အခန်း (၁၆၀)
Vol. 10 Ch. 160
သူတို့သည် ချော်ရည်ကန်တစ်ခုနားတွင်ရှိနေခဲ့သည်။ ထိုရေကန်မှလွဲ၍ အခြားမည်သည့်အရာကိုမှ မတွေ့ရပေ။
“ရွမ်းယု...ဘယ်လိုလုပ်ကြမလဲ”
လျိုဖိန်နှင့်ချန်းလိန်တို့ ပြိုင်တူပင်မေးလိုက်ကြသည်။ ယခုအချိန်တွင် သူတို့ရဲ့နောက်ထပ်လုပ်ဆောင်ရမယ့်လမ်းစဉ်ကို ဆုံးဖြတ်ရန် အဓိကဖြစ်သည့်ရွမ်းယုကို လိုအပ်လာသည်။
ဒီစာမေးပွဲကို ဒီဇိုင်းဆွဲသူသည် ၎င်းတို့အား ထွက်ပေါက်တစ်ခု အမှန်တကယ် မထားခဲ့တာလား....
ထိုသို့ဆိုလျှင်..... မတူညီသောဝိညာဉ်သားရဲများအတွက် မတူညီသောအမှတ်များကို ပေးသည်ဟု လင်းရီရီက အဘယ်ကြောင့်ဆိုရခဲ့သနည်း.....
ဤနေရာတွင် ဝိညာဉ်သားရဲ အမျိုးအစား နှစ်မျိုးသာ ရှိခဲ့သည်။ ချော်ရည်အိမ်မြှောင်များနှင့် ချော်ရည်မီးနဂါးများသာရှိသည်။ ဆိုလိုသည်မှာ ထိုချော်ရည်မီးနဂါးများကို သတ်နိုင်ရန်မှာ အမှန်တကယ်ဖြစ်နိုင်ချေရှိသည်။
သို့သော် ကွင်းခုနစ်ကွင်းရှိသော ဝိညာဉ်မာစတာပင် ထိုနဂါးကို အနိုင်ယူနိုင်မည်မဟုတ်ပေ.... ပျမ်းမျှအားဖြင့် အသက် 12 နှစ်သာရှိသေးသော ဤလူငယ်များကိုကတော့တွေးစရာပင်မလို......
‘ဒါဆို ဒီနဂါးတွေကိုသတ်နိုင်တဲ့အခွင့်အရေးရှိရမယ်! ဒါပေမဲ့ အဲ့တာက ဘယ်မှာလဲ’’
လန်ရွမ်းယု ဘာမှ မပြောဘဲ ပတ်ပတ်လည်ကို ကြည့်နေခဲ့သည်။ သို့သော် ချော်ရည်ကန်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေ့ရပေ။ ချော်ရည်အိမ်မြှောင်များသည် ထိုကန်ထဲမှအဆက်မပြတ်ထွက်လာနေလေသည်။
နေပါဦး!
တစ်စုံတစ်ခုကို ရိပ်မိသွားသောအခါ လန်ရွမ်းယု ၏ မျက်လုံးများ တောက်ပလာသည်။
အိမ်မြှောင်တွေက ချော်ရည်ကန်ထဲက ဘာလိုထွက်လာတာလဲ။ ၎င်းတို့သည် 10 နှစ်သို့မဟုတ် အများစုမှာ နှစ် 100 သာရှိသော ဝိညာဉ်သားရဲများသည်။ ထိုအကောင်များသည် ချော်ရည်ရဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိကြလား။ ဘယ်လိုဖြစ်နိုင်မှာလဲ..... နှစ် 1000 သက်တမ်းရှိသော ဝိညာဉ်သားရဲများပင် ချော်ရည်ကန်ထဲတွင် ရှင်သန်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ချော်ရည်ကန်သည် တစ်စုံတစ်ရာ မှားယွင်းနေသည် ဆိုလိုနိုင်သည်။
ဒါက စာမေးပွဲကို ဒီဇိုင်းရေးဆွဲသူ ချန်ထားခဲ့တဲ့ အခွင့်အရေးပဲ......
