Chapters

အခန်း (၁၄၁+၁၄၂)

Vol. 9 Ch. 141+142

အခန်း (၁၄၁+၁၄၂)

Vol. 9 Ch. 141+142

“မင်းစလုပ်ပါ၊ ငါမင်းကိုကာကွယ်ထားမယ်”

“ဟုတ်”

ရွမ်းယုသည် မျက်လုံးများကိုမှိတ်ထားပြီး တင်ပျဉ်ခွေထိုင်ကာ သူ၏ခန္ဓာကိုယ်အတွင်း ရှိဝိညာဉ်စွမ်းအားကို လျှို့ဝှက်ဆန်းကြယ်ကောင်းကင်နည်းလမ်းဖြင့် နှေးကွေးစွာ လှုပ်ရှားစေလိုက်သည်။ လေထဲရှိစွမ်းအား အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ အထွတ်အထိပ်ရောက်နေပြီဖြစ်သော ဝိညာဉ်စွမ်းအားသည် ရုတ်တရက် နောက်တစ်ဆင့်တိုးလာလေသည်။

နာ့နာ့သည် သူ့ဘေးတွင် ရပ်နေပြီး ရွမ်းယုခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ဖော်မပြနိုင်သော နာကျင်မှုတစ်ခု ရွမ်းယုကိုယ်ထဲသို့ တိုးဝင်လာသည်။ ခန္ဓာကိုယ်တစ်ဝိုက်တွင် အခွံတစ်ခုရှိနေသကဲ့သို့ ဖြစ်သည်။ သူ့ရဲ့ ကြီးထွားလာမှုကို တားမြစ်ထားသလိုပင်.....

သူ၏ ဝိညာဉ်စွမ်းအားသည်လည်း ရုတ်တရက် ထွက်ပေါ်လာသည်။ စွမ်းအားများ အထွတ်အထိပ်သို့ ရုတ်တရက် မြင့်တက်လာခဲ့သည်။

ထို့နောက် ဥခွံကိုခွဲကာ နယ်ပယ်သစ်တစ်ခုသို့ တရားဝင်ဝင်ရောက်ခဲ့ကြောင်း သူသိလိုက်သည်။

“အခု အေးအေးဆေးဆေးမဖြစ်သွားနဲ့၊ ဒါက အစပဲရှိသေးတယ်။ အာရုံစိုက်ထားပါ”

နာ့နာ့ရဲ့သတိပေးသံဝင်လာလေသည်။

တစ်ချိန်တည်းတွင် ရွမ်းယုရင်ဘတ်မှ ပူလောင်သော ခံစားချက်ကို စတင်ခံစားလိုက်ရသည်။

“ရေဝဲဖွဲလိုက်” နာ့နာ့၏အသံ ထပ်မံထွက်လာသည်။

ရေဝဲ....

လန်ရွမ်းယုသည် သူမ၏ အကြံဥာဏ်ကို ချက်ချင်းနားလည်လိုက်ပြီး သူ့ရင်ဘတ်ရှိ ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်။ ထို့နောက် ရွှေရောင်ရောင်နှင့်ငွေရောင်စွမ်းအားများနှင့်တကွ သူ့ရဲ့ ဝိညာဥ်စွမ်းအားများကို ရေဝဲတစ်ခုအဖြစ်ဖွဲ့စည်းလိုက်လေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုများ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

“ရွမ်းယု မင်းရဲ့သိုင်းဝိဥာဉ်တွေကို ပေါင်းစည်းလိုက်၊ ငါမင်းနဲ့အတူရှိနေမယ်”

နာ့နာ့ရဲ့အသံ ရုတ်တရက်ထပ်ထွက်လာသည်။

“မြန်မြန်!” နာ့နာ့၏စိုးရိမ်သော အသံ ထွက်လာခဲ့သည်။

ရွမ်းယုသည် သူ၏ငွေပြာမြက်နှစ်ခုကိုစတင်ပေါင်းစပ်လိုက်လေသည်။

နာ့နာ့ ကို ခြွင်းချက်မရှိ သူယုံကြည်မှုရှိသည်။ သက်တံရောင်ဝိညာဥ်ကွင်းပေါ်လာတော့သည်။ သိူ့သော် ပေါက်ကွဲမသွားတော့ပေ။

