← Chapters

အခန်း (၁၄၃+၁၄၄)

Vol. 9 Ch. 143+144

အခန်း (၁၄၃+၁၄၄)

Vol. 9 Ch. 143+144

ထို့နောက် လန်ရွမ်းယုထံမှ ဝိညာဥ်ကွင်းနှစ်ကွင်းထွက်လာလေသည်။ ပြောင်းလဲမှုကတော့....

အဝါရောင်ဝိညာဥ်ကွင်းနှစ်ကွင်းဖြစ်လေသည်။

သူ၏ ပထမဆုံး ဝိညာဉ်ကွင်း သည် အဖြူရောင်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် အဝါရောင်ဖြစ်နေသည်။

ဘာဖြစ်သွားတာလဲ....

ဝိညာဉ်ကွင်းများကို ဝိညာဥ်စေတီတော်တွင် သက်တမ်း မြှင့်တင်နိုင်သော်လည်း ၎င်းသည် ငွေကြေး များစွာကုန်ကျပေသည်။

ထို့အပြင် လန်ရွမ်းယု သည် ဝိညာဉ်စေတီတော် သို့ တစ်ခါမှပင် မရောက်ဖူးပေ။

အဝါရောင်သည် နှစ် 100 ဝိညာဉ်ကွင်း ကိုကိုယ်စားပြုပြီး ယခု ဝိညာဥ်ကွင်း နှစ်ခု တစ်ပြိုင်နက်ပေါ်လာသည်။ တစ်နည်းဆိုရသော်၊ ယခုရွမ်းယုသည် နှစ် 100 ဝိညာဉ်ကွင်း နှစ်ခုကို ပိုင်ဆိုင်သည့် ဝိညာဉ်ဂရမ်းမာစတာ ဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

ထို့နောက်ရွမ်းယုသည် သူ၏ ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး သူ၏ ရွှေရောင် ငွေပြာမြက်ကို ထုတ်လိုက်သည်။ အတူတူပင်

ရွှေရောင်ငွေပြာမြက်တွင်လည်း အဝါရောင်ဝိညာဥ်ကွင်းနှစ်ကွင်းရှိနေလေသည်။

သူ့ခွန်အားများမှာလည်း သိသိသာသာတိုးလာလေသည်။

နာ့နာ့ သည် ရွမ်းယုကိုကြည့်ရင်း အံ့ဩသွားသည်။ ထို့နောက် ရွမ်းယုရဲ့ရွှေရောင်ငွေပြာမြက်ကိုကြည့်ရင် တစ်စုံတစ်ရာကိုသတိရသွားသကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်သည်။ သို့သော် ဘာမှစဥ်းစားမရပေ။

“ဆရာမ... ကျွန်တော့ရဲ့ ဝိညာဉ်ကွင်းတွေက ဘာလို့ နှစ် 100 ဖြစ်သွားလဲ။ ပြီးတော့ သူ့အလိုလိုပေါ်လာတယ်။ စိတ်ဝိညာဉ်လည်း လုံးဝမသုံးရခဲ့ဘူး”

နာ့နာ့ ၏အကြည့်မှာ အနည်းငယ်ပြောင်းသွားပြီး

“ရွမ်းယု မင်းဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူး။ မင်းမှာ စိတ်ဝိညာဉ်မရှိတဲ့အကြောင်း ဒါမှမဟုတ် မင်းရဲ့ ဝိညာဥ်ကွင်းတွေက အလိုလို ပေါ်လာတဲ့အကြောင်း...ကြားလား”

လန်ရွမ်းယုခေါင်းညိတ်လိုက်ကာ

“ဆရာမ နာ့နာ့၊ အဲ့တာ ဘာကြောင့်ဖြစ်လဲ သိတယ်မလား? ကျေးဇူးပြုပြီး သားကို ရှင်းပြနိုင်မလား။”

နာ့နာ့ ခေါင်းခါလိုက်ပြီး

“အခုအချိန်က မင်းသိဖို့ သင့်တော်တဲ့အချိန်မဟုတ်သေးဘူး။ မင်း အဆင်သင့်ဖြစ်ပြီးလို့ ငါ ခံစားမိရင် ပြောပြမယ်။ မင်းက ဒီလျှို့ဝှက်ချက်ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး။ ဒီကမ္ဘာမှာ လူတိုင်းက လူကောင်းတွေ မဟုတ်ဘူး”

“ဟုတ်” လန်ရွမ်းယု အနည်းငယ်စိတ်ပျက်သွားသော်လည်း နာ့နာ့က လေးနက်စွာပြောလာသည်ကိုတွေ့လိုက်ရတော့ သူ ကမန်းကတန်း ခေါင်းညိတ်လိုက်လေသည်။

“လာပါ၊ မင်းရဲ့ ဒုတိယ ဝိညာဉ်ကွင်းကို စမ်းကြည့်ပြီး တခြားပြောင်းလဲမှုတွေ ဘာတွေရှိလဲ ကြည့်ရအောင်။ မင်းဘယ်ဘက်လက်ကို အရင်သုံး”

“ဒုတိယဝိညာဉ်ကွင်း...”

