အခန်း (၁၄၅)
Vol. 10 Ch. 145
လူသားတစ်ဦးသည် လက်သက်သက်ဖြင့် အာကာသယာဉ်ကို ဖျက်ဆီးနိုင်မည်ဆိုလျှင် နာ့နာ့သည် အတွေးတစ်ခုနှင့် ထိုအရာကိုလုပ်ဆောင်နိုင်လေသည်။
ရွမ်းယုစိတ်ထဲတွင် ထန်လီနှင့်နာ့နာ့တို့၏စွမ်းအားများကိုယှဥ်နေမိသည်။
“အခြေခံအချက်တွေကို ကျန်နှစ်ရက်မှာ သင်ပေးမယ်။ နောက်တဆင့်ကိုလည်း လမ်းညွှန်ပေးလိုက်မယ်။”
နာ့နာ့ထံမှ သင်ယူတော့မည်ဟု ကြားသောအခါ လန်ရွမ်းယု ဝမ်းသာသွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် တုံ့ဆိုင်းသွားခဲ့သည်။ သူသည် ရက်အနည်းငယ်ကြာသောအခါ အိမ်ပြန်ရတော့မည်ဖြစ်သည်။
“ဆရာမ နာ့နာ့... သားကို ဆက်သင်ပေးဖို့ ကောင်းကင်ဝိညာဥ်ဂြိုလ် ကို ဘယ်တော့ပြန်လာမှာလဲ။ ဆရာမကို အနားမှာအမြဲရှိစေချင်တယ်”
နာ့နာ့ သက်ပြင်းချလိုက်သည်
“ငါ ဒီမှာ ခေတ္တရပ်နေရမယ်။ ငါသူတို့ကို ကတိပေးထားရတယ်.... ဒါပေမယ့် မင်းတစ်ခုခုလိုအပ်ရင် မင်းငါ့ကို ချင်းရုံကနေတစ်ဆင့် လှမ်းခေါ်လို့ရတယ်။ “
“အင်း... ဟမ်... ဆရာမနာ့နာ့ .....တုံချင်းရုံက ရှီလိုင်ခဲ့အကယ်ဒမီကိုသွားတော့မှာမလား....သူဝင်နိုင်လောက်လား “
နာ့နာ့ က ခေါင်းခါပြီး
“အဲဒီနေရာကို ငါလည်း သိပ်မသိဘူး။ ဒါပေမယ့် သူ အရည်အချင်းပြည့်မီပြီးတော့ ဝင်နိုင်မယ်လို့
ငါထင်တယ်။ သူမက အရမ်းကြိုးစားတဲ့ ပါရမီရှင်..... မင်း သူ့ရည်းစားဖြစ်ချင်တယ်လို့ မင်းပြောတာမလား။ အဲ့ကြောင့် မင်းလည်း ကြိုးစားရမယ်။”
လန်ရွမ်းယု လျှာထုတ်လိုက်ကာ...
“ဆရာမ နာ့နာ့..အဲ့ဆို ငါတို့ လေ့ကျင့်ရအောင်”
နာ့နာ ရယ်လိုက်မိသည်။ “ကောင်းပါပြီ။”
လန်ရွမ်းယုသည် တုံချင်းရုံ ကို ရက်အနည်းငယ်ကြာအောင် မတွေ့ခဲ့ရပေ။ သူမတကယ်ဒေါသထွက်နေပုံရသည်။ ဒ
နေ့ရက်များသည် လျင်မြန်စွာ ကုန်လွန်ခဲ့ပြီး အိမ်ပြန်ရန် အချိန်တန်ပြီဖြစ်သည်။
နာ့နာ့ သည် နောက်ဆုံးနေ့တွင် ရွမ်းယုတို့မိသားစုကို အာကာသယာဉ်ကွင်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ခဲ့သည်။
လန်ရွမ်းယု က နာ့နာ့ကို ပွေ့ဖက်ထားကာ
“ဆရာမ နာ့နာ့နဲ့ ဘယ်တော့ပြန်ဆုံရမှာလဲ”
နာ့နာ့ ပြုံးလိုက်သည်။
“ငါ ကောင်းကင်ဘုံဂြိုလ်က လွယ်လွယ်နဲ့ ထွက်လို့မရဘူး။ မင်း အချိန်ရရင် ငါ့စီအချိန်တိုင်း လာလည်လို့ရတယ်။ ဒါမှမဟုတ် မင်း လုံလုံလောက်လောက်သန်မာလာတဲ့အထိ စောင့်…ပီးရင်လာခေါ်လဲ့”
