← Chapters

အခန်း (၁၃၄)

Vol. 9 Ch. 134

အခန်း (၁၃၄)

Vol. 9 Ch. 134

မိနစ်အနည်းငယ်အကြာတွင်......

စိတ်ပျက်လက်ပျက်ဖြစ်နေသောလန်ရွမ်းယုအား ကပ္ပတိန်ကိုယ်တိုင် လန်ရှောင်းနှင့် နန်ချိန် ပြန်ပို့ပေးခဲ့သည်။

ကပ္ပတိန်၏ရှင်းပြချက်များကို နားထောင်ပြီးနောက် လန်ရှောင်း နှင့် ဇနီးသည်မှာ လုံးဝ စကားပင်မပြောနိုင်တော့.... ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။...

နန်ချိန်က လန်ရွမ်းယု၏ တင်ပါးကို နှစ်ချက်မျှရိုက်ပြီးနောက် ရွမ်းယုကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ငိုနေလေသည်။

လန်ရွမ်းယုကတော့ ဘာမှ မပြောဝံ့ပေ။ သူ့အပြစ်နှင့်သူဖြစ်သည်။

လန်ရှောင်းသည် မမျှော်လင့်ဘဲ ကြီးပြင်းလာခဲ့သည့် သူ့သားကို ကြည့်လိုက်သည်။

လန်ရွမ်းယုက မိဘများအား စကားတစ်ခွန်းသာပြောခဲ့တာ

“သားက ဖေဖေနဲ့မေမေကို ကာကွယ်ပေးချင်တာ...”

အာကာသယာဉ်သည် နောက်ဆုံးတွင် ၎င်း၏ မူလခရီးလမ်းကြောင်းသို့ ပြန်ရောက်သွားခဲ့သည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် ရွှေနဂါးမှလွဲ၍ လန်ရွမ်းယုသည် ရိုးရိုးတန်းအတွင်းမှ သူရဲကောင်းငယ်လေး ဖြစ်လာခဲ့သည်မှာ သံသယရှိစရာပင်မလိုပေ။

လန်ရှောင်းသည် အထူးခန်းသိူ့ပြောင်းရွေ့နေရန် ကပ္ပတိန်၏ကြင်နာစွာကမ်းလှမ်းမှုကို ယဉ်ကျေးစွာငြင်းဆိုခဲ့ပြီး မိသားစုသူံးယောက်သားသည် ရိုးရိုးတန်းတွင်သာ နေခဲ့သည်။

“မေမေ၊ လူသားတစ်ယောက်ရဲ့ စွမ်းအားက အာကာသယာဉ်ကိုဖျက်စီးနိုင်မယ်လို့ထင်လား” ရွမ်းယု လှည့်၍ နန်ချိန် ကို မေးလိုက်သည်။

“အမေလည်း မသိဘူး။ စွမ်းအားကြီးမားတဲ့ တိုက်ပွဲသံချပ်ကာမာစတာတွေက သေးငယ်တဲ့ အာကာသယာဉ်တွေကိုတော့ ဖျက်စီးနိုင်တယ်လို့ ဒဏ္ဍာရီမှာ ဆိုထားတယ်။ အနာဂတ်မှာ သား အဲဒီအဆင့်အထိကျင့်ကြံနိုင်မယ်ဆိုရင် သား အဲ့တာတွေကို သိလာလိမ့်မယ်။”

အစက ရွမ်းယုသည် စစ်သင်္ဘောလေယာဉ်မှူးဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ထန်လီ၏စွမ်းအားသည် သူ့ခံယူချက်ကို လုံးဝပြောင်းလဲသွားစေသည် ။

လူသားများသည် အာကာသထဲတွင် တိုက်ရိုက်မရှင်သန်နိုင်ဟု ဆရာများကပြောခဲ့သည်၊ သို့သော် ထန်လီသည် အာကာသထဲတွင်နေနိုင်ရုံသာမက တိုက်ခိုက်ပင်တိုက်ခိုက်နိုင်သည်ကို သူတို့ မမြင်ခဲ့ပေ။

ဘာအကာအကွယ်မှ မရှိခဲ့ပဲ အာကာသထဲတွင် လမ်းလျှောက်ပြခဲ့သည်။

အာကာသယာဉ် ဆင်းသက်သောအခါတွင် ရဲကားများစွာနှင့် ဝန်ထမ်းများစွာတို့က စောင့်နေကြသည်။

ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်ပြီး ခရီးသည်အားလုံးကို စစ်ဆေးမေးမြန်းခဲ့သည်။

သက်ဆိုင်ရာ အချက်အလက်အားလုံးကိုရရန် ခရီးသည်များကို တစ်ဦးပြီးတစ်ဦး စစ်ဆေးမေးမြန်းရန် လိုအပ်သည်။

အာကာသစခန်းရှိ ရဲစခန်းတွင်...

