အခန်း (၁၃၆)
Vol. 9 Ch. 136
ကောင်းကင်ဝိညာဥ်အကယ်ဒမီထက်တော့ ပိုကြီးလေသည်။ တုံချင်းရုံသည် သူ့အားလက်စားချေရန်ခေါ်လာကြောင်း လန်ရွမ်းယုရိပ်မိသည်။ ထို့ကြောင့် တုံချင်းရုံ ၏ ခွန်အားကို ပြန်သတိရသောအခါတွင် သူ့ရင်တွင်းချဥ်ဆီများပင်အေးစက်သွားသည်။
လန်ရွမ်းယုသည် ဝိညာဉ်ကွင်းတစ်ကွင်းသာ ရှိသော်လည်း တုံချင်းရုံသည်အနည်းဆုံး သုံးကွင်းရှိမည်ဖြစ်သည်။ သူ့ရဲ့ထူးခြားတဲ့ သိုင်းဝိဉာဉ်ပေါင်းစပ်စွမ်းရည်ကို အသုံးမပြုပါက သူမကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
သူတို့နှစ်ဦးသည် ရေကန်တစ်ဝိုက်တစ်ခုနားသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် ကျောင်းသားများစွာလည်းရှိသည်။ တုံချင်းရုံ ရုတ်တရက် ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
“လန် ရွမ်း ယု”
ပြောရမယ်ဆိုရင်တော့ သူမသည် တကယ်ကို လှပသည်။ သူမသည် လန်ရွမ်းယုဆုံဖူးသော မိန်းခလေးများတွင် အလှပဆုံးမိန်းကလေးဖြစ်သည်။
တုံချင်းရုံ သည် ရွမ်းယု၏လက်မကို လှမ်းကိုင်လိုက်သည်။
လန်ရွမ်းယုသည် တုံချင်းရုံ၏ ပန်းတိုင်ကို ရုတ်တရက် နားလည်သွားသောကြောင့် အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည်။
မရေမတွက်နိုင်သော မျက်လုံးများက သူတို့ဆီသို့ ရောက်လာခဲ့သည် ။
တကယ်တော့ တုံချင်းရုံ ကိုယ်တိုင်ပင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူမသည် လန်ရွမ်းယု ကို လက်စားချေလိုသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ဒီအကြံအစည်ကို တွေးလိုက်မိသည်။
သူမသည် ရွမ်းယုလက်မောင်းကို ရုတ်တရက်ပွေ့ဖက်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခံစားချက်တစ်ခုက သူမရဲ့ မျက်နာကို နီရဲသွားစေခဲ့သည် ။
‘ငါရူးနေတာလား? သူ ငါ့ကို ထပ်ပြီးအခွင့်ကောင်းယူရင်.... ‘
သူတို့ကို စကြည့်နေတဲ့ တခြားကျောင်းသားတွေကတော့
အဲ့ဒါ တုံချင်းရုံ လား?
သူမသည် 12 နှစ်သာရှိသေးသော်လည်းသူမသည်မရေမတွက်နိုင်သောမေတ္တာစာများလက်ခံရရှိခဲ့သည်။
ထို့နောက် သူမသည် အချစ်စာများအားလုံးကို အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။
ထိုအရာက တစ်ကျောင်းလုံးကို တုန်လှုပ်စေခဲ့သည်။
သူတို့အားလုံး၏အကြည့်များသည် လန်ရွမ်းယုဆီသို့ ဦးတည်သွားကြသည်။
လန်ရွမ်းယုကလည်း အရမ်းကြည့်ကောင်းလေသည်။ အမျိုးသမီး ကျောင်းသားအားလုံးကပင် တုံချင်းရုံ ကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။
နှစ်ယောက်သားမှာ အလွန်လိုက်ဖက်နေလေသည်။ ထိုအချိန်တွင် လန်ရွမ်းယုကလည်း အရာတစ်ခုကိုတွေးနေလေသည်။ တုံချင်းရုံ၏လက်စားချေမှုမှာ သူမအားကြိုက်နေသောကျောင်းသားများအားလုံး လန်ရွမ်းယုအားဝိုင်းတိုက်လိုက်ရန်ဖြစ်သည်။ ထို့ကြောင့် လူမြင်ကွင်းတွင် လန်ရွမ်းယုရဲ့လက်မောင်းကိုဖက်ထားခြင်းဖြစ်သည်။
သို့သော် လန်ရွမ်းယုက အရင် လှုပ်ရှားသွားခဲ့သည်။ လန်ရွမ်းယုသည် သူမကို မျက်နှာမူလိုက်သည်။ လူတိုင်း၏မျက်လုံးများအောက်တွင် သူသည် သူမ၏ခါးကိုကိုင်ကာ ခေါင်းကိုငုံ့ရင် သူမ၏နူးညံ့သောပါးပြင်ကို နမ်းလိုက်လေသည်။
သူမကို နမ်းခဲ့သည်။
ပတ်ဝန်းကျင်ရှိ အမုန်းမီးတောက်အကြည့် များက အသက်မဲ့သွားခဲ့သည်။
တုံချင်းရုံသည် ရွမ်းယု၏အနမ်းအောက်တွင်အတွေးများအေး စက်သွားသည်။ သူမ လုံးဝ အံသြသွားခဲ့သည် ။
“ဘယ်လောက်တောင်မိုက်လဲ လဲ!”
ထို့နောက် လန်ရွမ်းယုသည် ကျောင်းသားများဘက်သို့လှည့်ကာ
“ငါက တုံချင်းရုံ ရဲ့ ချစ်သူပဲ။ ငါ့နာမည်က လန်ရွမ်းယု မယုံကြည်သူ မည်သူမဆို လာတိုက်ခိုက်နိုင်တယ်!”
လန်ရွမ်းယု တွင် မြေခွေး ဟုခေါ်သော နာမည်ပြောင်ရထားသော ရင်ထျန်းဖန် ဟုခေါ်သော ဆရာတစ်ဦးရှိသည်။
သူသည် ရင်ထျန်းဖန် ၏ ပညာများကိုသာမက ရင်ထျန်းဖန်၏ လိမ္မာပါးနပ်မှုကိုလည်း ရရှိခဲ့သည်။
လန်ရွမ်းယုသည် တုံချင်းရုံ ၏အစီအစဥ်ကိုသိရှိလိုက်သောအခါ သူပြေးရန်မဖြစ်နိုင်တော့ကြောင်း သူသိခဲ့သည်။ ဒါပေမယ့် ဘာလို့ပြေးရမှာလဲ။ ထိုအရာက ဆရာမ နာ့နာ့ကို အရှက်ကွဲစေသည်။
ထို့ကြောင့် သူ့အတွေးကိုပြောင်းပြီး
‘မင်း ငါ့လက်ကို ကိုင်ထားပြီး ငါနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တယ် မလား? ကောင်းပြီ၊ မင်းရဲ့အစီအစဉ်နဲ့ ငါလိုက်ခဲ့မယ် “
ထို့ကြောင့် လန်ရွမ်းယု သည် တုံချင်းရုံကိုတော့ရအောင်စိတ်ဒုက္ခပေးသွားခဲ့သည်။
Endend…..