← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

ထန်လီ ၏စွမ်းအားသည် လန်ရွမ်းယု လုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။

အခြေအနေတစ်ခုလုံးကို ပြောင်းလဲဖို့ ခြေတစ်ချက်သာလှုပ်သွားသည်။

လူတစ်ယောက်၏ ခွန်အားသည် ဤမျှလောက်သော စွမ်းအားကို အမှန်တကယ် ထုတ်နိုင်ပါမည်လား။

သူက တကယ်ကော လူသားလား? ဒါမှမဟုတ် ဒဏ္ဍာရီထဲကပြောသလို နတ်ဘုရားပဲလား.....

အာကာသယာဉ်အတွင်းတွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

လီချင်းလင် သည် သူမရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာသော ထန်လီကို စိုက်ကြည့်ရင်း ရုပ်တုတစ်ခုလို ရပ်နေခဲ့သည်။

ထန်လီက “ဘာလဲ?”

လီချင်းလင် အံကြိတ်ကာ သူမ၏လက်ကို မြှောက်လိုက်ပြီး ရုတ်တရက် ထန်လီ၏မျက်နှာကို ထိလိုက်သည်။

သူ့ပါးပြင်များမှာ နွေးထွေးနေဆဲ ပိုအရေးကြီးတာက သူသည် လူသားတစ်ယောက်ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် သူမသည် အရာအားလုံးကို မြင်လိုက်ရသည်။ ရွမ်းယုနှင့်သူမသာ ထန်လီလုပ်ခဲ့သည်များကိုမြင်ခဲ့ရသည်။ နဲ့

“ မင်းဘယ်လို လုပ်လိုက်တာလဲ”

ထန်လီ သက်ပြင်းချလိုက်ကာ

“ငါ့ကိုယ်ငါလည်း မသိဘူးလို့ပြောရင် မင်းငါ့ကိုယုံမှာလား။

“မင်း ငါ့ကို ပင်လယ်ထဲက ကယ်တင်ခဲ့တုန်းက ငါ့ရဲ့ မှတ်ဥာဏ်တွေ အားလုံးကို ဆုံးရှုံးခဲ့တယ်... မင်းမြင်ခဲ့ရတဲ့ ရွှေနဂါးဟာ ငါ့ရဲ့အတိတ်အဖော်က ဒါမှမဟုတ် မင်းငါ့ကိုအရင်ပြောခဲ့ဖူးတဲ့ ငါ့ရဲ့စိတ်ဝိညာဉ်ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် အစက အဲ့နဂါးကထွက်မလာဖူးဘူး...အခုမှနိုးလာတာ။ ငါ့ရဲ့အတိတ်ကို ပြန်မမှတ်မိသေးဘူး၊ ဒါပေမယ့် ငါ့မှာ လူအများနဲ့ မတူတဲ့ အရည်အချင်းတွေ ရှိတယ်လို့ တဖြည်းဖြည်း ခံစားလာရတယ်။ ဒီစွမ်းရည်တွေက ဘယ်ကလာတယ်ဆိုတာ ငါသေချာမသိဘူး။ ငါလည်း ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါက တခြားသူတွေနဲ့ မတူဘူးထင်တယ်....”

“ဒီအကြောင်းကို တခြားတစ်ယောက်ယောက် သိလား။ အခု မင်းလုပ်ခဲ့တာကို အားလုံးမြင်သွားကြလား”

ထန်လီက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး ငါ သူတို့ရဲ့အာရုံတွေကို ဖုံးကွယ်ထားတော့ ဘယ်သူမှ ငါ့ကို မမြင်ခဲ့ဘူး။ ငါလုပ်မှန်း ဘယ်သူမှသိမှာမဟုတ်ဘူး။”

လီချင်းလင်က “မင်း ပြောချင်တာက ငါက ဒီအကြောင်းကို သိတဲ့သူ တစ်ဦးတည်းသော လူလား”

ထိုအခါ ထန်လီသည် အာကာသထဲတွင် လွင့်မျောနေသော အာကာသတိုက်လေယာဥ်ကို ပြတင်းပေါက်မှ လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။

လီချင်းလင် က သက်ပြင်းချရင်း

“ကောင်းတယ်၊ ကောင်းတယ်။ ဒါကို ငါတို့ ဘယ်သူ့ကိုမှ အသိပေးလို့ မရဘူး။ မင်းကို ဝိုင်းစမ်းသပ်ကြလိမ့်မယ်...”

