Chapters

အခန်း (၁၅၁)

Vol. 10 Ch. 151

အခန်း (၁၅၁)

Vol. 10 Ch. 151

ဤပြောင်းလဲမှုသည် ကောင်းကင်ဝိညာဥ်အကယ်ဒမီ မှ ဆရာများအားလုံးကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

ရလဒ်ကိုကြားလိုက်သည်နှင့် ကျီဟုန်ဘင်း ၏အမူအရာသည် စိတ်လှုပ်ရှားသွားသည့်အမူအရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

လန်ရွမ်းယုသည် ဝိညာဉ်စွမ်းအား အဆင့် 20 မကျော်ခင် အသက် 12 နှစ်ကျော်သွားမည်ကို ကျီဟုန်ဘင်း မူလက သူစိုးရိမ်ခဲ့သည်။ ယခု အခါသူသည် ဆယ်တစ်နှစ်ပင်မပြည့်သေး....ယခုအချိန်တွင် အခြေအနေများသည် လုံးဝကွဲပြားသွားသည်။

“အသက်ငယ်တော့ နည်းနည်းပိုကောင်းတာပေါ့...ဝိညာဉ်စွမ်းအား အဆင့် 20... ဟမ်... ဘာကြောင့် အဆင့် 21 မှာ မရှိတာလဲ..... မင်းမှာဒုတိယဝိညာဉ်ကွင်းရှိပြီလား...”

ဒါဟာလည်း နောက်ထပ်ထူးဆန်းတဲ့ အခြေအနေတစ်ခုပင်ဖြစ်သည်။

“ဟုတ် ရှိပါတယ်။” လန်ရွမ်းယု လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

“ဝိညာဥ်ရေးရာစွမ်းအား အမှတ် 499…”

ရွမ်းယုရဲ့ ဝိညာဉ်ရေးရာစွမ်းအားကို မြင်လိုက်ရတော့ ချန်းရိလိန် ထိတ်လန့်သွားခဲ့သည်။

ဒီကလေးမှာ အသက် ၁၁ နှစ်ပင် မပြည့်သေးပေမယ့် သူ့ရဲ့ ဝိညာဉ်ရေးရာ စွမ်းအားမှာ ဝိညာဉ်ပင်လယ်ဘုံ အနားကပ်နေပြီ “

“မင်းမှာ မင်းရဲ့ဒုတိယဝိညာဉ်ကွင်းရှိကြောင်း သက်သေပြဖို့အတွက် မင်းရဲ့သိုင်းဝိညာဉ်ကို ထုတ်ပါ”

“ဟုတ်” လန်ရွမ်းယုသည် သူ၏ ဘယ်ဘက်လက်တွင် ငွေရောင်ငွေပြာမြက်ကို အမြန်ထုတ်လိုက်ပြီး ထိုအရာနှင့်အတး အဝါရောင် ဝိညာဉ်ကွင်းနှစ်ကွင်း ပေါ်လာခဲ့သည်။

ချန်းရိလိန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ပြီးပြီ။ မင်းအောင်တယ်”

လန်ရွမ်းယုသည် စာမေးပွဲကို အောင်မြင်ခဲ့ပြီး နောက်တွင် ရပ်နေသော အထူးတန်းမှ ကျောင်းသားများလည်း လန့်နေသည်ကို မြင်လိုက်သည်။

လန်ရွမ်းယုသည် ဒုတိယဝိညာဉ်ကွင်းကို ရရှိခဲ့ရုံသာမက သူ၏ဆယ်နှစ်ဝိညာဥ်ကွင်းသည် နှစ်တစ်ရာဝိညာဥ်ကွင်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

အမှတ် 499 သို့ရောက်ရှိသွားသော သူ၏ဝိညာဉ်ရေးရာစွမ်းအားကရော

ဆိုလိုသည်မှာ လန်ရွမ်းယု သည် ဝိညာဥ်ပင်လယ်ဘုံအဆင့်သို့ရောက်တော့မည်ဖြစ်သည်။

စမ်းသပ်မှုအပြီးတွင် ကျောင်းအုပ်က ချန်းရိလိန်ကိုပြန်ပို့ကာ ကျီဟုန်ဘင်းကတော့ လန်ရွမ်းယုစီသို့ပြေးလာလေသည်။

“မင်းအသက်က ဘယ်လိုဖြစ်တာလဲ”