သူ့လက်ဖဝါးမှ အနီရောင်တောက်တောက်အလင်းများထွက်ပေါ်လာပြီး ငွေရောင် ငွေပြာ မြက်၏ အတွင်းပိုင်းသည် ပတ္တမြားကဲ့သို့ လုံးဝနီရဲလာခဲ့သည်။

‘ဒါ..’

‘ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!’

ငွေရောင်ငွေပြာမြက်၏ ဒုတိယ ဝိညာဉ်စွမ်းရည် သည် ရေခဲဒြပ်စင်များနှင့် ဆက်စပ်နေမည်ဟု မူလက သူထင်ခဲ့သည်၊

သို့သော် ဤဒုတိယဝိညာဥ်စွမ်းရည်သည် ရေ သို့မဟုတ် ရေခဲဒြပ်စင်များနှင့် မသက်ဆိုင်ပေ....

မီးဒြပ်စင်တစ်ခုဖြစ်နေလေသည်။

‘ရေနဲ့ မီးက ရောနှောလို့ မရဘူးလေ’

သူ့ရဲ့ ဒုတိယ ဝိညာဉ်ကွင်းသည် မီးဒြပ်စင်များကို ထိန်းချုပ်နိုင်လေသည်။

“ရေနဲ့မီး မလိုက်ဖက်ဘူးလေ... ဆရာမ နာ့နာ့

ဒါကဘယ်လိုဖြစ်တာလဲ”

နာ့နာ့ဘာမှပြန်မပြောပေ။ နာ့နာ့၏အမူအရာမှာတုန်လှုပ်နေဟန်ရှိလေသည်။ တွေဝေစွာ လန်ရွမ်းယုကို ကြည့်နေခဲ့သည်။ ထို့နောက် သူမ ညာလက်ကို တဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူမ၏ လက်ဖဝါးမှ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နာ့နာ့ကို ကြည့်ရင်း ရွမ်းယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဆရာမ နာ့နာ့... မင်းလည်း မီးဒြပ်ကို ထိန်းနိုင်လား”

နာ့နာ့ က ရွမ်းယုကို ကြည့်လိုက်ကာ

“အစကတော့ မင်းရဲ့သွေးသားနဲ့ပတ်သက်တဲ့ သံသယတွေရှိခဲ့တယ်.... မင်းနဲ့ဘာလို့အရမ်းရင်းနှီးတယ်လို့ခံစားရတာလဲဆိုတာငါမသိခဲ့ဘူး....အခုတော့ ငါထင်တာမှန်နေပြီ.... ငါတို့ရဲ့သွေးသား ဒါမှမဟုတ် မင်းရဲ့သွေးသားတစ်စိတ်တစ်ပိုင်းက ငါနဲ့ အလွန်တူနေတာပဲ... မင်းရဲ့ဒုတိယဝိညာဉ်ကွင်းက ဒီယူဆချက်ကို အတည်ပြုပေးလိုက်ပြီ”

ရွမ်းယုသည် သူမအား ကြောင်တက်တက် စိုက်ကြည့်နေသည်။

“ဆရာမ နာ့နာ့... မင်းရဲ့သွေးသား ဘာလဲ”

နာ့နာ့က “အဲဒါတော့ ငါလည်း မမှတ်မိဘူး။ ငါဘာမှမမှတ်မိဘူး။ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ဘယ်ကလာတယ်ဆိုတာလည်း ငါ မသိဘူး။ ငါ့စွမ်းအားတွေကိုဘယ်လိုသုံးရမလဲပဲငါသိတယ်.... ငါနဲ့ တူညီတဲ့ သွေးသားရှိတဲ့ မင်းလိုလူ ပေါ်လာလိမ့်မယ်လို့လည်း ငါမထင်ခဲ့မိဘူး။ အဲဒါကြောင့် မင်းနဲ့ အရမ်းရင်းနှီးသလို ငါခံစားခဲ့ရတယ်။ အခုဆိုရင် ငါ မင်းကို ဘယ်လိုဆက်လမ်းပြရမလဲဆိုတာ ငါသိသွားပြီ... ငါ့ထက် မင်းရဲ့ဆရာဖြစ်ဖို့ ဘယ်သူမှ ပိုသင့်တော်တာ မရှိတော့ ဘူး”

