အခန်း (၁၅၃)
Vol. 10 Ch. 153
ကျီဟုန်ဘင်းကလည်း ကျောင်းသားများနဲ့အတူလိုက်လာလေသည်။
ကျီဟုန်ဘင်းက သူမကို ခေါင်းညိတ်ပြ လိုက်ပြီး “မင်္ဂလာပါ.... ခုစာမေးပွဲမှာ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”
လင်းရီရီသည် ဖော်ရွေတဲ့ အပြုံးတစ်ခုဖြင့် ကျီဟုန်ဘင်းနောက်ရှိ ကျောင်းသား 21 ယောက်ကို ကြည့်လိုက်သည်။
“ရပါတယ်...ဒါက ငါ့တာဝန်ပါပဲ။ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ”
ထိုနောက် ကျီဟုန်ဘင်းမှလွဲ၍ ကျောင်းသားအားလုံး ပျောက်ကွယ်သွားခဲ့သည်။
……
မုကျုံးထျန်က “ဒီကလေးတွေ ကို ငါတကယ်အားကျတယ်.... ငါ ငယ်ငယ်တုန်းက ဒီအခွင့်အရေးမျိုး မရခဲ့ဘူး”
ကျီဟုန်ဘင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်ပြီး
“ အထူးတန်းကကျောင်းသားတွေသာ ရှီလိုင်ခဲ့အကယ်ဒမီကိုဝင်သွားခဲ့ရင် မင်းလည်း ရှီလိုင်ခဲ့မှာလေ့ကျင့်ခွင့် ရနိုင်မှာပါ။ မင်း တပည့်တွေအပေါ် ယုံကြည်မှုမရှိဘူးလား။”
မုကျုံးထျန် ပြုံးလိုက်သည်။
“ရှီလိုင်ခဲ့ရှေ့မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတယ်လို့ ဘယ်သူပြောရဲမှာလဲ။ ဒီကလေးတွေ ဝင်ခွင့်ရမယ်ထင်လား”
ကျီဟုန်ဘင်း ခေါင်းခါပြီး “ငါလည်း မပြောတတ်ဘူး”
“ဒါဆို ဘယ်အသင်းက ဝင်နိုင်မဲ့ အခွင့်အရေး အမြင့်မားဆုံးလို့ မင်းထင်လဲ”
“လန်ရွမ်းယုတို့ အဖွဲ့”
ကျီဟုန်ဘင်းထိုမျှသာပြောလိုက်သည်။
မုကျံးထျန် အံ့အားသင့်သွားသည်။
“လန်ရွမ်းယုတို့အဖွဲ့လား? ”
……..
အလင်းတန်းတစ်ခု လင်းလာပြီး လန်ရွမ်းယု နှင့် သူ့အတန်းဖော်များသည် တစ်နေရာတစ်ခုတွင်ပေါ် လာခဲ့သည်။
လင်းရီရီဟုခေါ်သော ထိုမိန်းကလေးက သူတို့ရှေ့တွင် ရပ်ကာ
“ကျောင်းသားတို့ ငါက ဒီအချိန်မှာ မင်းတို့ရဲ့ လမ်းပြပဲ။ မှတ်သားထားရမဲ့ အချက်အချို့ကို အခု ရှင်းပြပေးမယ်။ နောက်ပိုင်းဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ကြံ့ခိုင်မှုအပေါ်မှာပဲ မူတည်တယ်”
“မင်းတို့ရဲ့တာဝန်က ရှင်သန်ဖို့ပါပဲ”
“မင်းတို့ဟာ သုံးယောက်အဖွဲ့တစ်ဖွဲ့ ရမယ်...အခုဒီတောထဲမှာနေထိုင်တဲ့ ဝိညာဉ်သားရဲအချို့လည်းရှိတယ်... သူတို့က အရမ်းရန်လိုကြတယ်.....မင်းတို့ ကြာကြာ အသက်ရှင်လေ၊ မင်းတို့ရဲ့ရမှတ်က ပိုမြင့်လေပဲ။ ဝိညာဉ်သားရဲတစ်ကောင်ကို သတ်နိုင်ရင် ရမှတ်ပိုရမယ်..... မတူညီတဲ့ ဝိဥာဉ်သားရဲတွေအတွက် မတူညီတဲ့အမှတ်တွေကို ပေးတယ်။ မင်းတို့ကို ဝိညာဉ်သားရဲကပြန်သတ်လိုက်တယ်ဆိုရင်တော့ မင်းတို့ရဲ့စာမေးပွဲ အဆုံးသတ်ပြီလိုမှတ်လိုက်ပါ....ပီးရင်မင်းတို့ရခဲ့တဲ့အမှတိတွေကိုတွတ်ပေးလိမ့်မယ်”
ရှင်သန်ရမှာလား?
အထူးတန်း ကျောင်းသားများသည် လင်းရီရီပြောသမျှကိုနားလည်သဘောပေါက်သောကြောင့် ခေါင်းညိတ်လိုက်ကြသည်။
“စလိုက်ကြရအောင်၊ ကံကောင်းပါစေ”
ထိုစကားပြောပြီးနောက် လင်းရီရီပျောက်သွားလေသည်။ ထိုအချိန်တွင် တောကောင်ကြီးများ၏အသံများဆူညံလာလေသည်။
အံ့အားသင့်သွားပြီး အထူးတန်း ကျောင်းသားများသည် အသံလာရာဆီသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်သည်။
‘ဘာဖြစ်တာလဲ?’
“သတိထားပါ၊ အကုန်လုံး...ပုန်းကျတော့...”
ကျောင်းသားများအားလုံး လူများစတင်ကွဲသွားကြလေသည်။ ရောက်လာသောအရာများကတော့......
Endend……