ကျီဟုန်ဘင်း မေးခွန်းထုတ်လိုက်သည်။

“ အဖေနဲ့အမေ ကျွန်တော့်ကို ကျောင်းမှာ စာရင်းသွင်းပေးတာပါ.... ဘယ်လိုဖြစ်တာလဲ မသိဘူး။”

တကယ်တော့ အသက်ကိစ္စမှာ ရွမ်းယုသိပြီးသားဖြစ်လေသည်။

ကျီဟုန်ဘင်း က မျက်မှောင်ကြုတ်ပြီး

“ဒါဆို မင်းရှေ့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ မင်း ယခုနှစ် စာမေးပွဲကို စွန့်လွှတ်နိုင်ပြီး နောက်နှစ်မှာ ထပ်ကြိုးစား။ ဒါမှမဟုတ် ဒီနှစ်ကို စမ်းကြည့်နိုင်တယ်။ မအောင်မြင်ရင်တောင်မှ နောက်နှစ်မှာ ပြန်ဖြေလို့ရတယ် ”

“ဒါဆို ကျွန်တော့်ကို ဆက်ပြီးကြိုးစားကြည့်မယ်”

ကျီဟုန်ဘင်း ခေါင်းညိတ်လိုက်သည်။

“အဲ့ဆိုသွား.... စာမေးပွဲကို ဆက်ဖြေ”

ဒီတစ်ကြိမ်မှာတော့ ရင်ထျန်းဖန် ဘာမှမဝင်မပြောနိုင်တော့ပေ။ လန်ရွမ်းယုက မှတ်ပုံတင်ထဲကထက် တစ်နှစ် ငယ်နေသည်။ လန်ရွမ်းယုအတွက် အခွင့်အရေးများစွာရှိသွားခဲ့သည်။ ရက်ရောသောအချိန်အခြေအနေအောက်တွင် သူလုံးဝစိတ်မပူပေ။ လန်ရွမ်းယုသာ သူနှင့်အတူ နောက်ထပ်တစ်နှစ် ဆက်လက်လေ့ကျင့်မည်ဆိုပါက၊ ထိုအချိန်တွင် သူမည်မျှ သန်မာလာမည်ကို မည်သူသိမည်နည်း။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားကာ..

ကောင်းကင်ဝိညာဥ်ဂြိုလ်တစ်ခုလုံးမှ ရွေးချယ်ထားသော အထူးတန်းကျောင်းသားများသည် ကွင်းထဲတွင်ရှိနေကြသည်။

ကျီဟုန်ဘင်း စင်မြင့်ပေါ်တွင် ရပ်ကာ သူ့ရှေ့မှ ကျောင်းသားများကို စူးစိုက်စိုက်ကြည့်နေသည်။

“ပထမဆုံးအနေနဲ့ ဒီ ပဏာမစာမေးပွဲကိုမင်းတို့အောင်မြင်တဲ့အတွက် အားလုံးကို ဂုဏ်ပြုချင်ပါတယ်။ နောက်စာမေးပွဲတွေမှာ ဘာတွေဖြစ်လာမလဲဆိုတာကို တစ်ချို့က ခန့်မှန်းပြီးသားဖြစ်မယ်ထင်ပါတယ်။ မင်းတို့အားလုံး ဒီနာမည်ကို အရင်က ကြားဖူးကြမှာပါ။ ဝိညာဥ်မာစတာတိုင်း သွားချင်သော နေရာ.. အဲဒီနေရာကတော့ ရှီလိုင်ခဲ့ပဲ”

ကျောင်းသားအများစုသည် ပဏာမစမ်းသပ်မှုမှာအဘယ့ကြောင့်ပြုလုပ်သည်ကိုမသိခဲ့ကြပေ။

ယခု ရှီလိုင်ခဲ့ ဟူသောအမည်ကို ထုတ်ဖော်လိုက်သောအခါတွင် အထူးတန်းအားလုံးမှကျောင်း သားများသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သမိုင်းကြောင်းအရ မူလ ရှီလိုင်ခဲ့မွန်းစတယ ခုနစ်ကောင်လုံးသည် နတ်ဘုရားများဖြစ်သွားကြသည်။ အထူးသဖြင့် ပင်လယ်နတ်ဘုရားထန်စန်းမှာ အထူးထင်ရှားသည်။

Endendm….