အခန်း (၁၃၂)
Vol. 9 Ch. 132
ဧရာမရွှေနဂါးကြီးသည် ရွမ်းယုကို
လေးလေးနက်နက် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြသွားခဲ့သည်။ ၎င်းသည် အလွန်လူသားဆန်ခဲ့သည်။ ထိုနောက် ရုတ်တရက် ပျောက်ကွယ်သွားကာ ရန်သူအာကာသယာဥ်များပေါ်တွင်ပေါ်လာလေသည်။
နဂါးကြီးဟာ သူ့ရဲ့ အာကာသယာဥ်ထက် အဆပေါင်း 100 မက ကြီးမား ရှည်လျားလေသည်။ ဧရာမရွှေတောင်ပံများလည်းရှိလေသည်။ ပွင့်လာသောအခါတွင် ၎င်းသည် အာကာသထဲတွင် အလွန်ထင်ရှားသည်။
ရန်သူစက်ရုပ်များ အားလုံး အရည်ပျော်ကျသွားခဲ့သည်။
‘ဒါ...ဒါက တကယ့် နဂါးလား? ရွှေနဂါးလား?’
နဂါးကြီးရဲ့ ရေစက်အေးသောမျက်လုံးများသည် ဓားပြအာကာသယာဉ်ငါးစင်းဆီသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် ရွှေနဂါးကြီးသည် ၎င်း၏အမြှီးဖြင့် အာကာသယာဥ်တစ်စီးကိုရိုက်ချလိုက်လေသည်။
ထိုလှုပ်ရှားမှုကို ဆရာမနာ့နာ့ သင်ပေးဖူးသည်ကို လန်ရွမ်းယု ချက်ချင်းပင်မှတ်မိလိုက်သည်။
‘ဟုတ်တယ်၊ အဲ့ဒါက တကယ့် ရွှေနဂါး အမြှီးရိုက်ချက်တိုက်ကွက်ပဲ!’
အာကာသယာဉ်သည် တခဏချင်းပေါက်ကွဲသွားခဲ့သည်။
သို့သော် ထိုအချိန်တွင် လန်ရွမ်းယ သည် ရုတ်တရက် အလွန်စိတ်မသက်မသာဖြစ်သွားခဲ့သည်။ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ အလင်းတန်းကြီးတစ်ခု သူ့ဆီရောက်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုအလင်းတန်းရဲ့ပစ်မှတ်က သူ မဟုတ်ပေမ။ သူ့နောက်ရှိ အရပ်သား အာကာသယာဉ်ကိုဖြစ်သည်။ သူသည် ထိုအလင်းတန်းလာရာလမ်း၌ရှိနေခြင်းဖြစ်သည်။
ထို့နောက် အရှည် 150 မီတာကျော်ရှိ စစ်သင်္ဘောတစ်စင်းသည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။
ကိုယ်ပျောက်အာကာသယာဥ်.....
ရွမ်းယုရေရွတ်လိုက်လေသည်။ ဓားပြများသည် အာကာသယာဥ်ငါးစီးသာမက ကိုယ်ပျောက်အာကာသယာဥ်ပင်ပါလာခဲ့သည်။
သို့သော် နောက်ကျသွားလေပြီ.....
အလင်းတန်းသည် အရပ်သားအာကာသယာဥ်ကိုထိတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ထန်လီသည် အပြင်ဘက်တွင်ဖြစ်ပျက်နေသမျှကို အေးအေးဆေးဆေးကြည့်ဆဲဖြစ်သည်။
ထိုရွှေနဂါးကြီး ပေါ်လာသောအခါ သူ့မျက်လုံးများသည် အနည်းငယ်အားနည်းသွားသည်။ ထိုနဂါးသည် ဘာကြောင့်မှန်းမသိသော်လည်း သူ့ ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်နေခဲ့သည်။ ဘာလို့ ငါ့မှာ ဒီလိုနဂါးမျိုးရှိတာလဲ.......
လင်းချင်းလင်ကတော့ မြင်ကွင်းကို အံ့အားသင့်နေပြီ။ ‘နဂါးလား? နဂါးက တကယ်ရှိလား’’
ထိုအချိန်တွင် ရုတ်တရက် သူမ လှုပ်ရှားလို့မရတော့သည်ကို သူမ သဘောပေါက်သည်။ သူ့မျက်လုံးများကတော့ မြင်နိုင်ဆဲဖြစ်ပြီး သူမ၏ ဦးနှောက်ကလည်း တွေးနိုင်ဆဲဖြစ်သည်။
အာကာသယာဉ်တစ်ခုလုံးသည် တစ်ချိန်တည်းတွင် ရပ်တန့်သွားခဲ့သည်။ ရွှေနဂါးကြီးသည်လည်း ရပ်တန့်သွားကာ အာကာသဓားပြ ယာဉ်လည်း ရပ်သွားသည်။ စက်ရုပ်များမှာလည်း ထိုနည်းလည်းကောင်းပင်......
