အခန်း (၁၃၇+၁၃၈)
Vol. 9 Ch. 137+138
နမ်းပြီးနောက် လန်ရွမ်းယု သည် အရိုက်ခံရလျှင်ပင် တန်သည်ဟု ခံစားလိုက်ရသည်။ သူမရဲမျက်နှာသည် နူးညံ့ပျော့ပျောင်းကာ မွှေးရနံ့သင်းသင်းလေးနှင့် နမ်းရှိုက်ခြင်းကို မရပ်တန့်ချင်အောင် ဖြစ်နေသည်။
တုံချင်းရုံကို လွှတ်လိုက်သည်နှင့် သူမသည် ချက်ချင်းပင် ဒေါသတကြီးပွဲ ကြမ်းတော့မည်ကို သူသိသည်။ ထို့ကြောင့် သူမကို လွှတ်လိုက်သည်နှင့် အမြန်လှည့်ကာ ပြေးလေသည်။
‘ မင်း ငါ့ကို လက်စားချေချင်တာလား? ငါနဲ့တွေ့မယ်.... နင်က ငါ့ရည်းစားဆိုတာ တစ်လောကလုံးကို ငါပြောလိုက်မယ်။ မင်း ဘယ်လိုရှင်းမလဲ.... ဘာပဲဖြစ်ဖြစ် ငါက နှစ်ရက်နေရင် ထွက်သွားတော့မှာ ‘
“လန်..... ရွမ်း....ယု” အော်သံတစ်ခုသည်
မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
လန်ရွမ်းယုသည် နောက်သို့တစ်ချက်သာကြည့်လေသည်။ ထို့ကြောင့် တုံချင်းရုံ၏ နီရဲနေသော မျက်လုံးများကိုသာ မြင်လိုက်ရသည် ။
တုံချင်းရုံ ရူးတော့မည်။
‘နင် ဒီနေ့ သေကိုသေစေရမယ်!’
အဝါရောင် နှစ်ကွင်းနှင့် ခရမ်းရောင် ဝိညာဥ်ကွင်းတစ်ကွင်းသည် သူမ၏ခြေထောက်မှ ထွက်လာသည်။ ရေခဲလှံတစ်ချောင်းလည်းပေါ်လာလေသည်။ ထို့နောက် လန်ရွမ်းယုရှိရာကိုပြေးသွားလေသည်။ ထို့နောက် ရေခဲလှံကိုပစ်လိုက်လေသည်။
လန်ရွမ်းယုလည်း
ရွှေရောင် ငွေပြာမြက်ကိုထုတ်ကာ သူ၏လက်ကို ရစ်ပတ်ထားသည်။ ထို့နောက် ရွှေရောင်ကြေးခွံများသူ့လက်ကိုဖုံးသွားလေသည်။ ထို့နောက် သူမ၏ ရေခဲလှံဆီသို့ လက်သီးတစ်ချက်
“ဘန်” ရေခဲလှံက ချက်ချင်းကွဲထွက်သွားလေသည်။
‘ငါ့ကဲ့ သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည်ကို အသုံးမပြုပဲ သူ့ကို ငါအနိုင်မယူနိုင်ဘူး။ ဒါပေမယ့် အဲ့စွမ်းရည်ကိုလည်းငါမထိန်းတတ်သေးဘူး.... မတော်တဆ သူ့ကို သတ်လိုက်မိတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။ ဘေးကင်းဖို့ ဆရာမနာ့နာ့ ဆီကို ပြန်ပြေးတာက ပိုကောင်းတယ်။’
လန်ရွမ်းယုသည် ဘာကိုမှမတွေးတော့ပေ။ ထိုနေရာမှထွက်ပြေးတော့သည်။ တုံချင်းရုံကတော့ နောက်မှဆက်တိုက် တိုက်ခိုက်လေသည်။
စဉ်းစားဖို့ အချိန်မရှိပင်မရှိ.....