သူ့အာရုံများ ရုတ်တရက် ပိုကြည်လင်လာခဲ့သည်။ ကိုယ်အတွင်းမှ ရွှေနှင့် ငွေရေဝဲသည် တည်ငြိမ်စွာ လည်ပတ်နေပြီး ယခုအခါ ယခင်ထက် သုံးပုံတစ်ပုံခန့် ပိုကြီးလာခဲ့သည်။

သူ၏ ဝိညာဉ်စွမ်းအားမှာလည်း တည်ငြိမ်လာသည်။

‘အဆင့် 20 ..... ငါ အဆင့် 20 ရောက်ပြီ’

အခြားသူများသည် အဆင့် 21 သို့ တိုက်ရိုက်ခုန်တက်သွားသော်လည်း သူသည် အဆင့် 20 သို့သာ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သူ၏သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည်နှင့် သက်ဆိုင်သည်မှာ သေချာသည်။

“မင်းရဲ့ ဝိညာဉ်စွမ်းအား အဆင့် တက်လာပြီးတော့ နောက်ပိုင်းမှာ မင်းရဲ့ သိုင်းဝိဥာဉ်ပေါင်းစပ်စွမ်းရည်ကို သုံးရင်တောင် မင်းရဲ့ စွမ်းအားတွေ ကျဆင်းသွားမှာ မဟုတ်တော့ဘူး...ခုတော့သည်းခံလိုက်ပါဦး....”

နာ့နာ့ ၏ အသံသည် သူ့နားထဲတွင် ထွက်ပေါ်လာသည်။ နာ့နာ့နှင့်အတူရှိသောအခါတွင် သူ လုံခြုံသည်ဟု ခံစားရသည်။

ရွမ်းယု တဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်။

နာ့နာ့ အနည်းငယ် ထိတ်လန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ရွမ်းယု၏ ဘယ်ဘက်မျက်လုံးမှာငွေရောင်ဖြစ်နေပြီး ညာဖက်မျက်လုံးမှာ ရွှေရောင်ဖြစ်နေပြီး ဒေါသများ.... ရက်စက်မှုများ ပြည့်နှက်နေသည်။

ထို့နောက် တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သွားလေသည်။

“ရွမ်းယု မင်းငါ့စကားကို နားထောင်.... အဆင့် 20 မှ 30 ကြားမှာ မင်းသိုင်းဝိဥာဉ်ပေါင်းစပ်စွမ်းရည်ကို 10 ကြိမ်ထုတ်သုံးပြီးတော့ မင်းရဲ့တတိယသွေးသားကို လေ့ကျင့်ဖို့ လိုအပ်တယ်... နားလည်လား?”

“ဟုတ်.... နားလည်ပါတယ်”

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။

ထို့နောက် နာ့နာ့ က ပြုံးပြီး

“လာ၊ မင်းရဲ့ သိုင်းဝိဥာဉ် ပြောင်းလဲမှုတွေကို ကြည့်ကြရအောင်”

ရွမ်းယုသည် သူ၏ဘယ်ဘက်လက်ကို ဦးစွာမြှောက်လိုက်ပြီး ငွေရောင် ငွေပြာမြက်ပင်ကို ထုတ်လွှတ်လိုက်သည်။

လန်ရွမ်းယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ပြောင်းသွားပြီ.....

ငွေပြာမြက်သည် သိသိသာသာကို ကွဲပြားသွားသည်။ ငွေပြာမြက်သည်ပိုသေးသွားကာ ပိုကျစ်သွားလေသည်။ အရွက်များမှာလည်း ပိုပါးသွားကာ ပိုထက်လာလေသည်။

Endendn. ……..