အခန်း (၁၄၉)
Vol. 10 Ch. 149
“နတ်ဘုရားအဆင့်ဝိညာဥ်မာစတာ ဒါမှမဟုတ် စကားလုံးခြောက်လုံးတိုက်ပွဲသံချပ်မာစတာရဲ့ အရှိန်အဟုန်က ပင်မအာကာသယာဥ် ထက် ပိုမြန်မှာ သေချာတယ်။ မင်းသဘောတူလား”
ရင်ထျန်းဖန် တိတ်ဆိတ်နေသည်။ ကျီဟုန်ဘင်းပြောသည်မှာအမှန်ပင်ဖြစ်သည်။
လူသားတစ်ဦး၏ စွမ်းရည်သည် အဆုံးမရှိလုနီးပါးဖြစ်သည်။ မိခင်ဝိညာဥ်ကုန်းမြေဂြိုလ်၏ ဆင့်ကဲပြောင်းလဲလာချိန်မှစ၍ လူသားတို့၏ ဝိညာဥ်စွမ်းအား သည် အဆင့် 99 ကန့်သတ်ချက်မှ အဆင့် 120 အထိ တိုးလာခဲ့သည်။ စကားလုံးလေးလုံးတိုက်ပွဲ သံချပ်များသည် ထိုအချိန်က အမြင့်ဆုံးအဆင့်ဖြစ်ခဲ့သော်လည်း ယခုအခါ စကားလုံးခြောက်လုံးအထိ တိုးလာခဲ့သည်။ တကယ်တော့ လူသားတွေရဲ့ကမ္ဘာမှာ အစွမ်းအထက်ဆုံးသည် တိုက်ပွဲသံချပ်ကာမာစတာများပင်ဖြစ်သည်။ ဒီ အာကာသယာဉ်စုတစ်ခုသည် နတ်ဘုရားအဆင့် တိုက်ပွဲသံချပ်ကာမာစတာအုပ်စုနှင့် ရင်ဆိုင်ရပါက တိုက်ပွဲသံချပ်ကာမာစတာအုပ်စုပင် အနိုင်ရမည်ဖြစ်သည်။
“ထိပ်တန်း တိုက်ပွဲသံချပ်ကာမာစတာတွေ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်း သိထားသင့်တယ်။ ငါတို့က သက်သေမရှိလို့ မဖစ်နိုင်ဘူးလို့ မဆိုလိုဘူး၊ ဒါကြောင့် နားမလည်တာတွေကို မပြောနဲ့ ဖက်တီး”
ကျီဟုန်ဘင်း ၏လှောင်ပြောင်သံကိုကြားတော့ ရင်ထျန်းဖန် က
“မင်း မြင်ဖူးလို့လား.... မင်းအခု စကားလုံးခြောက်လုံးတိုက်ပွဲသံချပ်ကာမာစတာတွေ အကြောင်းပြောနေပေမဲ့ စကားလုံးခြောက်လုံးတိုက်ပွဲသံချပ်ကာမာစတာ ဒါမှမဟုတ် အဆင့် 110 နဲ့ အထက် ဝိညာဥ်မာစတာကို မင်းတွေ့ဖူးလို့လား “
ထိုအခါ ကျီဟုန်ဘင်း “မင်းသတ္တိရှိရင် ရှီလိုင်ခဲ့မှာ အဲ့စကားကို သွားပြောစမ်းပါ၊ မင်းကို ဟိုကတစ်ယောက်ချင်းစီထွက်လာပြီး ရိုက်ပြသွားလိမ့်မယ်”
ရင်ထျန်းဖန် က “ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ရွမ်းယုကို ရှီလိုင်ခဲ့က အာကာသယာဥ်ဋ္ဌာနကိုပဲသွင်းမယ်.... ”
ကျီဟုန်ဘင်း မျက်ခုံးပင့်လိုက်သည်။
ထိုအချိန်
“ဆရာ ရင်၊ ကျွန်တော် အာကာသကွပ်ကဲဋ္ဌာနကိုလည်း ဝင်နိူင်နေပြီဆိုတော့.... အခုရက်ပိုင်း ဆရာကျီစီကလည်း ဆက်သင်ချင်ပါတယ် “
ကျီဟုန်ဘင်း ၏ မျက်လုံးများ တောက်ပလာလေသည်။
“ကောင်းတယ်၊ ကောင်းတယ် ကောင်းတယ်။ ဖက်တီး ၊ မင်း ဘာပြောနိုင်ဦးမှာလဲ “
ကျီဟုန်ဘင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လန်ရွမ်းယုကို သူ့ဘေးသို့ ဆွဲထုတ်လိုက်လေ သည်။
ရင်ထျန်းဖန်မှာ မကျေမနပ်ဖြစ်သွားခဲ့သည်။
“ရွမ်းယု မင်း ဆေးမှားသောက်မိတာလား။ မင်းအခု ဘယ်လိုစမ်းသပ်မှုမျိုး ကြုံရမယ်ဆိုတာ မင်း သိလို့လား”
လန်ရွမ်းယု ခေါင်းညိတ်ပြီး
“ရှီလိုင်ခဲ့အကယ်ဒမီရဲ့ကျောင်းသာရွေးချယ်မှု မလား”
ရင်ထျန်းဖန် အံ့အားသင့်သွားသည်။
“မင်းတကယ်သိတယ်လား။ ဘယ်က ပေါက်ကြားသွားတာလဲ။ ရှီလိုင်ခဲ့ကဒါကိုမကြေညာသေးဘူး...ငါတို့ကကျောင်းသားဟောင်းတွေမလို့သိတာ ”
“အခြားဆရာတစ်ယောက်ဆီက ကြားတာပါ”
“ဆရာရင်၊ စိတ်မဆိုးပါနဲ့။ ကျနော် အာကာသယာဥ်ဋ္ဌာနကို သေချာပေါက်ဝင်နိုင်မယ်လို့ ဆရာပြောပြီးပြီပဲ....ကျနော် တိုက်ပွဲသံချပ်ကာကိုလည်း အရမ်းစိတ်ဝင်စားတယ်...အဲ့ကြောင့် စမ်းကြည့်ပါရစေ။ ရမလား?”