လာလမ်းအတိုင်း လျင်မြန်စွာ ပြေးလေသည်။
“အဲဒီမှာ ရပ်လိုက်စမ်း!”
တုံချင်းရုံက နောက်မှအော်လေသည်။
“ဆရာမ နာ့နာ့ ကယ်ပါဦး”
အိမ်နားသို့ရောက်သည်နှင့် စတင်အော်လာလေသည်။
ရေခဲဘောလုံးများက လန်ရွမ်းယုနောကိမှ ဆက်တိုက်ရောက်လာလေသည်။ ရေခဲတုံးများကို ရှောင်တိမ်းကာ လန်ရွမ်းယု အော်ဟစ်နေလေသည်။
နောက်ဆုံးတော့......
အခန်းရှေ့သို့ရောက်သွားလေသည်။
လန်ရွမ်းယု တံခါးကိုအမြန်ခေါက်လေသည်။
“ကယ်ပါဦး ဆရာမနာ့နာ့!”
တုံချင်းရုံ သူ့အနားသို့ လျင်မြန်စွာရောက်လာပြီး ရေခဲလှံကိုလည်း ဆုပ်ကိုင်ထားသည်။ သို့သော် ထိတ်လန့်သောအမူအရာနှင့် လန်ရွမ်းယုကို သူမ မြင်လိုက်ရသောအခါတွင် သူမ၏နှလုံးသားသည် ပျော့ပျောင်းသွားခဲ့ပြန်သည်။
ထို့ကြောင့် ရေခဲလှံကိုပြန်သိမ်းလိုက်မိသည်။ သို့သော်ဒေါသများကျန်နေသေးသောကြောင့် လန်ရွမ်းယုအား ထိုးနှက်နေလေသည်။
“အော်ဦးဟာ... များများအော်.....!”
ထိုအချိန်တွင် တံခါးပွင့်လာသည်။
နန်ချိန်သည် တံခါးလာဖွင့်ပေးသူဖြစ်ပြီး ဖြစ်ပျက်နေသည်များကို တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ရသည်။ တုံချင်းရုံ စကားကြောင့် ချက်ချင်းပင် အံသြသွားသည်။
တုံချင်းရုံ၏ ခြေထောက်သည် လေထဲ၌ ရှိနေပြီး ရွမ်းယုကို ကန်ရန်အသင့်ပင်....ထိုအရာကိုနန်ချိန်ကွက်တိမြင်လိုက်ရသည်။
“မင်းတို့နှစ်ယောက်က…”
သူတို့ ထွက်သွားတုန်းက ကောင်းကောင်းမွန်မွန်ပါပဲ.....
လန်ရွမ်းယုက ကြောက်နေတဲ့အမူအရာနဲ့
“မေမေ၊ သူက သားကို ရိုက်တယ်”
တုံချင်းရုံ ဒေါသကြောင့် မူးလဲလုမတတ်...
ဘယ်လိုတောင်ပြောရဲတဲ့ သတ္တိရှိတာလဲ!
သူ့မှာ အရှက်မရှိဘူးလား....
တုံချင်းရုံ တွေးမနေဘဲ
“အန်တီ၊ သူ သမီးကို အရင်လာနမ်းတာ”
သူမ ချက်ချင်းနောင်တရသွားသည်။ ထို့သို့ပြောပြီးနောက် သူမ မျက်နှာမှာချက်ချင်း နီရဲလာသည်။
နန်ချိန် သည် လန်ရွမ်းယု ၏ စကားကိုကြားပြီးနောက် အနည်းငယ် ဒေါသဖြစ်ခဲ့သည်။ သူတို့
သို့သော် တုံချင်းရုံ ၏စကားများက သူမကို ထိတ်လန့်စေခဲ့သည်။
‘ငါ့သားက ဒီကောင်မလေးကို နမ်းခဲ့တာလား။ ဘာတွေဖြစ်နေတာလဲ? သူတို့က အခုမှ ပထမဆုံးအကြိမ် တွေ့တာ မဟုတ်ဘူးလား’
လန်ရွမ်းယုသည် ဆင့်ခေါ်တံခါးမှတစ်ဆင့် တုံချင်းရုံ နှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြောင်း သူမ မသိခဲ့ပေ။
‘သူတို့က အရမ်းငယ်ပါသေးတယ်! အချစ်အကြောင်းနားလည်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိန်းကလေးက ရွမ်းယု နဲ့ တကယ်လိုက်တယ်.....
