Chapters

အခန်း (၁၅၆)

Vol. 10 Ch. 156

အခန်း (၁၅၆)

Vol. 10 Ch. 156

ကျန်ခဲ့တဲ့သူများမှာ လန်ရွမ်းယုကို အလွန်ကျေးဇူးတင်နေကြသည်။

ထိုအချိန်တွင် လျိုဖိန်း၏ ဦးဆောင်မှုနောက်တွင် လန်ရွမ်းယုတို့အဖွဲ့သည် တောင်ထိပ်သို့ရောက်နေပြီဖြစ်သည်။

သို့သော် တောင်တစ်ဖက်ခြမ်းကိုမြင်လိုက်ရသောအခါ လန်ရွမ်းယုတို့အံ့သြ သွားသည်။

ချောက်ကမ်းပါးကြီးဖြစ်လေသည်။

အောက်ခြေတွင် ချော်ရည်အိမ်မြှောင်အမြောက်အမြားရှိနေခဲ့သည်။

“မြန်မြန်ဆင်း!”

လန်ရွမ်းယု ရုတ်တရက် အော်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် သူတို့အဖွဲ့သည် တောင်ထိပ်တွင်ရပ်နေသောကြောင့် ချော်ရည်မီးနဂါးသည် သူတို့အားမြင်သွားလေသည်။

ထို့နောက် ကြီးမားလှသော မီးလုံးကြီးနှစ်လုံးသည် တောင်၏ တစ်ဖက်တစ်ချက်စီမှ သူတို့စီသို့ ရောက်လာလေသည်။

လန်ရွမ်းယုသည် လျိုဖိန်းကိုထပ်မံအဆင့်မြင့်ပေးလိုက်သည်။ လျိုဖိန်သည် ချောက်ထဲသို့လျင်မြန်စွာခုန်ဆင်းသွားပြီး သူ၏ နဂါးဖြူလှံကို တောင်နံရံတစ်လျှောက်ထိုးသွင်းလိုက်လေသည်။ ထို့နောက်ငြိမ်သွားသောအခါ လန်ရွမ်းယုနှင့်ချန်းလိန်တို့လည်းခုန်ဆင်းကာ နဂါးလှံဖြူပေါ်တွင်သုံးယောက်သားကပ်နေလိုက်ကြသည်။

တစ်ဖက်တွင်၊ ကျင်းရှန်းတို့အဖွဲ့သည်လည်း အလားတူအခြေအနေနှင့် ရင်ဆိုင်နေရသည်။

ချော်ရည်မီးနဂါး၏ပါးစပ်မှ ချော်ရည်လုံးကြီးတစ်ခုထွက်လာကာကောင်းကင်ပေါ်သို့တက်သွားလေသည်။ ထို့နောက် ဥက္ကာခဲများကြွေကျသကဲ့သ်ို့ ချော်ရည်မိုးများရွာချလာတော့သည်။

တကယ်ကြောက်စရာကောင်းတဲ့ အကြီးစားတိုက်ခိုက်မှုပင်ဖြစ်သည်။

ထိုအရာကို ပထမဆုံးခံလိုက်ရသူမှာ တောင်ထိပ်တွင် ပျံဝဲနေသော ကျင်းရှန်တို့ အဖွဲ့ဖြစ်သည်။ သဲသဲမဲမဲရွာချနေသောချော်ရည်မိုးများသည် ကျင်ရှန်းတို့အဖွဲ့ကိုဖုံးသွားကာ ထိုအဖွဲ့ကို စားမေးပွဲမှထုတ်လိုက်လေသည်။

“တောင်ကမ်းပါနံရံတွေကို ကပ်ထား။ မြန်မြန်!”

လန်ရွမ်းယုတို့သည် အောက်သို့အနည်းငယ်ထပ်ဆင်းကာ ချောက်ကမ်းပါးတွင်တွဲလွဲခိုနေလိုက်လေသည်။ ထို့နောက် ရွှေရောင်ငွေပြာမြက်များကိုသုံးကာ ကမ်းပါးရစ်ပတ်ရင်းထိန်းထားလေသည်။ တောင်ထိပ်မှာမီးပင်လယ်ဖြစ်နေလေပြီ....

တောင်အောက်တွင်ကျန်နေသောအဖွဲ့များမှာလည်းကံမကောင်းခဲ့ကြပေ။ ယခုအခါ လန်ရွမ်းယုတို့အဖွဲ့နှငိ့ လုချန်းရွိမ်တို့အဖွဲ့သာကျန်တော့လေသည်။

ဒါက ရှီလိုင်ခဲ့ ရဲ့ စမ်းသပ်မှုပင်....

အပိုလုံးဝမရှိပေ......စလာကတည်းက အသက်ရှင်ရန်ရုံးကန်ခဲ့ရသည်။

လုချန်းရွိမ်တို့သည်လည်း ထိုအချိန်တွင် ကမ်းပါးတွင်ကပ်နေကြလေသည်။ အဘယ့်ကြောင့်ဆိုသော် လန်ရွမ်းယုတို့ခုန်ချသွားသည်ကိုသူတွေ့လိုက်သောကြောင့်ဖြစ်သည်။ လန်ရွမ်းယုသည် အကြောင်းမဲ့ခုန်ချမည်မဟုတ်ကြောင်းသူနားလည်လေသည်။ ထို့ကြောင့်အေခြအနေကိုသဘောပေါက်ကာ ကမ်းပါးသွားကပ်နေလိုက်သည်။

“လန်ရွမ်းယု ငါတို့ဘာဆက်လုပ်မလဲ။ မင်းမှာ အကြံရှိလား” လုချန်းရွိမ်က လန်ရွမ်းယုကို လှမ်းအော်လိုက်သည်။

စာမေးပွဲစတင်ချိန်မှစ၍ လန်ရွမ်းယုတို့အသင်းသည် မှန်ကန်သောရွေးချယ်မှုများကိုသာပြုလုပ်ခဲ့သည်။

“ငါလည်း မသိဘူး။ လောလောဆယ်တော့ ငါတို့ ပုန်းနေမယ်။ ငါတို့ ဒီမှာ ကြာကြာနေနိုင်လေ ငါတို့ရဲ့ ရလဒ်တွေက ပိုကောင်းလေပဲ မလား။”

လန်ရွမ်းယုတို့အဖွဲ့သည် ကမ်းပါးတွင်ခဏနားနေကြလေသည်။

Endend…..