Chapters

အခန်း (၁၅၈)

Vol. 10 Ch. 158

အခန်း (၁၅၈)

Vol. 10 Ch. 158

သူတို့ပြေးနေစဥ် ချော်ရည်မီးနဂါးကြီးသည် ဒုတိယမြောက် ချော်ရည်မိုးကိုထုတ်လိုက်လေသည်။

‘ငါတို့သေပြီ ငါတို့သေပြီ!’

ချော်ရည်မိုးများကျလာပြန်သည်။ လန်ရွမ်းယုတို့သည် အရှိန်ပိုတင်ကာပြေးရတော့သည်။

ထိုအချိန်တွင် လန်ရွမ်းယုတို့သည် နောက်ထပ်ချော်ရည်မီးနဂါးကြီးတစ်ကောင်ရှေ့မှစောင့်ကြိုနေသည်ကို တွေ့လိုက်ရသောအခါ အံ့သြသွားခဲ့တော့သည်။

လျိုဖိန်သည် အံသွာများကိုကြိတ်ကာ ထိုချော်ရည်မီးနဂါးစီသို့ တည့်တည့်တိုက်ခိုက်ရန်ပြင်ဆင်လိုက်လေသည်။ သို့သော် လန်ရွမ်းယုသည် အရာတစ်ခုကိုသတိထားမိသွားသည်။ ပထမချော်ရည်မီးနဂါးလွှတ်လိုက်သော ချော်ရည်မိုးအား ဒုတိယ ချော်ရည်မီးနဂါးက ဂရုပင်မစိုက်ပေ။ ချော်ရည်အိမ်မြှောင်များသာရုန်းရင်ဆန်ခက်ထွက်ပြေးနေလေသည်။

“လျိုဖန် မီးနဂါးရဲ့အောက်ကိုသွား”

လန်ရွမ်းယု အော်ပြောလိုက်သည်။

လန်ရွမ်းယု၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် လျိူဖိန်၏ မျက်လုံးများ တောက်ပလာသည်။ မီး နဂါးသည် ချော်ရည်မိုးကိုထုတ်ပြီးပါက ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ကြာချိန်မှာ စက္ကန့် 20 ခန့်ဖြစ်ကြောင်း ရွမ်းယု တွေးဆခဲ့သည်။ ဆိုလိုသည်မှာ ထိုစက္ကန့် 20 အတွင်း အလုံခြုံဆုံးနေရာသည် မီးနဂါး၏ ၏ဗိုက်အောက်တွင် ဖြစ်သည်။

လုချန်းရွိမ်တို့ကတော့ တောင်အောက်သို့ရွေးချယ်စရာမရှိဆင်းလာနေပြီဖြစ်သည်။

ကံကောင်းထောက်မစွာ ရွမ်းယုတို့အား မီးနဂါးကသတိမပြုမိပေ။ သုံးယောက်သား နဂါးကြီး၏ဗိုက်အောက်တွင်ဝင်ခိုလိုက်ကြသည်။

“ငါတို့ အခု ဘာလုပ်မှာလဲ”

ချန်းလိန်က တိုးတိုးလေးပြောသည်။

သူတို့ သုံးယောက် ထွက်သွားဖို့ လမ်းမရှိနေခဲ့ပေ။

လန်ရွမ်းယုက

“ အန္တာရယ်အရှိဆုံး နေရာက အလုံခြုံဆုံးပဲ။

မီးနဂါးအောက်ကနေလိုက်သွားမယ်.....သူ့ခန္ဓာကိုယ်ကကြီးတော့ ငါတို့ကိုသတိထားမိမှာမဟုတ်ဘူး..... ပြီးတော့ ငါတို့ လွတ်ဖို့ အခွင့်အလမ်းရှာမယ်။”

“ကောင်းပြီ!”

ချော်ရည်မီးနဂါးခြေလှမ်းလှမ်းတိုင်း မြေကြီးပင်တုန်သွားလေသည်။ ထိုအချိန်တွင် အကြောင်းတစ်ခုခုကြောင့် ထန်လီ အာကာသယာဉ်ကို ခြေဖြင့်နင်းလိုက်သည့် မြင်ကွင်းနှင့် ရုတ်ချည်းပေါ်လာသော ရွှေနဂါးရှစ်ကောင်ကို လန်ရွမ်းယုတွေးနေမိသည်။ ထို့နောက် အစပိုင်းတွင်ပေါ်လာသော

ရွှေနဂါးမှာလည်း ထန်လီနှင့်သက်ဆိုင်နိုင်သည်ဟု တွေးနေမိသည်။

အချိန်တစ်ခုကြာပြီးနောက်

“ပြင်ဆင်ထား လျိုဖိန်”

ရွမ်းယု တိုးတိုးလေးပြောလိုက်သည်။

“သူ့ဘယ်ခြေနောက်ကနေထွက်ပြေးမယ်။ ”

“ကောင်းပြီ” လျိုဖိန် ချက်ခြင်း သဘောတူလိုက်သည်။

Endend……