နာ့နာ့ ၏နောက်ဆုံးတစ်ဝက်ကို အပြည့်အဝနားမလည်သော်လည်း လန်ရွမ်းယု ကတိပေးလိုက်သည်။
“ကျနော် သန်မာလာအောင် ကြိုးစားပါ့မယ်။”
“ဒါဆို ရှီလိုင်ခဲ့အကယ်ဒမီ ထဲကိုဝင်ဖို့ ကြိုးစားပါ။ မင်းနဲ့ ချင်းရုံတို့ ချစ်သူတွေ ဖြစ်သွားရင် ဆရာမက ပို သဘောကျတယ်။”
လန်ရွမ်းယု၏မျက်နှာနီရဲလာသည်။
“ကျွန်တော် သူ့ကို မတွေ့ရသေးဘူး။ နောက်တစ်ကြိမ် ကျနော်တို့ဆငိ့ခေါ်တဲ့အခါ သူလာဖို့ ဆန္ဒရှိပါ့မလား။ ဆရာမနာ့နာ့ ၊ သူ့ကို ကူညီပြောပေးပါ ။ အဲဒီနေ့က ကျနော့်အပြစ်ပါ”
နာ့နာ့ ပြုံးလိုက်သည်။
“အေးပါ...သွားတော့ ယာဥ်ပေါ်တက်တော့ ။”
“ဟုတ်. မကြာခင်ပြန်တွေ့မယ် ဆရာမ”
ရွမ်းယုတို့မိသားစု ထွက်ခွာသွားတာကို ကြည့်ပြီး နာ့နာ့ ရပ်ကြည့်နေခဲ့သည်။ လန်ရွမ်းယုပြန်သွားသည်ကို သူမ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
ပုံတစ်ပုံက နာ့နာ့ အနားကို ဖြည်းညှင်းစွာ လျှောက်သွားပြီး ညင်သာစွာ ပြောလိုက်သည်။ “လိုက်သွားချင်လို့လား?”
“အင်း” နာ့နာ့ ခေါင်းညိတ်သည်။
ယွမ်ယန်ပင်ဖြစ်သည်။ ယွမ်ယန်မှာအိမ်ထောင်ပင်ပြုသွားပြီဖြစ်သည်။
“အထက်လူကြီးတွေက မင်းကိုနောက်ထပ်စမ်းသပ်လို့ရမလားလို့ မေးနေတယ်။ “
နာ့နာ့ က “ငါထပ်မလုပ်ချင်တော့ဘူး... သူတို့ ဘာမှရှာမတွေ့ခဲ့ဖူးလေ.....”
“ဒီတစ်ခါတော့ မတူဘူး။ ဒီတစ်ခါ မင်းကို မိခင်ဂြိုလ်ဖြစ်တဲ့ ဝိညာဉ်ကုန်းမြေဂြိုလ်ကိုခေါ်သွားပြီး ရှီလိုင်ခဲ့အကယ်ဒမီမှာစမ်းသပ်မှုချင်တာ.... ရှီလိုင်ခဲ့အကယ်ဒမီကိုလည်း ဆက်သွယ်ထားတယ်။ သူတို့လည်း သဘောတူပြီးပြီ။”
ရှီလိုင်ခဲ့အကယ်ဒမီ ဟူသောအမည်ကိုကြားသောအခါ နာ့နာ့ မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။
“ငါမသွားလျင်းဘူး။ အေးချမ်းတဲ့ဘဝလေးမှာပဲ နေချင်တယ်။ ငါ့ကို မနှောင့်ယှက်နဲ့။”
ထိုစကားပြောပြီးနောက် သူမ လှည့်ထွက်သွားသည်။
ယွမ်ယန် သက်ပြင်းချလိုက်သည်။ အဖွဲ့ချုပ်သည် နာ့နာ့ အပေါ် အလွန်ညှာတာခဲ့သည်။ သူမ၏ အလွန်အန္တရာယ်များသော အနေအထားဖြစ်သောကြောင့် အဖွဲ့ချုပ်သည် သူမအပေါ် ကန့်သတ်ချက်များကို တိုးမြှင့်သင့်သည်ဟု ယွမ်ယန် ခံစားမိသည်။
ဒါပေမယ့် အဖွဲ့ချုပ်ကတော့ အဲဒီလိုမလုပ်ဘဲ ဆရာမအဖြစ်တောင် နေရာပေးခဲ့သည်။ endend……..