“မြန်မြန်၊ ချော်ရည်ကန်ထဲကို ဝင်ကြမယ် ဝင်လိုက်ရုံပဲ” ရွမ်းယုပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပင်ချော်ရေကန်ထဲကို ခုန်ဆင်းသွားခဲ့သည်။
ချန်းလိန်နှင့်လျိုဖိန်တို့၏မျက်လုံးများပြူးထွက်သွာသည်။
‘အဲဒါ ချော်ရည်ကန်လေ ! ဘယ်လိုဆင်းလို့ဖြစ်နိုင်မှာလဲ’
ချော်ရည်မှာအတုဖြစ်နေလေသည်။ အထဲတွင်ရေများသာဖြစ်လေသည်။ ရွမ်းယုပြန်ပေါ်လာကာ ချန်းလိန်နှင့် လျိုဖိန်တို့ကိုဆွဲခေါ်လိုက်သည်။ တစ်ဖက်တွင်အလွန်ကြီးမားသော ကန်နားကိုရောက်လာနေပြီဖြစ်သည်။ သို့သော် သံမဏိကျောခုံးနဂါးကတော့ ချော်ရည်ကန်ထဲသို့ဆင်းရန်ငြင်းဆန်နေလေသည်။ ထိုအပြင် ထိုနဂါးသည် ချော်ရည်မီးနဂါးနှစ်ကောင်းကိုရင်ဆိုင်ရန်
လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ချန်းလိန်သည် သူဆင့်ခေါ်ထားသော သတ္တဝါနှင့် အဆက်အသွယ် ပြတ်သွားတော့မည်ဖြစ်ကြောင်းသိလိုက်သည်။
သူတို့ ထာဝရ ရေကန်ထဲတွင် အသက်အောင့်မထားနိုင်ပေ!
အများဆုံး ငါးမိနစ်ခန့်သာ ရနိုင်သည်။
သို့သော် သူတို့ ရေပေါ်သို့ပြန်ပေါ်လာသည်နှင့် ချော်ရည်မီနဂါးများက သတ််မည်ဖြစ်သည်။
ချော်ရည်မီးနဂါးနှစ်ကောင်သည် ချော်ရည်ကန်ထဲသို့ဆင်းမလာပေ။
ဆိုလိုသည်မှာ ထိုမီးနဂါးနှစ်ကောင်သည် ချော်ရည်ကန်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ သုံးယောက်သား ရင်တွင်းထဲ သက်ပြင်းချလိုက်မိသည်။
ဤကဲ့သို့ ပြင်းထန်သော စမ်းသပ်မှုတွင်၊ တစ်စက္ကန့်ပိုကြာရှည်စွာ ခံနိုင်ရည်ရှိခြင်းက ၎င်းတို့၏ အမှတ်များကို တိုးစေနိုင်သည်၊ ထို့ကြောင့် ငါးမိနစ်သည် အလွန်ကောင်းမွန်သော ရလဒ်ဖြစ်နေပြီဖြစ်သည်။
ထိုခဏ၌ပင် မြေပြင်သည် တဖန်တုန်ခါလာပြီး ကျယ်လောင်သော ဟိန်းသံများသည် နေရာအနှံ့ ပဲ့တင်ထပ်လာသည်။
ထို့နောက် ရွမ်းယုတို့ချော်ရည်ကန်အပြင်ဘက်ကိုကြည့်လိုက်ရာ တုန်လှုပ်ရတဲ့ အကြောင်းရင်းကို ချက်ချင်းတွေ့လိုက်ရသည်။
တိုက်ခိုက်စရာလူမရှိတော့သော ချော်ရည်မီးနဂါးနှစ်ကောင်သည် အချင်းချင်းပြန်တိုက်ခိုက်နေကြလေသည်။
နှစ်ကောင်စလုံးသည် အရွယ်အစားမှာအားလုံးနီးပါးတူညီကြပြီး တိုက်ခိုက်မှုများလည်းတူကြသည်။
ကန်စပ်တစ်ခုလုံး မီးပင်လယ် ဖြစ်သွားပြီဖြစ်သည်။ လျိုဖိန်နှင့်ချန်းလိန်တိို့ကတော့ ရွမ်းယုကိုအထင်ကြီးနေကြသည်။ ချော်ရည်ကန်ထဲမှာပုန်းဖို့ ရွမ်းယုသာစဥ်းစားမိသည်။ ထို့နောက် ရွမ်းယု၏မျက်လုံးများတောက်ပနေသည်ကိုတွေ့လိုက်ရသည်။
အခွင့်အရေးရောက်လာပြီ!
“ချန်းလိန် မင်းရဲ့ ဒုတိယ ဝိညာဥ်စွမ်းရည်ကို အဆင်သင့်ပြင်ထား.....ပြီးတော့ ငါအချက်ပြတာကို စောင့်”
“ဘာလုပ်ဖို့စီစဉ်ထားလို့လဲ” ချန်းလိန်က သံသယနဲ့ မေးလိုက်သည်။
လန်ရွမ်းယု၏ မျက်နာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
“ငါတို့ အကျိုးရှိဖို့ပါ!”
Endendm……