← Chapters

အခန်း (၁၅၀)

Vol. 10 Ch. 150

အခန်း (၁၅၀)

Vol. 10 Ch. 150

လန်ရွမ်းယု ကုတင်ပေါ်ရောက်သည်နှင့် တန်းအိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက်....

ချန်းလိန် သူ့ကို နှိုးလေသည်။

“သွားကြစို့၊ ပဏာမ စမ်းသပ်မှုက ဒီနေ့ပဲ... သွားရအောင်”

ထို့နောက်အိပ်ယာထက လျိုဖိန် ..ချန်းလိန်တို့နှင့်အတူ လေ့ကျင့်ရေးကွင်းကြီးသို့ လိုက်သွားခဲ့သည်။

အထူးတန်းကျောင်းသား ၂၁ ဦးကို တန်းစီနေလေသည်။ သုံးနှစ်ကြာပြီးနောက် အထူးတန်းတွင်မူလ လူ ၃၀ မှ ၂၁ဦးသာကျန်တော့လေသည်။

ရှေ့ဆုံးတွင်ရပ်နေသောသူမှာ အတန်းခေါင်းဆောင် လုချန်းရွိမ် ဖြစ်သည်။

လန်ရွမ်းယုက နောက်ဆုံးတွင် ရပ်လိုက်ရသည်။ သူ၏ ဝိညာဥ်စွမ်းအားသည် အညံ့ဆုံးဖြစ်သောကြောင့် သူ့တွင် ရွေးချယ်စရာမရှိပေ။ ကျောင်းသားများသည် ဝိညာဥ်စွမ်းအားများအတိုင်း တန်းစီထားသည်။

မုကျုံးထျန်ရှေ့တွင်ရပ်နေသည်။ ကျီဟုန်ဘင်း....ရင်ထျန်းဖန် နှင့် အထူးတန်း မှ ဆရာများလည်းရှိနေခဲ့ကြသည်။ ဆရာများကလည်း အရမ်းစိတ်လှုပ်ရှားနေပုံရသည်။ သူတို့အားလုံးက ဒီပဏာမစမ်သပ်မှုက ဘာအတွက်လဲဆိုတာ သိထားကြသည်။

ထိုအချိန်မှာပင် လေ့ကျင့်ရေးကွင်းကြီး အ၀င်ဝတွင် လူနှစ်ယောက် ဘေးချင်းကပ်လျက် ဝင်လာလေသည်။ ဘယ်ဘက်ရှိလူသည် ကောင်းကင်ဝိညာဥ်အကယ်ဒမီ၏ဥက္ကဌ ကျန်းကျီခိုင် ဖြစ်သည်။

သူသည် နိုင်ငံရေး အသိုင်းအဝိုင်းတွင် နေရာရထားသူဖြစ်သည်။ သူနှင့်အတူ လိုက်ပါလာသောလးကတော့ လူငယ်တစ်ဦးပင် စူးရှသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများကိုပိုင်ဆိုင်ထားသော ထိုလူသည် အသက် ၂၅ နှစ် သို့မဟုတ် ၂၆ နှစ်ဝန်းကျင်ဟု ထင်ရသည်။ အရပ်ရှည်ရှည် သွယ်လျသော သူ့မျက်နှာတွင် ဖော်ရွေသော အပြုံးတစ်ခုဖြင့်......

“ ကျောင်းအုပ် ” ရင်ထျန်းဖန် နှုတ်ဆက်လိုက်သည်။

ကျန်းကျီခိုင် ပြုံးလိုက်ပြီး

“မင်းတို့အားလုံး..ဒီနေ့စမ်းသပ်မှုကို ကောင်းကောင်းဖြေနိုင်မယ်လို့ မျှော်လင့်တယ်။ ပြီးတော့ ရှီလိုင်ခဲ့ အတွင်းစည်း တပည့် ချန်ရီလိန်နဲ့ အားလုံးကို မိတ်ဆက်ပေးပါရစေ။”

‘အတွင်းစည်းတပည့်’ ဟူသော စကားကိုကြားတော့ ကျီဟောင်ဘင်း၏ မျက်လုံးများတွင် အနည်းငယ်မနာလိုသေယ အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ချန်းရီလိန် အနည်းငယ် ခေါင်းညိတ်ပြီး

“မင်္ဂလာနံနက်ခင်းပါ ဆရာတို့။ စီနီယာ ရင်ထျန်းဖန် နဲ့ စီနီယာ ကျီဟုန်ဘင်း မလား။ မင်္ဂလာနံနက်ခင်းပါ စီနီယာအကိုတို့”

ရင်ထျန်းဖန် က “ငါက ကျောင်းထုတ်ခံလိုက်ရတာပါ တရားဝင်ဘွဲ့ရ မဟုတ်ဘူး၊ ဒါကြောင့် ‘စီနီယာ’ ဆိုတဲ့အဆင့်အတန်းနဲ့ ငါနဲ့မထိုက်တန်ဘူး။”

“မင်းက ဖော်ရွေတာပဲ ဂျူနီယာလေး...မင်္ဂလာပါ....”