လန်ရွမ်းယု နှင့် တုံချင်းရုံ တို့သည် နန်ချိန် ၏အတွေးများကို လုံးဝမသိခဲ့ကြပေ။
လန်ရွမ်းယုအတွက် တုံချင်းရုံထက် ပိုထိတ်လန့်စရာကောင်းသောအရာဖြစ်သွားခဲ့ကတော့
အဲ့တာကတော့...
နန်ချိန်သည် စကားတစ်ခွန်းမှ မပြောဘဲ တံခါးကိုအသာလေးပြန် ပိတ်သွားလေသည်။ တုံချင်းရုံနှင့်လန်ရွမ်းယုတို့မှာအပြင်တွင်ကျန်နေခဲ့လေသည်။
လန်ရွမ်းယု သည် တံခါးကို စိုက်ကြည့်ပြီးနောက် ဒေါသထွက်နေသော တုံချင်းရုံကို လှည့်ကြည့်လိုက်သည်။
‘ဘာတွေဖြစ်နေတာလဲ? ငါ့ကို အရမ်းချစ်တဲ့ ငါ့အမေက ဒီကို ဘာလို လုပ်သွားရတာလဲ’
တုံချင်းရုံ သတိပြန်ဝင် လာပြီး လန်ရွမ်းယု ကို ပြုံးပြလိုက်သည်။
“အန်တီက သိပ်သဘောကောင်းတာပဲ... စိတ်မပူပါနဲ့ အန်တီရဲ့မျက်နာကြောင့် နင့်မျက်နှာကို ငါမထိပါဘူး!”
“အာ...! ငါ့ကိုကယ်ကြပါဦး!”
တိုက်ခန်းအတွင်း.........
နန်ချိန် သည် သူ့သား၏အော်သံများကို အတိုင်းသားကြားနေရသည်။ သူမသည် လန်ရှောင်းအား ကိစ္စများကို ရှင်းပြပြီးနောက်
“ယောင်္ကျား ငါတို့ ဘာလုပ်ကျမလဲ။ နာ့နာ့ ကလည်း အိမ်ပြန်မလာသေးဘူး...”
လန်ရှောင်း က တည်ငြိမ်စွာ
“မင်းရဲ့သား အဲ့ဒီကောင်က သူများသမီးကိုအခွင့်ကောင်းယူခဲ့တယ်။ ကလေးတွေကို ကိုယ့်ကိစ္စကိုယ် ကိုင်တွယ်ခွင့်ပြုပါ။ ပထမအကြိမ်တွေ့တာတောင် ကောင်မလေးကို နမ်းရဲတာ ဒီကောင်ပါးကောင်းလို့ပါ။ ဒါပေမယ့် ကောင်မလေးကလည်း တကယ်ကို ချောလွန်းတယ်။ ရိုက်နှက်ခြင်းကပဲ သူတို့ရဲ့ ရင်းနှီးမှုကို တိုးလာစေမယ်ထင်တယ်... ဒီရိုက်နှက်မှုကနေ သူတို့ကြီးပြင်းလာတဲ့အခါ တစ်ခုခုဖြစ်သွားနိုင်တာပဲ...ဟားးဟားးး”
အချိန်အတော်ကြာပြီးနောက် အပြင်ဘက်မှ ဆူညံသံများ ငြိမ်သက်သွားသည်။
လန်ရွမ်းယု မြေပြင်တွင်မှောက်နေကာ တုံချင်းရုံကဘေးတွင်ထိုင်ကာအမောဖြေနေလေသည်။
ndemd……