ထန်လီက ခေါင်းကို ညင်သာစွာညိတ်လိုက်သည်။

………..

“ခရီးသည်များအားလုံး နားဆင်ကြပါ ။ ကံကြမ္မာက ငါတို့ကို ကံကောင်းစေခဲ့တယ်။ ကျွန်တော်က ဒီအာကာသယာဥ်သင်္ဘောရဲ့ကပ္ပတိန်ပါ။ ကျွန်တော်တို့ကဲ့ ရန်သူတွေ ဖျက်ဆီးခံလိုက်ရပါပြီ။ ရွှေနဂါးကြီးတစ်ကောင် ဘယ်ကလာမှန်း မသိပေမယ့် ငါတို့ကိုကယ်တင်သွားပါတယ်။ အခု လူအားလုံး လုံခြုံသွားပါပြီ။ ငါတို့ကိုကာကွယ်ပေးခဲ့တဲ့ စက်ရုပ်တွေ နဲ့ တိုက်လေယာဥ် ပြန်လာတဲ့နဲ့ ငါတို့ ခရီးဆက်ကြပါမယ်။ ကျေးဇူးတင်ပါတယ်”

အာကာသယာဉ်ကြေငြာချက်သည် ဤသို့ဖြင့် ပြီးဆုံးသွားခဲ့သည်။

လန်ရွမ်းယု၏ အာကာသတိုက်လေယာဥ် သည် အာကာသယာဉ်ပေါ်သို့ ပြန်ရောက်သောအခါ ဝန်ထမ်း ၁၀ဝ ကျော်က သူ့ကို လက်ခုပ်သြဘာနှင့် ဝိုင်းပြီး ကြိုဆိုခဲ့ကြသည်။

သူတို့ကို ရွှေနဂါးကြီးက ကယ်တင်ခဲ့ခြင်းမှာ သံသယဖြစ်စရာမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လန်ရွမ်းယုသည် ရန်သူစက်ရုပ် နှစ်ခုကို ဖျက်ဆီးခဲ့သည်။ ထိုအရာက လူတိုင်းကို အထင်ကြီးသွားစေခဲ့သည်။ အထူးသဖြင့် သူ၏တိုက်လေယာဥ်အပေါ် ထိန်းချုပ်မှုသည်ကောင်းမွန်လွန်းလှသည်။

“ကြိုဆိုပါတယ် လေးစားအပ်ပါသော လေယာဉ်မှူး။ ကျနော်က ဒီ အာကာသယာဉ်မှူးပါ။ ကူညီပေးတဲ့ တွက်ကျေးဇူးတင်ပါတယ်…”

ကပ္ပတိန်သည် အသက် ၄၀ အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် လန်ရွမ်းယုအား ကျေးဇူးတင်စကားဖြင့် ကိုယ်တိုင်ကြိုဆို ရန် အဖွဲ့သားများနှင့်အတူ လာခဲ့သော်လည်း လန်ရွမ်းယုရဲ့ကလေးအရွယ်ပုံစံကို မြင်လိုက်သောအခါတွင် သူ စကားရပ်သွားသည်။

တကယ်တော့ စကားမပြောနိုင်တော့ပေ။

“မင်း... မင်းက ခုဏကတိုက်လေယာဥ်ထဲက လေယာဉ်မှူးလား” ကပ္ပတိန်က ထိတ်လန့်စွာ မေးလိုက်သည်။

