← Chapters

အခန်း (၁၅၅)

Vol. 10 Ch. 155

အခန်း (၁၅၅)

Vol. 10 Ch. 155

“ရွမ်းယု အဲဒါကဘာအကောင်ကြီးလဲ”

ချန်းလိန်က ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်သည်။

“ဒီဝိညာဉ်သားရဲကို ငါလည်းမသိဘူး။ ချော်ရည်အိမ်မြှောင်ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ဝိညာဉ်သားရဲဖြစ်နိုင်တယ်။ အတောင်တွေလည်းရှိပြီးတော့ ကိုယ်ခန္ဓာကို အနီရောင်အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတယ်။ သူ့မှာ နဂါးသွေးသာရှိတယ်ထင်တယ်..... “

လန်ရွမ်းယုသည် ထိုသားရဲနှင့်ပတ်သက်ပြီး သူသတိထားမိသမျှကိုခွဲခြမ်းစိတ်ဖြာပြ ခဲ့သည်။

ချော်ရည်မီးနဂါး.... ဤသည်မှာ ရွမ်းယုပေးထားသောအမည်ဖြစ်သည်။

ချော်ရည်မီးနဂါးသည် ပြေးနေသောကျောင်းသားအုပ်ကြီးကိုကြည့်နေလေသည်။

“ဝူးးးး” နောက်ထပ် ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ချော်ရည်မီးနဂါးသည် ၎င်း၏ ပါးစပ်ကို ဖွင့်လိုက်ပြီး ဒုတိယ ဧရာမ မီးလုံးကြီးကို ကျောင်းသား အုပ်စုလေးစုဆီသို့ပစ်လွှတ်လိုက်လေသည်။ ကျန်အဖွဲ့များမှာ ချော်ရည်အိမ်မြှောင်များကိုတိုက်ခိုက်နေသောကြောင့် တောင်ပေါ်သို့ရောက်လာသည်မှာ ရွမ်းယုတို့အဖွဲ့နှင့် ကျန်သူံးဖွဲ့သာ......

ရွမ်းယု သည် ရုတ်တရက် အကြံတစ်ခုရသွားပြီး သူတို့အားတောင်ပေါ်သို့ပြေးရန် ကူညီပေးနေသော လျိုဖိန် အား

“မြန်မြန်၊ ငါတို့အဖွဲ့နဲ့ ကျင်းရှန်...လုချန်းရွိမ်တို့အဖွဲ့တွေနဲ့ ခပ်ဝေးဝေးဖြစ်အောင်လုပ်လိုက်....ချော်ရည်မီးနဂါးက လူပိုများတဲ့ နေရာတွေကို တိုက်ခိုက်ရတာပိုကြိုက်ပုံရတယ်”

သုံးဖွဲ့နှင့်လေးဖွဲ့တွင် ထိုချော်ရည်မီးနဂါးသည် အဖွဲ့လေးဖွဲ့ရှိရာကိုတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ကျန်မြေပြင်ပေါ်ရှိ အဖွဲ့သုံးခုကို တိုက်ခိုက်ဖို့ ကြည့်ရန်ပင် စိတ်၀င်စားပုံမရပေ.....

အစုအဖွဲ့နှစ်ခုကြား ကွာခြားချက်မှာ....

လူအရေအတွက်ဖြစ်သည်။

လျိုဖိန်သည် လန်ရွမ်းယု၏ဆုံးဖြတ်ချက်များကို အမြဲယုံကြည်ခဲ့သည်။ လျိုဖိန်သည်တောင်ထိပ်သို့ မတက်တော့ဘဲ အခြားဘက်သို့ ပြေးနေသည်။

“ဗွမ်း.....”

ဒုတိယမီးလုံးသည် ပေါက်ကွဲသွားပြန်သည်။ ကြောက်စရာကောင်းသော မီးလှိုင်းများ လှုပ်ခတ်သွားကာ ချော်ရည်အိမ်မြှောင် အများအပြားပင် လွင့်ထွက်သွားသည်။ ထိုမီးလူံးပေါက်ကွဲရာမှာ ချော်ရည်အိမ်မြှောင်များကိုတိုက်ခိုက်နေသော ကျောင်းသား စုစုပေါင်း ၁၂ ရှိရာနေရာတွင်ဖြစ်ပြီး.... ခုနစ်ဦးသည် မီးလှိုင်းကို ချက်ချင်းခုခံနိုင်ခဲ့ပြီး... ကျန်လူအားလုံးမှာ ပေါက်ကွဲမှုကြောင့် နေရာအနှံ့ ပြန့်ကျဲလွင့်သွားခဲ့သည်။

