ၎င်းအတွက် ကုသဆေးမရှိပေ။

သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဘာလဲ..... အဲဒါ နဂါးလား?

ဟုတ်ပါတယ်....ကျယ်ပြောလှတဲ့ စကြာဝဠာကြီးထဲတွင် ဧရာမရွှေနဂါးကြီးတစ်ကောင်ပေါ်လာခြင်းဖြစ်ပြီး ထိုနဂါးကြီးသည် ရွမ်းယုရဲ့ရန်သူစက်ရုပ်သုံးခုရှေ့တွင် ရုတ်တရက်ပေါ်လာသည်။

( ကိုတို့ရဲ့ ချို့ယွင်းနေတဲ့ဆယ်နှစ်သား မြက်မြွေ စိတ်ဝိညာဥ်လေး ပြန်လာပါပြီ... )

ထို့နောက် မီးများမှုတ်ထုတ်လိုက်ကာ ရန်သူစက်ရုပ်သုံးခုကိုအရည်ဖျော်ပစ်လိုက်လေသည်။

ထို့နောက် ဧရာမရွှေနဂါးကြီးသည် ရိုးရှင်းစွာလန်ရွမ်းယုရဲ့ယာဥ်ရှိရာကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ရွမ်းယုယာဥ်ပေါ်ရှိ လျှုပ်စီးပိုက်ကွန်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

လန်ရွမ်းယု အံသြသွားသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် အပူများနှင့် ပြည့်နှက်နေပြီး ထိန်းချုပ်၍ မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောရှိသွေးများ လျင်မြန်စွာစီးဆင်းနေလေသည်။ endend….

All Chapters