← Chapters

အခန်း (၁၃၉)

Vol. 9 Ch. 139

အခန်း (၁၃၉)

Vol. 9 Ch. 139

“တောင်းပန်ပါတယ်!” လန်ရွမ်းယု တိုးတိုးလေးပြောလိုက်သည်။

တုံချင်းရုံက သူ့ကို စိုက်ကြည့်နေလေသည်။

လန်ရွမ်းယု သူ့ဘေးနားသို့ လျှောက်သွားလိုက်က “မင်း ဒေါသ ထွက်နေသေးရင် ငါ့ကို ထပ်ရိုက်ပါ”

သို့သော် တုံချင်းရုံ ရှိုက်ကြီးတငင်ငင် ငိုယိုလေသည်။

“ငါ ကျောင်းကို ဘယ်လိုပြန်သွားရမလဲ။ ငါ့အတန်းဖော်တွေက ငါ့ကို ဘယ်လိုကြည့်နေကြမ လဲမသိဘူး”

သူမ၏ ရှည်လျားသော မျက်တောင်မွှေးများပေါ်တွင် မျက်ရည်စများပင် ရှိနေခဲ့သည်။

လန်ရွမ်းယုသည် တုံချင်းရုံကို မျက်ရည်များ သုတ်ပေးလိုက်သည်။

တုံချင်းရုံက သူ့လက်ကို အမြန်တွန်းထုတ်လိုက်သည်။

“နင်ဘာလုပ်လဲ?”

“ဘာမှမလုပ်ပါဘူး၊ ငါဘာလုပ်လို့လဲ? ငါ မင်းကို ဘယ်လိုမှ အနိုင်ယူလို့ မရဘူး”

“ငါတို့ကြီးလာရင် နင် ငါ့ရဲ့ရည်းစားလုပ်မလား.... နင့်ကို ငါတာဝန်ယူမယ်”

လန်ရွမ်းယု ရုတ်တရက်ပြောလိုက်သည်။

“ဘယ်သူမှ နင်ရဲ့ရည်းစားဖြစ်ချင်လို့လဲ”

တုံချင်းရုံ ထိုနေရာမှ လှည့်ထွက်ပြေးသွားခဲ့သည်။

…………

“ပြောပါဦး၊ ဘာဖြစ်ရတာလဲ”

လန်ရွမ်းယုရေချိုးပြီးနောက် လန်ရှောင်းနှင့် နန်ချိန်တို့ကအဖြစ်အပျက်ကိုမေးလေသည်။

လန်ရွမ်းယု ရှက်ကိုးရှက်ကန်းနှင့် ဖြစ်ပျက်ခဲ့သည်မျကို ပြောပြလေသည်။

သားဖစ်သူ၏စကားများကို နားထောင်ပြီးနောက် နန်ချိန်က

“သားလေး၊ မင်းဘယ်လိုလုပ်လိုက်တာလဲ။ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘယ်လောက်အရေးကြီးလဲမင်းသိလား...

မင်းက လူရှေ့မှာဒီလိုလုပ်ခဲ့တာ.... မင်း အရိုက်ခံရဖို့ပဲ တန်တယ်။”

ဘေးတွင်ထိုင်နေသော လန်ရှောင်းကလည်း မီးထဲသို့ လောင်စာထည့်ကာ

“ဟုတ်တယ်၊ မင်းက အဲ့တာနဲ့ပဲတန်တယ်”

“အဟွတ်.. အဟွတ်.... ဖေဖေနဲ့မေမေ...

မင်းတို့က အပြင်လူဘက်ကပါနေတာပဲ ။ သူမက ကျွန်တော့်ကို လက်စားချေချင်နေတာ.... ပြီးတော့ သူက ကျနော့်ကို ရိုက်နှက်ခဲ့တာပဲ!”

နန်ချိန်က ရီကာ “အဲဒါကိုထည့်မပြောနဲ့။ မင်းရေချိုးနေတဲ့အချိန်မှာ ငါ တစ်ချက်ကြည့်လိုက်တော့ မင်းမှာ ဒဏ်ရာလုံးဝမရှိဘူး။ သူမ မင်းကို ရိုက်နှက်တုန်းက ဘယ်အင်အားမှ မသုံးခဲ့ဘူး”

လန်ရွမ်းယု ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “မေမေ၊ သားအသက်က အရမ်းကြီးနေပြီ၊ သား ရေချိုးနေတာကို မ လာကြည့်သေးတာလား”

“ဟ... ငါက မင်းအမေပါ၊ မင်းအသက်ဘယ်လောက်ပဲရှိရှိ ငါအမြဲကြည့်လို့ရတယ်။ ဘာဖစ်လို့လဲ။ “

နာ့နာ့ ပြန်ရောက်သည်နှင့် သူမသည် လန်ရွမ်းယု ကို ထူးဆန်းစွာကြည့်နေသည်။ တုံချင်းရုံကိစ္စကို နာ့နာ့သိသွားသည်မှာ မေးစရာပင်မလိုပေ.....