ထိုလွင့်သွားသောကျောင်းသားများမှာ စာမေးပွဲမှထွက်ခွာသွားရပြီဖြစ်သည်။

ချော်ရည် မီးနဂါးသည် တောင်ထိပ်ကို မျှော်ကြည့်လိုက်သည်။

ပထမတော့ လန်ရွမ်းယုတို့အဖွဲ့ကိုကြည့်သော်လည်း စိတ်ဝင်စားပုံမရပေ။ လုချန်းရွိမ်နှင့် ကျင်းရှန်တို့အဖွဲ့ကိုသာစိတ်ရောက်သွားလေသည်။ ကျင်းရှန်သည် လုချန်းရွိမ်တို့အဖွဲ့နောက်မှ ရည်ရွယ်ချက်ရှိရှိလိုက်နေခြင်းဖြစ်သည်။ သန်မာသူကိုသူအားကိုးခြင်းဖြစ်သည်။ ထို့ကြောင့် လန်ရွမ်းယုတို့အဖွဲ့သည် ကျန်အဖွဲ့များနှင့်ဝေးသွားသည်ကိုပင် သတိမထားမိခဲ့ကြပေ။

ထိုနောက် တတိယမီးလုံးကြီးသည် ကျင်းရှန်နှင့်လုချန်းရွိမ်တို့ခြောက်ယောက်ဆီ တိုက်ရိုက်ပျံသန်းလာခဲ့သည်။

လန်ရွမ်းယုသည် ထိုနဂါး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။ မီးလုံးများ ထွက်လာတာကို မြင်လိုက်ရသောအခါ သူ့ခန့်မှန်းချက်မှန်ကြောင်းသိလိုက်သည်။

“လူခွဲတော့ မြန်မြန်ခွဲ...... အားလုံးပဲ....လူခွဲလိုက်ရင် အဲ့နဂါးကတိုက်ခိုက်တော့မှာမဟုတ်ဘူး!”

ရွမ်းယုသည် ကျောင်းသားများကြားအောင် အစွမ်းကုန် အော်ဟစ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးသည် သုံးနှစ်ခွဲကြာအောင်ကျောင်းအတူတူတက်ခဲ့ကြတဲ့ အတန်းဖော်တွေ ဖြစ်နေဆဲပင်.....

သူတို့ဆီ ဦးတည်လာတဲ့ မီးလုံးကြီးကို မြင်လိုက်ရသောအခါ လုချန်းရွိမ်တို့ ကြောက်လန့်သွားကြသည်။ ထို့နောက် လန်ရွမ်းယု၏အသံကိုကြားလိုက်ရကာ သူ့ဘေးရှိ ရဲလင်းတုံနှင့် ချန်ကျင်းရီအား

“လူခွဲလိုက်တော့.....!”

မီးတောက်လူံးကြီးသည် ထိုအခါ လုချန်းရွိမ်တို့ကိုမထိတော့ပဲ ကျောက်တုံးကြီးတစ်တုံးကိုထိမှန်သွားလေသည်။

ထိုအချိန်တွင် လန်ရွမ်းယုတို့သည် အခြားလမ်းကြောင်းမှတောင်ထိပ်သို့တက်နေပြီဖြစ်သည်။

“လန်ရွမ်းယုရဲ့ပညာကတော့တကယ် အံ့သြစရာပဲ!”

လန်ရွမ်းယုသာအော်မပြောပါက သူတို့အဖွဲ့လူခွဲမည်မဟုတ်ပေ။

လန်ရွမ်းယု၏အော်သံက ဤကျန်ရှိသူများကို ကယ်တင်ခဲ့သည်မှာ သေချာခဲ့သည်။

တောင် အောက်ခြေတွင် ကျန်ခဲ့တဲ့ လူငါးယောက်ကလည်း လူများခွဲကာနေလိုက်သည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပျက်ခဲ့သည်။

သူတို့အားလုံး လူစုခွဲပြီးနောက်...

ကြီးမားသောချော်ရည်မီးနဂါးကြီးသည် ၎င်းတို့ကို မကြည့်တော့ပေ။ ၎င်း၏ ကြီးမားသော မီးလုံးများ ပစ်လွှတ်လိုက်သော်လည်း ထိုတိုက်ခိုက်မှုအားလုံးသည် ၎င်း၏အနီးတစ်ဝိုက်ရှိ မြေပြင်ရှိချော်ရည်အိမ်မြှောင်များအပေါ်သို့သာဖြစ်သည်။

လန်ရွမ်းယုသည် ကျောင်းသားများကိုကယ်တယ်ခဲ့လေသည်။

ချော်ရည်မီးနဂါး သည် ၎င်းတို့အား တိုက်ခိုက်မည်မဟုတ်တော့ပေ.....

Endend…….

All Chapters