အခန်း (၁၅၇)
Vol. 10 Ch. 157
ထိုအချိန် ရုတ်တရက် ချန်းလိန်က
“အပေါ်မှာ!”
လန်ရွမ်းယု နှင့် လျိုဖိန် တို့ တစ်ချိန်တည်းတွင်အပေါ်ကို မျှော်ကြည့်လိုက်ကြသည်။ ချော်ရည်အိမ်မြှောင်များသည် တောင်ထိပ်တွင် ပေါ်လာနေသည်။
ကမ်းပါးအောက်ခြေတွင်လည်း ချော်ရည်မီး
အိမ်မြှောင်များပြည့်နေလေသည်။
လန်ရွမ်း သည် အခြေအနေကို ချက်ချင်းနားလည်သည်။ ချော်ရည်အိမ်မြှောင်များတောင်ထိပ်ရောက်လာခြင်းသည် တောင်ပေါ်ရှိအခြားကျောင်းသားမှာအသတ်ခံလိုက်ရပြီဟုဆိုလိူခြင်းဖြစ်သည်။
‘ငါတို့တော့ ဒုက္ခရောက်ပြီ’
လျိုဖိန်နှင့် ချန်းလိန် တို့သည် ချက်ချင်းပင် လန်ရွမ်းယုကို လှည့်ကြည့်လိုက်သည်။
“ရွမ်းယု ငါတို့ဘာလုပ်မှာလဲ”
လျိုဖိန် မေးလိုက်သည်။
လန်ရွမ်းယု ၏ အတွေးများသည် အလွန်လျင်မြန်စွာ ပြေးနေပြီး ချက်ချင်းပင်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။
“လင်းရီရီက ဒီစာမေးပွဲမှာ ငါတို့ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်လဲဆိုတာကိုစစ်ဆေးတယ်လို့ပြောခဲ့တယ်.... အချိန်ကြာလေ ငါတို့ရရှိမဲ့ အမှတ်ပမာဏက များလေပဲ။ အမှတ်ရနိုင်တဲ့အခြားနည်းလမ်းကတော့ ဝိညာဉ်သားရဲတွေကိုသတ်တာပဲ’
‘ဒါပေမဲ့ အဲဒီချော်ရည်မီးနဂါးကို သတ်ဖို့က ငါတို့အသက်အရွယ်နဲ့မဖြစ်ဘူး။ ငါတို့ဘယ်လိုလုပ်မလဲ။ ရှင်းပါတယ်၊ ငါတို့က ကိုယ့်အစွမ်းအစကို အားကိုးလို့မရဘူးဆိုတော့ အဲ့နဂါးကို သတ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီအောက်ကချိုင့်ဝှမ်းထဲမှာရှိမှာပဲ “
ထို့ကြောင့် လန်ရွမ်းယု ၏ဆုံးဖြတ်ချက်မှာ...
“ငါတို့အောက်ကချိုင့်ဝှမ်းထဲဆင်းမယ်!”
“လျိုဖိန်!”
လျိုဖိန် သူ့ကို ထိတ်လန့်စွာ ကြည့်နေပေမယ့် နံရံထဲတွင် စိုက်ထားသော သူ့ရဲ့ နဂါးဖြူလှံကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုများအပြည့်ရှိသည်။ အရေးကြီးဆုံးမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိခြင်းပင်ဖြစ်သည်။ ရွမ်းယု သည် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း အကြိမ်ကြိမ်သက်သေပြခဲ့သည်။
ထို့ကြောင့် အဘယ်ကြောင့်အောက်သို့ဆင်းမည်ကို သူ နားမလည်သော်လည်း လျိုဖိန် သည် လန်ရွမ်းယု ၏ တောင်းဆိုချက်ကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ခဲ့သည်။
လျိုဖိန် သည် လန်ရွမ်းယု နှင့် ချန်းလိန် တို့ကို သယ်ဆောင်ပြီး အရှိန်ပြင်းပြင်းဖြင့် တောင်ပေါ်မှ ခုန်ဆင်းသွားခဲ့သည်။
“သူတို့ ရူးသွားပြီလား” ရဲလင်းတုံ သည် ရွမ်းယုတို့ သုံးယောက်သား ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။
သို့သော် လုချန်းရွိမ်ကတော့ ချီတုံချတုံ ဖြစ်နေသည်။ လန်ရွမ်းယုနောက်သို့လိုက်မည်ဆိုပါက သူတို့လည်းဆင်းရမည်ဖြစ်သည်။
လုချန်းရွိမ်တို့အဖွဲ့သည် ငြိမ်နေချိန်တွင် လန်ရွမ်းယုတို့အဖွဲ့သည် တောင်ခြေရင်းသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။
မြေပြင်သို့ နီးကပ်လေလေ ချော်ရည်အိမ်မြောင်များ ပိုများလေဖြစ်သည်။
“ပြေးမယ်.....အကောင်တွေနဲ့ဝေးလေ ပိုကောင်းလေပဲ” “အိမ်မြှောင်တွေကို တတ်နိုင်သမျှရှောင်ကြ”
“နားလည်ပြီ!”
လျိုဖိန်က ရှေ့မှဦးဆောင်ကာ ရွမ်းယုတို့အဖွဲ့သည် လွတ်ရာသို့ပြေးလေသည်။ endend….