Chapters

အခန်း (၁၅၂)

Vol. 10 Ch. 152

အခန်း (၁၅၂)

Vol. 10 Ch. 152

“ဟုတ်တယ်....အခု မင်းတို့ဝင်ဖြေရမဲ့စာမေးပွဲက ရှီလိုင်ခဲ့ကကျင်းပတဲ့စာမေးပွဲပဲ။”

“ရှီလိုင်ခဲ့ က မင်းတို့ထင်တာထက် ဝင်ရခက်တယ်။ ရှီလိုင်ခဲ့အကယ်ဒမီက တစ်နှစ်လျှင် တစ်ကြိမ်ပဲ ကျောင်းသားသစ်စုဆောင်းပြီးတော့ ယခုတစ်ကြိမ်မှာတော့ အဖွဲ့ချုပ်တစ်ခုလုံးကနေ ခေါ်ယူတယ်။ တစ်နည်းဆိုရရင် အဖွဲ့ချုပ်လက်အောက်က ဂြိုဟ်တိုင်း မြို့တိုင်းအကယ်ဒမီတိုင်း ကျောင်းသားတိုင်း လျှောက်ထားနိုင်ပြီး စာရင်းသွင်းခွင့်ရှိတယ်။ တစ်နှစ်ကိုလျှောက်ထားတဲ့လူ ဘယ်လောက်ရှိလဲ မင်းတို့သိလား။ ပြောရရင် အနည်းဆုံး တစ်သန်းကျော်တယ်။ ရှီလိုင်ခဲ့အကယ်ဒမီရဲ့သတ်မှတ်ချက်တွေနဲ့ပြည့်မှီတဲ့ကျောင်းသားက လူပေါင်း တစ်သိန်းကျော်ရှိတယ်။ ရှီလိုင်ခဲ့အကယ်ဒမီက ခေါ်ယူမဲ့ ကျောင်းသား အရေအတွက်ကရော ဘယ်လောက်လို့ထင်လဲ......”

ကျီဟုန်ဘင်းက လက်သုံးချောင်းထောင်ကာ

( ကျီဟုန်ဘင်း အဖမ်းခံရတော့မှာပဲ)

“ကျောင်းသား ၃၀.... ကျောင်းသား လူ 30 ပဲ”

လူပေါင်းတစ်သိန်းထဲကနေ ကျောင်းသား ၃၀ပဲ....

အထူးတန်းမှ ကျောင်းသားအများအပြားရင်တထိတ်ထိတ်ဖြင့်နားထောင်နေကြသည်။

“ဒါကြောင့် နောက်ပိုင်းမှာ မင်းတို့ပါဝင်ရမဲ့ စာမေးပွဲမှာ လူပေါင်းတစ်သိန်းနဲ့ မင်းတို့ ယှဉ်ပြိုင်ရမယ်..... မင်းတို့လုပ်ရမှာက အခုကောင်းကင်ဝိညာဥ်ဂြိုလ်ရဲ့ထိပ်ဆုံး အယောက် ၁၀၀မှာဝင်ရမယ်...အဲ့တာမှနောက်တစ်ဆင့်ဆက်ဖြေလို့ရမယ်...... အဲ့တာကတော့ ပင်မဂြိုလ်ဖြစ်တဲ့ ဝိညာဉ်ကုန်းမြေဂြိုလ်မှာသွားဖြေရမယ်”

“မင်းတို့ ခေါင်းထဲမှာ မေးခွန်းတစ်ခုရှိနေနိုင်တယ် ...အကယ်ဒမီက မင်းတို့ကို ရှီလိုင်ခဲ့အကယ်ဒမီ ကိုပို့ဖို့ ဘာကြောင့် ဒီလောက်ကြိုးစားအားထုတ်နေ ရတာလဲ။ ငါတို့ရဲ့ ပန်းတိုင်က ဘာလဲဆိုတာ မင်းတို့ကို ငါပြောမယ်။ ပထမကတော့ ဒီစာမေးပွဲကမင်းတို့အတွက် အကောင်းဆုံးလေ့ကျင့်မှုဖြစ်လာလိမ့်မယ်။ မင်းတို့ကျရှုံးခဲ့ရင်တောင် မင်းတို့တိုးတက်ဖို့ အခွင့်ကောင်းတစ်ခုဖြစ်ပြီး မင်းတို့အားလုံးဟာ ငါတို့ရဲ့ ကောင်းကင်ဝိညာဥ်အကယ်ဒမီ မှာ အထူးချွန်ဆုံးကျောင်းသားတေေတွေ ဖြစ်လာလိမ့်မယ်။ ဒုတိယအနေနဲ့ မင်းတို့ထဲက တစ်ဦးဦးသာ ရှီလိုင်ခဲ့အကယ်ဒမီကို သိအမှန်တကယ်၀င်ရောက်နိုင်ပြီး တရားဝင်ကျောင်းသားဖြစ်လာရင် ကောင်းကင်ဝိညာဥ်အကယ်ဒမီကို ရှီလိုင်ခဲ့အကယ်ဒမီက ဆုချီးမြှင့်မှာဖြစ်တယ်။ အဲ့တာကတော့ ကောင်းကင်ဝိညာဥ်အကယ်ဒမီကဆရာတစ်ဦးက ရှီလိုင်ခဲ့အကယ်ဒမီမှာတစ်နှစ် လေ့ကျင့်ခွင့်ရမယ်... ဒါက ငါတို့လို အကယ်ဒမီအတွက် အရမ်းအကျိုးရှိတယ် “

“ဒါကြောင့် အကယ်ဒမီက မင်းတို့ကိုမျှော်လင့်ချက်ထားနေတာ..... မင်းတို့ဝိညာဥ်မာစတာကမ္ဘာမှာ နေရာကောင်းကောင်းရဖို့ မင်းတို့အကောင်းဆုံးကြိုးစားရမယ်။

“ နားလည်လား?”

“နားလည်ပါတယ်!” ကျောင်းသားများအားလုံး အော်ဟစ်လိုက်ကြသည်။

“ဆရာကျီ ဒါဆိုစာမေးပွဲက ဘယ်လိုမျိုးဖြေရမှာ လဲ” ကျောင်းသားတစ်ယောက်က ထမေးလေသည်။

“စာမေးပွဲစစ်ဆေးတဲ့နည်းလမ်းတွေက နှစ်တိုင်းကွဲပြားတာကြောင့် သေချာမသိရဘူး။ ဒါပေမဲ့ သေချာတာကတော့ လူသုံးဦးက အဖွဲ့တစ်ဖွဲ့အနေနဲ့ဖြေရမယ်။ အဲ့ဒါကြောင့် မင်းတို့ အထူးတန်းကို စစချင်းကတည်းက သုံးယောက်အုပ်စုဖွဲ့ခဲ့တာပဲ”

စတင်ပြီ.........

အထူးတန်းကျောင်းသားများသည် အခန်းတစ်ခုထဲသို့ဝင်သွားကြသည်။

လှပသော အမျိုးသမီးတစ်ဦးသည် ထိုအခန်းထဲတွင် ထိုင်နေလေသည်။

“အားလုံးပဲမင်္ဂလာပါ၊ ငါက လင်းရီရီပါ “

Endend….