“ဆရာမ နာ့နာ့ ကျနော်မှားသွားပါတယ်”

လန်ရွမ်းယု သူ့အမှားကို ရိုးရိုးသားသား ဝန်ခံလိုက်သည်။

နာ့နာ က သူ့ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည် ။

“ဒါက နားလည်မှု လွဲသွားတာပါ။ ဟုတ်သားပဲ...မင်း ကြီးလာရင် ချင်းရံာ ကို တကယ်ရည်းစားတော်ချင်နေတာလား “

“ဟမ်?” လန်ရွမ်းယု သည် သူမ၏မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့သည်။ တုံချင်းရုံက ထို့အကြောင်းကိုပင် ဆရာမနာ့နာ့ ကို ပြောပြခဲ့သည် ။

နာ့နာ့ ပြုံးလိုက်သည်။

“ချင်းရုံက အရမ်းထူးချွန်ပြီး အရမ်းကြိုးစားတယ်။ သူမကို တကယ်ကောင်မလေးတော်ချင်ရင် သူမကို အမှီလိုက်ဖို့ ကြိုးစားရမယ်။ သူမက အခုရှီလိုင်ခဲ့အကယ်ဒမီမှာ စာရင်းသွင်းတော့မယ်.... အနာဂတ်မှာ သူနဲ့ အတူရှိချင်တယ်ဆိုရင်တော့ အဲဒီနေရာမှာ စာရင်းသွင်းနိုင်ဖို့ ကြိုးစားရမယ်”

‘ရှီလိုင်ခဲ့အကယ်ဒမီ’ ဟူသော စကားကိုကြားတော့ နန်ချိန် နှင့် လန်ရှောင်းတို့ အံ့အားသင့်သွားသည်။

“ရှီလိုင်ခဲ့အကယ်ဒမီလား? “

နာ့နာ့ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ရှီလိုင်ခဲ့အကယ်ဒမီ သည် ဝိညာဥ်မာစတာလောကတွင်အကောင်းဆုံးကျောင်းဖြစ်သည်။ မိခင်ဂြိုလ်တွင်တည်ရှိပြီး သမိုင်းကြောင်းသည် လွန်ခဲ့သောနှစ်ပေါင်း 30,000 ကျော်ကပင် စတင်ခဲ့သည်။ သမိုင်းတွင် ရှေးအကျဆုံးကျောင်းဖြစ်သည်။

ထို့အပြင် ရှီလိုင်ခဲ့အကယ်ဒမီ တွင် ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် ဝိညာဉ်မာစတာများ ရှိသည်။

နန်ချိန်က “ ဒါပေမယ့်ရွမ်းယုရဲ့ဝိညာဥ်စွမ်းအားအဆင့် က အရမ်းအားနည်းတယ်။ သူဘယ်လိုဝင်နိုင်မှာလဲ”

နာ့နာ့ ခေါင်းယမ်းလိုက်သည်။

“ရှီလိုင်ခဲ့အကယ်ဒမီ အတွက် အဓိကလိုအပ်ချက်က အသက် 12 နှစ်မပြည့်ခင် အဆင့် 20 သို့ရောက်ဖို့ လိုအပ်တာပဲ။ ဒီတစ်ခါတော့ လန်ရွမ်းယု ဒီမှာနေပြီး သူ့ကို အဆင့် 20 ရောက်အောင် ကူညီပေးမယ်။ သူသိုင်းဝိညာဥ်နဲ့သေချာပေါက်အခွင့်အရေးရမှာပါ”

“ အရင်စားရအောင်၊ ပြီးရင်စမယ်”

ညစာစားပြီးနောက်........

“ဗိုက်ပြည့်ပြီလား” နာ့နာ့ သည် ရွမ်းယု ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ပြည့်ပြီ၊ကျေးဇူးတင်ပါတယ် ဆရာမ နာ့နာ့”

နာ့နာ့ ပြုံးလိုက်သည်။

“ဒါဆို စလိုက်ရအောင်။ ဒီနှစ်အနည်းငယ်အတွင်းမှာ မင်း လေ့ကျင့်တာကြိုးစားမကြိုးစား ကြည့်ပါရစေ။”

“ထိုင်...”

“ဟုတ်” လန်ရွမ်းယု တင်ပျဉ်ခွေထိုင်လိုက်သည်။

နာ့နာ့ က သူ့နောက်မှာထိုင်ပြီး ညာလက်ကို မြှောက်လိုက်ပြီး ရွမ်းယု၏နောက်ကျောကို ညင်သာစွာ ဖိလိုက်လေသည်။

ထို့နောကိ စွမ်းအားတစ်ခုက ရွမ်းယု၏ခန္တာကိုယ်ထဲသို့ဝင်ရောက်သွားလေသည်။

အချိန်အတော်ကြာပြီးနောက် နာ့နာ့ သည် သူမ၏ လက်ကိုပြန်သိမ်းလိုက်ပြီး

“ အဆင်ပြေတယ် ”

Endend. ..

All Chapters