“မရဘူး” “အခု ရှီလိုင်ခဲ့ ရဲ့ အာကာသယာဥ်သင်တန်းမှာ စာရင်းသွင်းနိုင်ရင် ဘယ်လိုပြောင်းလဲသွားမလဲ မင်းသိလား။ ဒါကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး။ မင်းပြိုင်ရမှာ အဖွဲ့ချုပ်တစ်ခုလုံးရဲ့ လက်ရွေးစင်တွေကိုပဲ..... အဖွဲ့ချုပ်မှာ မင်းလိုမျိုစွမ်းအားက သိပ်မရှိလို့ မင်းကိုမင်း အရမ်းထူးချွန်တယ်လို့ မထင်လိုက်နဲ့။”
“ကောင်းပါပြီ၊ သူ့ကို ကြောက်အောင် ချဲ့ကားနေတာ ရပ်လိုက်”
“ဒီလိုလုပ်ရအောင် ငါ သူ့ကို နေ့စဉ် နှစ်နာရီကြာ အာကာသယာဥ် မောင်းနှင်ခွင့်ပြုမယ်။ သူက မင်းရဲ့မျှော်လင့်ချက်တင်မကဘူး၊ ငါ့ရဲမျှော်လင့်ချက်လည်းဖြစ်တယ်။ ဖက်တီး...မင်း သိပ်တစ်ကိုယ်ကောင်းဆန်လို့မရဘူးလား။ ဒီအခွင့်အရေးကို ရှာတွေ့ဖို့ ငါလည်း အချိန်တော်တော်ရှာခဲ့ရတာပါ။”
နောက်ဆုံးတော့ “မင်း အရမ်း ရက်စက်တာပဲ။ မင်းသူ့ဆီက သင်ပြီးရင် ငါ့ကိုရှာပါ”
ထို့စကားအား လန်ရွမ်းယုကိုပြောပြီး နောက် ရင်ထျန်းဖန် ထွက်ခွာသွားသည်။
ကျီဟုန်ဘင်းသည် ရင်ထျန်းဖန် ထွက်သွားတာကိုကြည့်ပြီး လန်ရွမ်းယုရဲ့ ပုခုံးတွေကို သဘောကျစွာ ပုတ်လိုက်သည် ။
“ တိုက်ပွဲသံချပ်ကာမာစတာ တွေအပေါ် မင်းရဲ့ စိတ်ဝင်စားမှုက တိုးလာပုံပဲ “
“ဒါဆို မင်းပိုကြိုးစားရမယ်...
သွားကြရအောင်၊ ငါတို့ အခုစမယ်”
ရွမ်းယုသည် ထမင်းစားချိန်သာနားခဲ့ပြီး နေ့တိုင်းလေ့ကျင့်ရေးဆင်းခဲ့ရသည်။ ကျီဟုန်ဘင်းနှင့် ရင်ထျန်းဖန်တို့ကလည်း အကောင်းဆုံးဆိုသောအရာများကိူသာ ကျွေးမွေးခဲ့သည်။
……..
“ကောင်းပြီ၊ မင်း အခုညတော့ ရှစ်နာရီပြည့်အောင် အနားယူရမယ်။ တရားထိုင်ဖို့မလိုဘူး။ ကောင်းကောင်းအိပ်ပါ၊ “
ကျီဟုန်ဘင်းက လန်ရွမ်းယုအား ပြောလိုက်သည်။
“ဆရာကျီ ပဏာမစမ်းသပ်မှုက ဘယ်တော့စမှာလဲ ။ ဘယ်မှာကျင်းပတာလဲ”
ကျီဟုန်ဘင်း က
“မနက် ကိုးနာရီမှာစပြီး ပဏာမစာမေးပွဲကို ငါတို့ကျောင်းမှာပဲ ကျင်းပလိမ့်မယ်။ အထူးတန်းကကျောင်းသားတွေပဲ ပါဝင်လိမ့်မယ်။ ပဏာမစမ်းသပ်ချက်ကညအလွန်လွယ်ကူတယ်၊ ပဏာမစမ်းသပ်မှုပြီးတာနဲ့ ကျန်တာဆက်တွေ ဖြေရမယ်”
“ဟုတ်”
Endend……