“ဆရာမ နာ့နာ့ အခုက ဘာလုပ်ရမှာလဲ”

နာ့နာ့ “ရေနဲ့မီးကို ထိန်းချုပ်နိုင်တာက မကောင်းတဲ့အရာမဟုတ်ပါဘူး.... အရေးကြီးဆုံးက အဲဒါတွေကို ဘယ်လိုသုံးလဲသိဖို့ပဲ.... ဟုတ်တယ်၊ မီးနဲ့ရေက လိုက်ဖက်မှုမရှိသလို တစ်ယောက်ကိုတစ်ယောက်အနိုင်ယူနေပေမယ့် အချင်းချင်း ကူညီဖို့ မဖြစ်နိုင်ဘူးလို့လည်း မဆိုလိုဘူး။ ဥပမာ၊ ဒါ.....”

ထိုအချိန်တွင်ပင်နာ့နာ့လက်ထဲရှိ မီးသည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်။

“မီးတောက်က အတိုင်းအတာတစ်ခုအထိ အားနည်းတဲ့ ရေဓာတ်ကို တွေ့တဲ့အခါ..မီးတောက်က အမှန်တကယ်စွမ်းအား တိုးလာတယ်။ အဲ့လိုပဲ အခြားနည်းတွေအများကြီးရှိတယ်.....”

“ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသူံးရမလဲ?”

“ဒါကို မင်းကိုယ်တိုင် နားလည်အောင်လုပ်ရ မယ်။ စမ်းကြည့်ပါ”

“မီးနှင့် ရေကို ပေါင်းစပ်တာက အခြားဒြပ်စင်တွေကိုပေါင်းတာထက် အဆများစွာ ပိုခက်ခဲပေမဲ့ ထွက်လာတဲ့စွမ်းအားက အလင်းနဲ့အမှောင်ပေါင်းစပ်ခြင်းပီးရင် အပြင်းဆုံးပဲ....အဲဒါအတွက် ဘာပညာရပ်မှလည်း မရှိဘူး၊ လူနဲ့ ဒြပ်စင်တွေကြား ရင်းနှီးကျွမ်းဝင်မှုနဲ့ နားလည်မှုပဲရှိတယ်”

နာ့နာ့က သဘောတရားများကိုရှင်းပြနေလေသည်။

“မင်းရဲ့သွေးသားက ငါနဲ့တကယ်ဆင်တူရင် နောင်ပိုင်း ဝိညာဉ်ကွင်းတွေ ရလာတဲ့အခါ၊ မင်းဟာ တခြားဒြပ်စင်တွေကိုလည်း ထိန်းချုပ်နိုင်လာလိမ့်မယ်။ ”

လန်ရွမ်းယုသည် သူမကို အံ့အားသင့်စွာ ကြည့်လိုက်ရင်း

“ဆရာမနာ့နာ့ရော ဘယ်နှစ်ခု ထိန်းချုပ်နိုင်မလဲ”

နာ့နာ့ သူ့ကို ပြုံးပြပြီး မတူညီသော အလင်းလုံးများ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ရေဒြပ်စင်များနှင့် ပြည့်နှက်နေသော အပြာရောင်အလင်းလုံးနှင့် မီးဒြပ်စင်ကို ကိုယ်စားပြုသည့် အနီရောင် အလင်းလုံး....လေဒြပ်စင်ကိုကိုယ်စားပြုသော အစိမ်းရောင် အလင်းလုံး.....

အဝါရောင်ဒြပ်စင်မှာ မြေကြီးအလင်းလုံးဖြစ်ပြီ.. ငွေရောင်အလင်းလုံးသည် အာကာသဒြပ်စင်..... ရွှေအလင်းလုံးသည် အလင်းဒြပ်စင်ဖြစ်ကာ..... ခရမ်းရောင်အလင်းလုံးသည် ရှားပါးသော အမှောင်ဒြပ်စင်.......

ရေ၊ မီး၊ မြေ၊ လေ၊ အလင်း၊ အမှောင်၊ အာကာသ.....နာ့နာ့သည် ဒြပ်စင်ခုနစ်ခုကို ထိန်းချုပ်နိုင်လေသည်။

Endend…..

All Chapters