ကျီဟုန်ဘင်း က ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ချန်းရီလိန် က ကျန်းကျိခိုင် ဘက်လှည့်ပြီး “ကျောင်းအုပ်ကျန်း... စကြရအောင်။”

“ကောင်းပြီ၊ ကျေးဇူးပြုပြီး”

“ဟယ်လို အားလုံးပဲ ငါ ချန်းရီလိန် ပါ။ ဒီနေ့ ပဏာမ စမ်းသပ်ချက်က အလွန်ရှင်းပါတယ်။ အဓိကအားဖြင့် မင်းတို့ရဲ့အသက်၊ ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်ရေးရာ စွမ်းအားကိုစမ်းသပ်မယ်....အဲ့တာပါပဲ ..အဓိက လိုအပ်ချက်ကတော့ အသက် 12 နှစ်နှင့်အောက်ရှိသူများက ဝိညာဉ်စွမ်းအား အဆင့် 20 နဲ့အထက်ရှိဖို့ လိုအပ်တယ်..... အဆင့် 30 နဲ့ အထက်ရှိတဲ့ အသက် 13 နှစ်အရွယ်ကျောင်းသားတွေကိုလည်း ခြွင်းချက်တစ်ခုအနေနဲ့လက်ခံမယ်...အခု စမယ်။ ဘယ်ဘက်ကနေ စလိုက်ရအောင်”

လုချန်းရွိမ်သည် ပထမဆုံး စမ်းသပ်ခံရသူဖြစ်သည်။ “

“စိတ်ကို အေးအေးဆေးဆေးထားပါ”

ချန်းရိလိန် ပြုံးလိုက်သည်။ သတ္တုဘောလုံးတစ်ခုပေါ်လာပြီး လုချန်းရွိမ် ၏ ဦးခေါင်းထက်တွင် ရပ်တန့်သွားသည်။

“အသက် ၁၃ နှစ်၊ ဝိညာဥ်စွမ်းအား... အဆင့် ၃၃၊ ဝိညာဉ်ရေးရာစွမ်းအား ၂၄၁ မှတ်.. ပဏာမစမ်းသပ်မှုအောင်မြင်....”

‘ပဏာမစမ်းသပ်မှု အောင်မြင်’ ဟူသော စကားကိုကြားလိုက်ရသောအခါ လုချန်းရွိမ် သည် သူ၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ပေ......

“ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ် ဆရာ............”

ချန်းရိလိန် ပြုံးပြီး

“နောက်တစ်ခုယောက်”

ပဏာမစမ်းသပ်မှုသည် မျှော်လင့်ထားသည်ထက် ပိုမိုလွယ်ကူခဲ့သည်။ ကျောင်းသားအားလုံး ကို သတ္တုဘောလုံးဖြင့် စကန်ဖတ်ကာစမ်းသပ်ခြင်းဖြစ်သည်။

လျိုဖိန်နှင့်ချန်းလိန်တိို့လည်းအောင်မြင်ခဲ့သည်။

လုချန်းရွိမ် မှလွဲ၍ ကျန်သူများမှာ အသက် 12 နှစ်သာရှိသေးသည် ။

နောက်ဆုံးတစ်ယောက်.......

နောက်ဆုံးတွင် လန်ရွမ်းယု ၏အလှည့်ဖြစ်သည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ?”

“ကျနော့်နာမည်က လန်ရွမ်းယုပါ”

ထို့နောက် သတ္ထုဘောလုံးဖြင့်စမ်းသပ်လေရာ

ချန်းရိလိန်အံ့သြသွားခဲ့သည်။

“ဘာ အသက် 10 နှစ် ဟုတ်လား? မင်းက အသက် 11 နှစ်တောင် မပြည့်သေးဘူးလား”

ချန်းလိန် အံ့သြစွာမေးလိုက်သည်။

လန်ရွမ်းယု အနည်းငယ် တုန်လှုပ်သွားသည်။ အစပိုင်းတွင် အသက်အကဲဖြတ်ခြင်းကို သူဂရုမစိုက်ခဲ့ပေ။ သို့သော် ဤစစ်ဆေးမှုသည် သူ၏အသက်အစစ်အမှန်ကို ဖော်ထုတ်သွားခဲ့သည်။

“ကျနော်… ရက်ပိုင်းအတွင်းမှာ ၁၁ နှစ်ပြည့်တော့မှာပါ”

အမှန်ပင် သူ ၁၁ နှစ်ပြည့်တော့မည်ဖြစ်သည်။

ထိုအခါ ချန်းရိလိန် မျက်ခုံးပင့်ကာ

“ဒါပေမယ့် မင်းရဲ့ မှတ်ပုံတင်ဖောင်မှာ မင်းက မကြာခင် အသက် 12 နှစ် ပြည့်တော့မယ်လို့ ပြောထားတယ်။ တစ်နှစ် ဘာကြောင့်ကွာနေ ရတာလဲ။”

လန်ရွမ်းယု ခေါင်းကုတ်ပြီး

“ဖေဖေနဲ့မေမေ ကျွန်တော့်ကို စာရင်းသွင်းတုန်းက မှားတာဖြစ်နိုင်တယ်”

Endendn……..

All Chapters