Chapters

အခန်း (၁၅၉)

Vol. 10 Ch. 159

အခန်း (၁၅၉)

Vol. 10 Ch. 159

“ သွားမယ်!”

ရွမ်းယု၏အော်သံနှင့်အတူ သူံးယောက်သာ ပြေးထွက်သွားခဲ့သည်။

ချက်ချင်းအဝေးသိူ့ရောက်သွားကာ သူတို့အားစောင့်ကြိုနေသော ချော်ရည်အိမ်မြှောင်အုပ်ကြီးကိုတွေ့လိုက်ရသည်။

“ချန်းလိန် ခေါ်ဖို့ အဆင်သင့်ပဲလား”

“အင်း!”

ချန်းလိန် သည် ချက်ချင်းပင် သူ၏ ဆင့်ခေါ် ဒင်္ဂါးသိုင်းဝိညာဉ်ကို ထုတ်လိုက်သည်။

ထိုအချိန်တွင် တောင်ပံခတ်သံကိုကြားလိုက်ရလေသည်။ထိုအရာကတော့ ပထမချော်ရည်မီးနဂါးမှာ သူတို့ရှိရာသို့လာနေခြင်းဖြစ်လေသည်။

တစ်ဖွဲ့လုံး ချက်ခြင်းတုန်လှုပ်သွားခဲ့သည်၊ သူတို့၏ ဝိညာဉ်များသည် သူတို့ကိုယ်ခန္ဓာမှ လွင့်ထွက်သွားသလိုပင်.....

ထိုအပြင် ခုဏက ချော်ရည်မီးနဂါးမှာလည်း မြေပြင်ပေါ်တွင်လျှောက်လာလေသည်။ ချော်ရည်နဂါနှစ်ကောင်.......

ဒီတောင်ကို ရွမ်းယုတို့ကျော်နိုင်ပါ့မလား.....

အမှန်မှာ စာမေးပွဲသည်ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဒုတိယအဆင့်၏ အဓိကပြောင်းလဲမှုမှာ လူသားအရေအတွက်မည်မျှပင်ရှိစေကာမူ ချော်ရည်မီးနဂါးများသည် ထိုလူများကို တိုက်ခိုက်မည်ဖြစ်သည်။

ချော်ရည်မီးနဂါးနှစ်ကောင်သည် မီးလုံးနှစ်လုံးကိုရွမ်းယုတို့ထံပစ်လိုက်လေသည်။

“ရှောင်ကြ!”

လန်ရွမ်းယု မီးပွင့်လုနီးပါးအော်လိုက်လေသည်။

ပထမချော်ရည်မီးနဂါးသည် လုချန်းရွိမ်တို့အဖွဲ့က်ုလည်းထုတ်လိုက်ပြီးဖြစ်သည်။

“ မြန်မြန်ခေါ်တော့!”

လျိုဖိန်က လမ်းတစ်လျှောက်ရှိ အိမ်မြှောင်များကိုတိုက်ခိုက်ရင်းအော်နေလေသည်။

ဆင့်ခေါ်ယူခြင်း...... ပထမဦးဆုံးဝိညာဉ်စွမ်းရည်......ဆင့်ခေါ်ခြင်းတံခါး........

တံခါးပေါ်လာသောအခါ လန်ရွမ်းယုသည် ရွှေရောင်ညာလက်ဖြင့် တံခါးဘောင်ကိုကိုင်လိုက်သည်။

လန်ရွမ်းယုသည် သူတို့နှင့်မနီးမဝေးတွင် ချော်ရည်ကန်တစ်ခုကို တွေ့လိုက်ရသည်။

ရွမ်းဘေးနားမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။သားရဲတစ်ကောင်သည် ဆင့် ခေါ်ခြင်းတံခါးမှာ တွားသွားထွက်လာသည်ကို တွေ့လိုက်ရသည်။ အကြမ်းဖျင်းအားဖြင့် ခုနှစ်မီတာရှည်လျားပြီး သံနက်ရောင်အကြေးခွံများပါရှိသည်။ အဝါရောင် မျက်လုံးတစ်စုံသည် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သံမဏိကျောခုံးနဂါး.....

၎င်းသည်မပျံသန်းနိုင်သောမြေနဂါးအမျိုးအစားဖြစ်သည်။

ကြီးမားသော ခွန်အားကိုပိုင်ဆိုင်ထားပြီး အနီးကပ် တိုက်ခိုက်ရေး တိုက်ပွဲများတွင် အလွန်ကျွမ်းကျင်သည်။

ရွမ်းယု သက်ပြင်းတစ်ချက်ချလိုက်သည်။ အကျွမ်းတဝင်ရှိသော ဝိညာဉ်သားရဲကို ခေါ်ယူနိုင်ခြင်းသည် လက်ရှိအခြေအနေတွင်တော်တော်အဆင်ပြေလေ သည်။ ၎င်းတို့သည် သံမဏိကျောခုံးနဂါး ၏အ စွမ်းများကို အလွန်ရှင်းလင်းစွာ သိထားပြီး ၎င်း၏စွမ်းရည်များကို အသုံးချရန်သာ လိုအပ်လေသည်။

“ချန်းလိန်.........မင်း နဂါးပေါ်တက်ထိုင်ပြီးရှေ့ကိုပဲတည့်တည့်သွား... ...လျိုဖိန် နဲ့ ငါက မင်းနောက်က လိုက်လာမယ်။”

ချန်းလိန် သည် နဂါးကျောပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလေသည်။ သံမဏိကျောခုံးနဂါး သည် သူ၏ ဆင့်ခေါ်ထားသော သားရဲဖြစ်သောကြောင့် သူ့အား လုံးဝ နာခံလေသည်။

“ချော်ရည်ကန်ကိုသွား!”

လန်ရွမ်းယု အော်ဟစ်လိုက်သည်။

ခုနစ်မီတာရှည်သော သံမဏိကျောခုံးနဂါးအား ချော်ရည်အိမ်မြှောင်များကတိုက်ခိုက်သော်လည်းအရာမထင်ပေ။ လမ်းကြိတ်စက်ကဲ့သ်ို့ သံမဏိကျောခုံးနဂါးသည် လမ်းကြောင်းကို ပိတ်ဆို့ထားသည့် ချော်ရည်အိမ်မြှောင်များအားလုံးကို နင်းခြေသွားလေသည်။ လန်ရွမ်းယုနှင့်လျိုဖ်ိန်တို့မှာ ဘေးတစ်ဖက်စီမှလိုက်လာလေသည်။

လမ်းတွင်သတ်နိုင်မျှ ချော်ရည်အိမ်မြှောင်များကိုသတ်လိုက်ကြသည်။

“ဗွမ်း”

မီးလုံးကြီးတစ်ခုပေါက်ကွဲသွားလေသည်။ ချော်ရည်မီးနဂါးနှစ်ကောင်မှာ သူတို့နောက်ကလိုက်လာချေပြီ.......

Endend……