အခန်း (၁၄၀)
Vol. 9 Ch. 140
“မင်းရဲ့ လက်ရှိအခြေအနေက အရမ်းကောင်းပြီးတော့ ငါမျှော်မှန်းထားတာထက်ကို အများကြီး ပိုကောင်းတယ်။ အခု အဆင့် 20 ကို ကျော်ဖြတ်ရင် မင်းအတွက် အသက်အန္တရာယ်ရှိမှာ မဟုတ်ဘူး။”
“အော်”
နာ့နာ့ က ဆက်၍
“မင်းရဲ့ တည်ရှိမှုက ငါ့အတွက် အရမ်းရင်းနှီးသလို ခံစားရတယ်။ မင်းက ငါနဲ့တူသလိုပဲ။ အဲ့ဒါကြောင့် မင်းကိုပထမဆုံးစတွေ့တဲ့အချိန်ကတည်းက ငါတို့ကြားက ဆက်စပ်မှုကို ငါခံစားခဲ့ရတယ်”
“တကယ်တော့ မင်းရဲ့သွေးသားက အရမ်းအန္တရာယ်များတယ်။ သာမာန်လူတွေမှာ ပုံမှန်အားဖြင့် သွေးအမျိုးအစားတစ်မျိုးတည်းပဲ ရှိတယ်.....”
“ဒါပေမဲ့ မင်းက တခြားသူတွေနဲ့ လုံးဝမတူဘူး မင်းရဲ့ခန္ဓာကိုယ်ထဲမှာ သွေးအမျိုးအစားတစ်ခုတည်းမဟုတ်ဘဲ နှစ်မျိုးရှိနေတယ်.... သွေးသားနှစ်ခုကလည်း မင်းမှာရှိတဲ့ မတူညီတဲ့
ငွေပြာမြက်သိုင်းဝိညာဉ်နှစ်ခုနဲ့ လိုက်လျောညီထွေရှိတယ်။ ပြောရလျှင် ဒီသွေးသားနှစ်မျိုးက သဟဇာတမဖြစ်နိုင်ပေ။ ၎င်းတို့ထဲမှ တစ်ခုက အလွန်အမင်းအားကောင်းတဲ့ ဒြပ်စင်စွမ်းအားတွေပါပြီးတော့ ကျန်တစ်ခုက သန့်ရှင်းတဲ့ခွန်အားစွမ်းအားတွေရှိတယ်။ အဲ့ဒါကြောင့် အဲ့ထဲကတစ်ခုကိုရတာနဲ့ မင့်အတွက် ကြီးမားတဲ့စွမ်းအားတွေရခါလိမ့်မယ်။ ဒါပေမယ့် နှစ်ခုစလုံးနိုးလာတော့ မင်းအတွက် ဒုက္ခရောက်သွားတယ်။ သွေးသား နှစ်ခုလုံးက သဟဇာတမဖြစ်တာကြောင့် အဆက်မပြတ် တိုက်ခိုက်ကြတယ်။ အဆင်မပြေရင် မင်းရဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်တယ်၊ မင်းအသက်ကိုတောင်ယူ သွားနိုင်တယ်”
“ဒါကြောင့် မင်းရဲ့ အခြေအနေကို ငါစစတွေ့တော့ ငါ အရမ်းစိုးရိမ်သွားခဲ့တယ်။ အဲဒါကိုကြောင့် သူတို့နှစ်ခုကိုယာယီပေါင်းပေးခဲ့တယ်”
“အဲ့ဒါကြောင့် မင်း အဆင့် 20 ကို ဖြတ်ကျော်တဲ့အခါ ငါရှိနေချင်တာ။ မင်းကိုကာကွယ်ဖို့အတွက်ပဲ”
“ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်အတွင်းက စွမ်းအားတွေက ဒီလောက်ထူးခြားမယ်လို့ မထင်ခဲ့ဘူး။ မင်းရဲ့ သိုင်းဝိညာဥ် ပေါင်းစပ်စွမ်းရည်ကို မင်း အသုံးပြုလိုက်တဲ့အခါ၊ အဲ့စွမ်းအင်နှစ်ခုက အထူးစွမ်းအားတစ်ခုရဲ့အကူအညီနဲ့ ပေါင်းစပ်သွားပုံရတယ်။ အဲ့တာတော့ မင်းကိုယ်ထဲမှာစပေါ်လာနေတဲ့ သက်တံရောင်စွမ်းအားပဲ ...အဲ့တာက ရွှေနဲ့ ငွေရောင်စွမ်းအားတွေ ရောစပ်ပြီး ဖြစ်ပေါ်လာခဲ့တာပဲ”
“ဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ တတိယမြောက်သွေးသားစွမ်းအား ပေါ်လာပြီ”
“တတိယသွေးသား?”
