Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

လန်ရွမ်းယုအား အဖြစ်အပျက်ကို အသေးစိတ်မေးမြန်းခြင်း၊ သူ၏ပညာရေးနောက်ခံကို မေးမြန်းပြီးနောက် ၎င်းတို့၏ မိသားစုအဆက်အသွယ်အချက်အလက်များကို ရယူပြီးနောက်၊ ဤသူရဲကောင်းလေးသည် နောက်ဆုံးတွင် လွတ်မြောက်လာခဲ့သည်။

ကောင်းကင်းဝိညာဥ်အကယ်ဒမီ၏ အထူးတန်းကျောင်းသားဖြစ်ခြင်းကြောင့် သူ့အထောက်အထားသည် အတည်ပြုရန် လွယ်ကူခဲ့သည်။

လန်ရွမ်းယု သည် လူအုပ်ထဲတွင် နာ့နာ့ ကို ချက်ချင်းတွေ့လိုက်သောအခါ

“ဆရာမ နာ့နာ့!” နာ့နာ့ဆီ ပြေးသွားလေသည်။

နာ့နာ့ကို ပွေ့ဖက်ပေးရန်လည်း အဆင်သင့်ပင်......

သို့သော် ကောင်မလေးတစ်ဦးက သူ့ကို တားလိုက်မည်ဟု သူ မမျှော်လင့်ထားပေ။

“မင်းဘာလုပ်တာလဲ?”

လန်ရွမ်းယုသည် နာ့နာ့ကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားနေသဖြင့် အလွန်လျင်မြန်စွာ ပြေးသွားပြီး ရုတ်တရက် ရပ်လိုက်ရသောအခါတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ထိုလူကို တိုက်မိသွားသခဲ့ည်။

သူ့ကို တားခဲ့သူမှာ တုံချင်းဂူပင် ဖြစ်သည် ။ သူတို့နှစ်ယောက်လုံးရဲ့ အရပ်အမြင့်မှာ တူညီပြီး သူမမှာ ရုတ်တရတ်ပေါ်လာခဲ့ခြင်းဖြစ်တဲ့အတွက် လန်ရွမ်းယုသည် သူမအား တည့်တည့်ဝင်တိုက်ပစ်ခဲ့သည်။

“အားးးး!”

တုံချင်းဂူလည်း နောက်ပြန် လဲကျသွားသည် ။

သူမ၏နောက်တွင်ရှိသော နာ့နာ့သည် သူမ၏ပုခုံးကို အမြန်ဆွဲကိုင်လိုက်သည်။

လန်ရွမ်းယုသည်လည်း ဟန်ချက်ပျက်သွားကာ တစ်ချိန်တည်းမှာပင် သူတို့၏နှုတ်ခမ်းများအချင်းချင်းထိသွားကြသည်။

“ဟမ်!” တုံချင်းဂူ တုန်လှုပ်သွားကာ လန်ရွမ်းယု ကို ချက်ချင်း တွန်းထုတ်လိုက်သည်။

“မင်း ဘာလုပ်လိုက်တာလဲ!”

သူမ၏မျက်နှာသည်ပုံမှန်ထက် နီမြန်းနေသည်။

လန်ရွမ်းယုကလည်း ဒေါသတကြီးနဲ့

“မင်းကရော ဘာလုပ်တာလဲ”

နာ့နာ့ ရယ်မောလိုက်သည်။ သူမသည် တုံချင်းဂူကို အမြန်ဆွဲထူလိုက်ပြီး လန်ရွမ်းယု ကို ပွေ့ဖက်လိုက်သည်။

“မင်း အရပ်က ပိုရှည်လာပြီ”

“ဆရာမ နာ့နာ့”

လန်ရွမ်းယုသည် နာ့နာ့ကိုဖက်ရသည့်အခိုက်အတန့်တွင် နွေးထွေးခြင်း လုံခြုံခြင်းများကိုခံစားရလေသည်။

အနောက်ကနေ ကြည့်ရင်း နန်ချိန်ပင် မနာလိုဖြစ်သွားခဲ့သည်။

ထို့နောက် နာ့နာ့က ခေါင်းမော့ပြီး နန်ချိန် နှင့် လန်ရှောင်းအား အား

“ ကောင်းကင်ဘုံမြို့ကကြိုဆိုပါတယ် “

“နင်တို့ ငါနဲ့ အတူနေလို့ရတယ်” နာ့နာ့က ဆိုသည်။

နာ့နာ့က လန်ရှောင်းတို့အား သူမနေထိုင်ရာနေရာသို့ခေါ်သွားလေသည်။ တလမ်းလူံးတွင် တုံချင်းဂူသည် လန်ရွမ်းယုအားဒေါသမျက်လုံးများဖြင့်ကြည့်နေလေသည်။

“နင် စောင့်နေပါ!”

