Chapters

အခန်း (၁၅၄)

Vol. 10 Ch. 154

အခန်း (၁၅၄)

Vol. 10 Ch. 154

“ဝူးးးး”

မြေခွေးအုပ်ကြီးဖြစ်လေသည်။ အထူးတန်းကျောင်းသားများရှိရာသို့ ပြေးလာနေကြသည်။

အကောင် ၃၀မှ၄၀အထိရှိလေသည်။ ကျောင်းသားများသည် နီးသပ်ရာသစ်ပင် ကျောက်တုံးများပေါ်သို့တက်လိုက်ကြလေသည်။

ထိုအချိန်တွင် လုချန်းရွိမ်က ချက်ချင်း ဆုံးဖြတ်ချက်ချပြီး

“တောင်ထိပ်ကိုတက်ကြ ” အော်လိုက်လေသည်။ ထို့နောက်သူသည် ရှေ့ဆုံးမှပြေးသွားလေသည်။ သူတို့နှင့်မနီးမဝေးတွင် တောင်ကြီးတစ်ခုရှိလေသည်။ ကျောက်သားတောင်ကြီးဖြစ်လေသည်။ အခြားပြေးစရာမရှိသောကြောင့် ကျောင်းသားအားလုံးထိုတောင်ပေါ်သို့တက်ပြေးကြတော့သည်။ ထိုအခါမှ ပိုဆိုးသွားလေသည်။ မနီးမဝေးတောအုပ်ထဲမှ ချော်ရည်အိမ်မြှောင်ကြီးများထွက်လာလေသည်။ သို့သော် ထိုချော်ရည်အိမ်မြှောင်များမှာ အလွန်လျင်မြန်ခြင်းမရှိပေ။

ထိုအချိန်တွင် အန္တရာယ်ပေါ် အန္တရာယ်ဆင့်လေသည်။

“ဝူးးးး” ဒေါသတကြီး အော်ဟစ်သံတစ်ခုကိုကြားလိုက်ရ ပြန်သည်။ လန်ရွမ်းယု နဲ့ ကျန်လူများ ထိုအသံကြားသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

အဲ့ဒါဟာ…

ဧရာမအကောင်ကြီးတစ်ကောင်လေထဲတွင်ပေါ်လာပြန်သည်။

“အဲဒါကဘာကောင်ကြီးလာပြန်လဲ?”

ချန်းလိန်မထိန်းနိုင်ပဲ အော်လိုက်သည်။

၎င်းသည် အလွန်ကြီးမားသော ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည်။ နောက်ကျောတွင် အတောင်ပံတစ်စုံဖြင့် အလွန်လျင်မြန်စွာပျံသန်းလာလေသည်။

ထို ဝိညာဉ်သားရဲကို လန်ရွမ်းယု မမြင်ဖူးသေးသော်လည်း ၎င်းမှထုတ်လွှတ်ထားသည့် ရောင်ဝါကြောင့် အလွန်အန္တရာယ်များကြောင်းသိလိုက်ရလေသည်။

ထို ဧရာမ ဝိညာဉ်သားရဲသည် နှစ် တစ်သောင်းကျော် သက်တမ်းရှိပြီဟု မည်သူမဆို သိနိုင်သည်။ ထို့အပြင် ၎င်းသည် သာမန်နှစ်တစ်သောင်းသက်တမ်း ဝိညာဉ်သားရဲမဟုတ်သည်မှာ သေချာသည်။

ထို့နောက် ထိုဧရာမသားရဲကြီးသည် ဧရာမမီးလုံးကြီးများကိုမှုတ်ထုတ်လေသည်။

မီးလုံးကြီးသည် ကျောင်းသားများရှိရာသို့ရောက်လာလေသည်။

“ပြေး!”

ဘယ်သူ အော်ဟစ်လိုက်မှန်းမသိပေ ကျောင်းသားအကုန်လုံး တစ်ညီတစ်ညာထဲပြေးတော့သည်။ ဘာကိုမှဂရုမစိုက်နိုင်တော့ ထို မီးလုံးကြီးကို ရှောင်ရန်သာတွေးတော့သည်။ လန်ရွမ်းယုသည် ရွှေရောင်ငွေပြာမြက်ကိုထုတ်ကာ လျိုဖိန်ကိုအဆင့်မြှင့်ပေးလိုက်သည်။ ထို့နောက် လျိုဖိန်သည် သူ့ရဲ့ မြင့်မားလာသောအရှိန်ဖြင့် လန်ရွမ်းယုနှင့်ချန်းလိန်ကိုခေါ်ကာ တောင်ပေါ်သို့ပြေးတက်သွားလေသည်။

“ဝုန်း.....”

ကျယ်လောင်သောပေါက်ကွဲသံ နှင့်အတူ တောင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

လန်ရွမ်းယုသည် အပူချိန်ကို တွန်းလှန်ရန် ချန်းလိန် နှင့် လျိုဖိန် တို့အား ဖ ရေခဲအမှုန်အမွှားများဖြင့်ဖုံးလိုက်လေသည်။

လန်ရွမ်းယုသည် ရေခဲအလွှာတစ်ခုကိုဖန်တီးကာ သူတို့၏နောက်ကျောကိုကာကွယ်ထားလေသည်။

ထို့နောက် သူ့ရဲ့ ရွှေရောင်ငွေပြာမြက် ဒုတိယ ဝိညာဉ်စွမ်းရည်.....ရွှေခန္တာကိုယ်ကိုထုတ်လိုက်လေသည်။ ရွှေခန္တာကိုယ်မှာ ရွမ်းယု၏ခန္တာကိုယ်ကိုရွှေရောင်အလင်းများနှင့်အတူ ကာကွယ်ပေးလေသည်။

ထိုအချိန်တွင် အခြားအထူးတန်းကျောင်းသား များကို ရှာမတွေ့တော့ပေ။ ဧရာမမီးလုံးကြီးအား အခြားသူများ မည်သို့ကိုင်တွယ်ခဲ့သည်ကို သူ မသိပေ။

ထို့နောက် ရွမ်းယုသည် အခြားသောကျောင်းသားအချို့ကို သတိပြုမိခဲ့သည်။

တောင်ပေါ်သို့ပြေးတက်လာနေကြသည်။

အထူးသဖြင့် ပျံသန်းရာတွင် ကျွမ်းကျင်သော ကျင်းရှန်းတို့အဖွဲ့နှင့် လုချန်းရွိမ်တို့အဖွဲ့ကိုသူတွေ့လိုက်ရသည်။ အခြားအသင်းအချို့လည်းပြေးတက်လာနေသည်။

Endend…….