လန်ရွမ်းယုသည် နာ့နာ့ကို ထိတ်လန့်စွာကြည့်နေသည်။
“နှစ်ခုတောင် ပြဿနာဖြစ်နေတာ သုံးခုဆိုတော့…”
နာ့နာ့က လက်ကို ဝှေ့ယမ်းလိုက်သည်။
“မဟုတ်ဘူး.... အဲဒီလို မဟုတ်ဘူ.... တတိယမြောက်သွေးသားက ယခင်သွေးသားနှစ်ခုရဲ့ ပေါင်းစပ်မှုပဲ.... တတိယသွေးသားတည်ရှိသွားတာကြောင့် မင်းရဲ့ခန္ဓာကိုယ်က ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုကို ပေါင်းစပ်ဖို့ နည်းလမ်းတစ်ခုကို ဖန်တီးလို့ရသွားတာပဲ.....သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည်ကို မင်းအသုံးပြုလိုက်တိုင်း မင်းရဲ့သွေးသားနှစ်ခုက ရောစပ်သွားပြီ ပိုပိုပြီး သဟဇာတဖြစ်သွားတယ်”
“ မင်းရဲ့တတိယသွေးသားက အားနည်းနေသေးပေမယ့် တည်ငြိမ်သွားပြီ။ အချိန်တစ်ခုရောက်ရင် မင်းရဲ့သွေးသားနှစ်ခုက တစ်ခုထဲအဖြစ် ပေါင်းစပ်သွားလိမ့်မယ်။ မူလနှစ်ခုထက်ပိုအာယကြီးလိမ့်မယ်...ငါထက်တောင်ကြီးမယ်ထင်တယ်”
လန်ရွမ်းယုသည် နာ့နာ့ ၏ ခွန်အားကို ကိုယ်တိုင်တွေ့မြင်ခဲ့သည်။ ထိုအချိန်တွင် သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။ ဘယ်သူက ပိုသန်မာလဲ....
ဆရာမနာ့ နာ့ ဒါမှမဟုတ် ဦးလေးထန်လီ........
(ငါတို့လည်သိချင်နေတာ...ဂူရွဲ့နာ့က အရမ်းကိုလျှိို့ဝှက်လွန်းတယ်)
နာ့နာ့ ပြုံးလိုက်သည်။
“ပြီးတော့ ရှိသေးတယ်....မင်းရဲဝိညာဥ်စွမ်းအားက အခြားလူတွေနဲ့မတူတော့ဘူး....ပြောရရင် သူများတွေအဆင့်၁၀ဆင့်တက်တဲ့အချိန်မှာ မင်းကအဆင့်၅ဆင့်ပဲတက်လိမ့်မယ်....ပြောရရင် သူများတွေဝိညာဥ်ကွင်းနှစ်ကွင်းရမှ မင်းတစ်ကွင်းပဲရလိမ့်မယ် ...ဒါပေမဲ့ အနာဂတ်မှာ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်။”
လန်ရွမ်းယုသည် နာ့နာ့ နောက်ဆုံးစကားသံကိုကြားသောအခါ မျက်နှာပျက်သွားခဲ့သည်။
သူသည် အထူးတန်းရှိကျောင်းသား များနှင့် နှိုင်းယှဉ်ပါက အဆင့် ၁၀ နီးပါးဖြင့် နောက်ကျနေပြီဖြစ်သည်။
“စိတ်မပျက်ပါနဲ့၊ ကောင်းမွန်တဲ့ ပြင်ဆင်မှုက အောင်မြင်မှုရဲ့ သော့ချက်ပဲ။ အနာဂတ်မှာ မင်းကဘယ်သူမှမယှဥ်နိုင်တဲ့လူဖြစ်လာလိမ့်မယ် ”
နာ့နာက နှစ်သိမ့်လိုက်သည်။
လန်ရွမ်းယု ၏မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အမြွက်များပေါ်လာသည်။
“အဲ့ဒါက ဘယ်လောက်ကြာလောက်လဲ ဆရာမ နာ့နာ့”
နာ့နာ့ က “ငါလည်း သိပ်သေချာမသိပါဘူး။ နှစ် ၁၀၀ ဒါမှမဟုတ် နှစ် ၂၀၀ ဒါမှမဟုတ် ၃၀၀ လည်းဖြစ်နိုင်တယ်။”
လန်ရွမ်းယု သူမအား ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ “အဲ့ဒါဆို အသက်ကြီးပီးသေတော့မယ်လေ!”
နာ့နာ့ ခေါင်းယမ်းလိုက်သည်။
“မင်းအဲ့လိုမဖြစ် ဘူး။ မင်းရဲ့ တတိယသွေးသားမှာ အသက်စွမ်းအားတွေပါနေတယ်.... မင်းရဲ့ သက်တမ်းဟာ သာမန်လူသားတွေထက် ကျော်လွန်သွားမှာ သေချာတယ်။”
နာ့နာ့ ပြုံးလိုက်သည်။
“မင်းရဲ့ ဒုတိယ ဝိညာဉ်ကွင်းက ဘာတွေကို ယူလာမယ်ဆိုတာကို မင်း မသိချင်ဘူးလား။ ငါတို့ကို စလိုက်ရအောင်။”
“ဟုတ်!” သူသည် ဒုတိယဝိညာဥ်ကွင်းအတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
Endend…..