လန်ရွမ်းယုသည် နောက်ဆုံးတွင် ထန်လီနှင့် ပြန်တွေ့ခဲ့သည်။

ထန်လီ သည် စစ်ဆေးမှုပြီးသွားသောကြောင့် ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

လန်ရွမ်းယုတို့မိသားစုသည် အပြင်တွင် စောင့်ဆိုင်းနေရဆဲဖြစ်သည်။၊ ထင်ရှားသည်မှာ ဤလူငယ်သူရဲကောင်း လန်ရွမ်းယု ကြောင့်ဖြစ်သည်။

ထန်လီ သည် လန်ရွမ်းယုနားကိုလျှောက်လာပြီး

“ငါတို့ပြန်တွေ့ကြပြန်ပြီ.... မင်းနာမည်က လန်ရွမ်းယု မဟုတ်လား။”

ထန်လီ ကို ရုတ်တရက်မြင်လိုက်ရတော့ လန်ရှောင်း နှင့် နန်ချိန်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

“ ဟုတ် ဦးလေး....”

ထန်လီက လန်ရွမ်းယုရဲ့ခေါင်းကိုပွက်သပ်ကာ

“မင်းလုပ်ခဲ့တာတွေ အားလုံးကို အန်ကယ်ကြားတယ်။ မင်းက အံ့သြစရာကောင်းတဲ့ သူရဲကောင်းလေးပဲ...အခု ဦးလေး သွားရဦးမယ်။ ရေစက်ရှိရင် ငါတို့ ပြန်ဆုံကြမယ်။”

ထိုစကားပြောပြီးနောက် လန်ရွမ်းယုကို လက်ဝှေ့ယမ်းပြကာ သူ့ကိုယ်ရံတော်များနှင့်အတူ လျှောက်သွားခဲ့သည်။

“ငါတို့ရဲ့ကတိကို သတိရပါ” ထန်လီ၏နူးညံ့သိမ်မွေ့သောအသံသည် လန်ရွမ်းယု ၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ထန်လီအား မေးစရာများရှိခဲ့ပေမယ့် အခုတော့ သူ့တွင် အခွင့်အရေး မရှိတော့ပေ။

ထန်လီ ၏ဘေးတွင်ရှိသော လီချင်းလင် က

“ဒီကလေးကို ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ။ အရင်က သူ့ကို တစ်နေရာရာမှာ တွေ့ဖူးလို့လား။ မင်းသူ့ကိုဘယ်လိုသိတာလဲ”

ထန်လီက

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖျော်ဖြေပွဲတစ်ခုမှာ “ငါနဲ့အတူ ကလေးတစ်ယောက်သီချင်းဆိုခဲ့တာ မှတ်မိသေးလား။ အဲဒါ သူပဲ။”

“ဒီကလေးက မင်းနဲ့တော်တော်တူတယ်လို ငါဘာလို့ထင်နေတာလဲမသိဘူး.. သူ့ဆံပင်အရောင်ကြောင့်မဟုတ်ရင် နင်တို့နှစ်ယောက် အမျိုးလို့တောင်ငါထင်မှာ”

ထန်လီ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြန်သည်။

“ငါတို့ တကယ်တူတာလား”

“ဟုတ်တယ်၊ မင်းတို့နှစ်ယောက်လုံးက ရုပ်ဆင်တယ်... သူ့မျက်လုံးနဲ့ ဆံပင်အရောင်ကပဲ မင်းနဲ့မတူတာ”

သူတို့နှစ်ယောက် စကားစမြည်ပြောရင်း အာကာသစခန်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့ကြသည်။

ဤအခိုက်အတန့်တွင် စခန်းအပြင်တွင် လူနှစ်ဦး ရှိနေခဲ့သည်။

အလှမယ်နှစ်ဦးပင်.....

“ဆရာမ နာ့နာ့ သူတို့ ဘာလို့ မထွက်သေးတာလဲ” “ငါတို့ စောင့်နေတာ ကြာလှပြီ”

၎င်းတို့မှာ နာ့နာ့ နှင့် တုံချင်းဂူတို့ပင်....

နာ့နာ က “သူတို့ရဲ့ အာကာသယာဉ်က အာကာသဓားပြတွေနဲ့တွေ့ခဲ့တယ်လို့ကြားတယ်...သူတို့မကြာခင်ထွက်လာမှာပါ ”

သူတို့နှစ်ယောက် စကားပြောနေချိန်မှာတော့ တစ်ဖက်တွင် သက်တော်စောင့်များသည်

ထန်လီ နဲ့ လီချင်းလင်တို့ ကိ ခေါ်ထုတ်သွားကြလေသည်။

နာ့နာ့ သည် တစ်စုံတစ်ရာကဆွဲဆောင်နေသကဲ့သို့ ထိုသက်တော်စောင့်အဖွဲ့ဆီသို့ လှမ်းကြည့်လိုက်မိသည်။

အလယ်တွင်လျှောက်နေသော ထန်လီသည်လည်း နာ့နာ့ရှိရာကို လှည့်ကြည့်ရင်း တစ်ခုခုကို ခံစားမိသွားပုံရသည်။

သို့သော်၊ သက်တော်စောင့်များက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည်။

ထို့နောက် ထန်လီနှင့် နာ့နာ့တို့ တဖြည်းဖြည်းနဲ့ ဝေးကွာသွားခဲ့သည်။ သူတို့ မတွေ့ဖြစ်လိုက်ကြပေ။ ဝေးကြရန်ပြန်ပြီ........

မိနစ် 20 အကြာ.....

လန်ရွမ်းယုတို့ မိသားစု ထွက်လာခဲ့သည်။

Endend……

All Chapters