လန်ရွမ်းယုသည် တုံချင်းဂူရဲ့ပထမဆုံးအနမ်းကိုယူဆောင်သွားသည်ကိုသတ်မှတ်လို့ရလေသည်။ သူမ၏ နှလုံးသားထဲတွင် ဒေါသများ လွှမ်းခြုံနေ သည်။

နာ့နာ့ကလည်း သူတို့ကြားကတင်းမာမှုကိုသိရှိကာ ခိုးရီလိုက်မိသည်။

လန်ရှောင်း နှင့် နန်ချိန်တို့လည်း မနေနိုင်ဘဲ ရယ်မောလိုက်ကျသည်။ ချင်းဂူ မိန်းကလေးသည် တကယ်လှသည်ဟု သူတို့ပြောနိုင်သည်။ ချောမောလှသော ကလေးမလေးနှင့် ရန်ဖြစ်နေကြသော သားဖြစ်သူကို မြင်သောအခါတွင် ချစ်စရာကောင်းသည်ဟုပင် တွေးလိုက်မိသည်။

တိုက်ခန်းတစ်ခုဖြစ်ပြီး အိပ်ခန်းသုံးခန်းနှင့် အထူးလေ့ကျင့်ရေး အခန်းတစ်ခုပါရှိသည်။

အခန်း၏ အပြင်အဆင်သည် အလွန်ရိုးရှင်းခဲ့သည်။ တိုက်ခန်းတစ်ခန်းလုံးသည် နာ့နာ့ ၏ ခန္ဓာကိုယ်မှ မွှေးကြိုင်သော ရနံ့များ သင်းပျံ့နေသည်။

“ချင်းဂူ မင်းကျောင်း ပြန်မှာလား။”

နာ့နာ့က တုံချင်းရုံကို မေးသည်။

( ဒီနာမည်လေးကအဲ့လိုပိုလှလို့...အမှန်က တုံချန်းချုံ....သိပ်မလှလိုအဲ့တာက...ယောင်္ကျားဆန်နေတယ်...... )

“ဟုတ် ဆရာမ” တုံချင်းရုံ ပြန်ဖြေလိုက်သည်။

“သူ့ကို အကယ်ဒမီကို ခေါ်သွားလို့ရမလား....ပတ်ပြလိုက်ဦးမယ်” တုံချင်းရုံက လန်ရွမ်းယုကို လက်ညှိုးထိုးကာပြောလိုက်သည်။

နာ့နာ့ ပြုံးလိုက်သည်။

“ရတယ် မင်းခေါ်သွား ! ညစာစားချိန်တော့အရောက် ပြန်လာခဲ့.... ”

“ဟုတ်!”

တုံချင်းရုံ ပြုံးလိုက်သည်။

နန်ချိန်ကလည်း တုံချင်းရုံရဲ့သွက်လက်မှုကိုသဘောကျနေလေသည်။

“သွားရအောင်၊ ငါတို့ကျောင်းကို နင့်ကိုငါပြမယ်”

တုံချင်းရုံပြောရင်း လန်ရွမ်းယု၏လက်ကိုဆွဲကာ အပြင်သို့ထွက်လာလေသည်။

လန်ရွမ်းယု မသွားချင်ပေ။ သူသည် နာ့နာ့နှင့်သာ အချိန်ဖြုန်းချင်ခဲ့သည်။

သို့သော် သူ တုံချင်းရုံကို မတွန်းလှန်နိုင်ခဲ့....

ကောင်းကင်ဘုံအကယ်ဒမီမှာ အနည်းငယ်ရှေးဟောင်းဆန်လေသည်....

Endend……