ထိုအချိန်တွင် အရာအားလုံးရပ်တန့်သွားပုံရသည်။
ရန်သူအာကာသယာဥ်မှထုတ်လိုက်သော ဖျက်အားပြင်းရောင်ခြည်အလင်းတန်းကြီးသည် လန်ရွမ်းယု မောင်းနှင်နေသော အာကာသတိုက်လေယာဥ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုတော့ ရပ်တန့်သွားခဲ့သည်။ပျောက်ကွယ်သွားခြင်းမဟုတ်ပဲ ရပ်တန့်သွားခြင်းဖြစ်သည်။
လန်ရွမ်းယုလည်း လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
‘ဘာဖြစ်တာလဲ? ဘာဖြစ်နေတာလဲ။’
ထို့နောက် အံ့အားသင့်စရာ ပုံတစ်ပုံကို တွေ့လိုက်ရသည်။ လူပုံတစ်ခုဖြစ်သည်။
သူသည် လေထဲရှိ အလင်းတန်းရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပီးရပ်လိုက်လေ သည်။ ထိုလူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ထိုအလင်းတန်းသည် နောက်သို့ အနည်းငယ်ဆုတ်သွားလေသည် ။ ထို့နောက် အလင်းတန်းကြီးသည် ရန်သူအာကာသယာဥ်ထဲသို့ပြန်ဝင်သွားလေသည်။
အချိန်နောက်ပြန်ဒိုမိန်း.....
ဤအရာသည် တစ်ချိန်က ထိုလူ အလွန်သုံးများခဲ့သောအရာဖြစ်သည်။
ထို့နောက် ထိုလူသည် ရုတ်တရက် လှည့်ကြည့်ကာ လန်ရွမ်းယုကို လှမ်းကြည့်လိုက်သည်။
သူတို့သည် ဝေးကွာနေသော်လည်း လန်ရွမ်းယု သည် သူ့မျက်နှာပေါ်ရှိ နွေးထွေးမှုနှင့် အပြုံးကို အလွန်ရှင်းလင်းစွာ မြင်နိုင်လေသည်။
သူပဲ..... အဲဒီဦးလေး.... အပြာရောင်ဆံပင်ရှည်များနှင့် ထိုမျက်နှာ.....
‘သူဘာလို့ဒီကိုရောက်နေတာလဲ’
ထန်လီသည် ကိုယ်ပျောက်အာကာသယာဥ်အထက်တွင်ပေါ်လာလေသည်။
ထို့နောက် အာကာသယာဉ်ကို ညာခြေဖြင့်ခပ်ဖွဖွပင်ဆောင့်လိုက်လေသည်။ ထိုတိုက်ကွက်ကတော့ တစ်ချိန်ကသူအလွန်သူံးခဲ့သော
ရွှေနဂါးကမ္ဘာမြေကိုတုန်လှုပ်စေခြင်း......
ရွှေနဂါးရှစ်ကောင် ရုတ်တရက် ပေါ်လာသည်ပြီး ရန်သူအာကာသယာဥ်ကိုအပိုင်းပိုင်းဖြစ်အောင်ဖျက်စီးပစ်လိုက်လေသည်။
“ဗွမ်းးးး...ဗွမ်းးးး”
ရန်သူအာကာသယာဉ်သည် ဧရာမမီးလုံးကြီးတစ်ခုကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။
“ဒေါင်....ဒေါင်....!”
လူတစ်ဦးသည် အာကာသထဲတွင်ရပ်နေပြီး လန်ရွမ်းယုရဲ့ယာဥ်ကိုလာခေါက်လေသည်။ ထိုအခါ ချောမောသောထိုလူရဲ့မျက်နာကိုမြင်လိုက်ရလေသည်။
ထန်လီသည် တိုးတိုးနေဟူသောအမူအရာဖြင့်
“ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်နော်....ဘယ်သူ့မှမပြောနဲ့”
ထိုစကားကိုပြောပြီးနောက် သူပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင်ပင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ဧရာမရွှေနဂါးကြီး၏ တိုက်ခိုက်မှုကြောင့် အခြားရန်သူအာကာသယာဉ်များလည်း ပေါက်ကွဲခဲ့သည်။
Endend……