“ဟုတ်ကဲ့! ကျွန်တော်ပါ”

ကပ္ပတိန်သည် လန်ရွမ်းယုကို တိုက်လေယာဥ်စီသို့ ခေါ်ဆောင်သွားသော လေယာဉ်ဝန်ထမ်းထံသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ဝန်ထမ်းက ခေါင်းညိတ်ကာ

“အဲ့ဒါ သူပါပဲ၊ အမှန်ကို သူပဲ။ ကျနော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့... သူကလည်း

တိုက်လေယာဥ်မောင်းတတ်တယ်ဆိုတာနဲ့ခေါ်သွားလိုက်မိတာပါ…”

ကပ္ပတိန် ဘာပြန်ပြောရမှန်းပင်မသိ..

သူ့ရှေ့ရှိ ကလေးမျာ ၁၃ နှစ်လာ... ၁၄ နှစ်လားးး ကလေးတစ်ယောက်ကို အာကာသတိုက်လေယာဥ်မောင်းဖို့ သူ့ဝန်ထမ်း တကယ်ပဲ ခွင့်ပြုခဲ့တာလား။ သို့သော်၊ ထိုကလေးသည် စက်ရုပ်နှစ်ခုကို အမှန်တကယ် ဖျက်ဆီးခဲ့သည်။

“အဟွတ်...အဟွတ်.... ကလေး၊ မင်းက အရမ်းတော်တာပဲ..... လူအားလုံးကိုယ်စား၊ ငါမင်းကို အလေးအနက်ဆုံး ကျေးဇူးတင်ပါတယ်။ မင်းက ကောင်ပဲ”

ယခင်က သူတွေးထားဖူးသော ချီးကျူးစကားများသည် ကလေးဖြစ်သောရွမ်းယု အတွက် အသုံးမဝင်တော့ပေ.....

“ ဦးလေး ကျနော် တစ်ခုလောက် တောင်းဆိုလို့ရမလား”

လန်ရွမ်းယုရုတ်တရက်ပြောလိုက်လေသည်။

ဤတစ်ကြိမ်တွင် ကပ္ပတိန် ၏အမူအရာမှာ အေးစက်သွားရုံသာမက အခြားဝန်ထမ်းများ၏ မျက်နှာများမှာလည်း ထူးဆန်းသွားခဲ့သည်။

“ဘာကိုလဲ?”

“ ကျနော် လုပ်ခဲ့တာတွေကို ကျနော့် မိဘတွေကို ပြန် မပြောပဲ နေပေးလို့ရမလား”

“ကျွန်တော် အိမ်သာထဲမှာ ပိတ်မိနေတယ်လို့ပဲ ပြောလို့ရမလား။ အဆင်ပြေလား?”

ကပ္ပတိန်မှာ ထိုစကားကြားတော့ ရှိုက်ကြီးတငင် ရယ်မောလိုက်သည်။

“ကလေး! ဒီဦးလေး မင်းကို မကူညီချင်လို့ မဟုတ်ဘူး၊ မင်းစဉ်းစားကြည့်။ အခုကိစ္စက အရမ်း ကြီးမားတဲ့ကိစ္စ....ကောင်းကင်ဝိညာဥ်ဂြိုလ်ရော ကောင်းကင်ဘုံဂြိုလ်ရောက ဒီကိစ္စ မှာဖြစ်တဲ့ အရာအားလုံးကို စုံစမ်းမှာ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုဖုံးကွယ်နိုင်မလဲ။ အခု ဖျောက်ထားရင်တောင် အာဏာပိုင်တွေကို အကုန်ရှင်းပြရဦးမှာပဲ..... ပြီးတော့ မင်း ဒီနေ့ အများကြီး ကူညီပေးခဲ့တယ်။ ဒါဟာ မင်းအနာဂတ်အတွက် အလွန်အကျိုးရှိမှာပါ။ “

Endendm…..

All Chapters